မြိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်နိုင်သည့် အခြေ အနေများကြောင့် ဒေသခံများနေအိမ်များမှတိမ်းရှောင်နေရ

0
124

မြိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်နိုင်သည့် အခြေ အနေများကြောင့် ဒေသခံများနေအိမ်များမှတိမ်းရှောင်နေရ

မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်း၌ ဇန်နဝါရီ ၁၀ ရက်နေ့မှစတင်ကာ တိုက်ပွဲထပ်မံဖြစ်ပွားနိုင်သည့်အခြေအနေများရှိနေသဖြင့် ဒေသခံ များနေအိမ်များမှတိမ်းရှောင်နေရလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“မြိုင်မြို့နယ်ထဲမှနေတဲ့လူဦးရေ ၄ ပုံလောက်ထဲက ၁ ပုံလောက်ကစပြီးတိမ်းရှောင်နေကြတာ ထပ်ပြီးရှောင်ဖို့လူတွေလည်းများလာတယ် အခြေအ နေကဒီထက်ပိုဆိုးလာရင်တော့ အကုန်လုံးနီးပါးရှောင်ဖို့အခြေအနေရှိတယ်”ဟုစစ်ဘေးရှောင်ဒေ သခံတစ်ဦးကပြောသည်။

မြိုင်မြို့နယ်အတွင်း၌ ကျေးရွာအုပ်စုပေါင်း ၈၀ ကျော်အတွင်း ကျေးရွာပေါင်း ၃၀၀ ကျော် ရှိကာယခုတိမ်းရှောင်နေသည့် ရွာသူ၊ရွာသားများသည် ကျေးရွာ ၁၀၀ ကျော်မှဖြစ်သည်။

“လတ်တလောကတော့ တိုက်ပွဲအခြေအနေမရှိတဲ့ နီးစပ်တဲ့နေရာတွေကိုရှောင်နေကြရတယ် ဆွေမျိုးတွေရှိတဲ့လူတွေကလည်း ဆွေမျိုးတွေအိမ်ပေါ့ ဆွေမျိုးမရှိတဲ့လူတွေကြတော့လည်း ဘုန်းကြီး ကျောင်းတွေ ကွင်းပြင်နေရာလွတ်တွေမှာ ယာယီ တဲတွေထိုးပြီးနေကြရတာပေါ”ဟုစစ်ဘေးရှောင်ဒေသခံတစ်ဦးကပြောသည်။

မြိုင်မြို့နယ်အတွင်းမှ ဒေသခံများမှာ နေအိမ်များအားစွန်ခွာထွက်ပြေးနေရသဖြင့် ယာယီတဲဆောက်လုပ်နေထိုင်ရသူများတွင် ချက်ပြုတ်စားသောက်ရန် အိုးခွက်ပုဂံများလည်း လိုအပ်လျက်ရှိကာ အချို့စစ်ဘေးရှောင်များမှာသယ်ယူလာသည့် အိုးခွက်များအားဝေမျှသုံးစွဲနေရကြောင်း သိရသည်။

Zaw Gyi

 

ၿမိဳင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲျဖစ္ႏိုင္သည့္ အေျခ အေနမ်ားေၾကာင့္ ေဒသခံမ်ားေနအိမ္မ်ားမွတိမ္းေရွာင္ေနရ

မေကြးတိုင္း၊ၿမိဳင္ၿမိဳ႕နယ္အတြင္း၌ ဇန္နဝါရီ ၁၀ ရက္ေန႔မွစတင္ကာ တိုက္ပြဲထပ္မံျဖစ္ပြားႏိုင္သည့္အေျခအေနမ်ားရွိေနသျဖင့္ ေဒသခံ မ်ားေနအိမ္မ်ားမွတိမ္းေရွာင္ေနရလ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ၿမိဳင္ၿမိဳ႕နယ္ထဲမွေနတဲ့လူဦးေရ ၄ ပုံေလာက္ထဲက ၁ ပုံေလာက္ကစၿပီးတိမ္းေရွာင္ေနၾကတာ ထပ္ၿပီးေရွာင္ဖို႔လူေတြလည္းမ်ားလာတယ္ အေျခအ ေနကဒီထက္ပိုဆိုးလာရင္ေတာ့ အကုန္လုံးနီးပါးေရွာင္ဖို႔အေျခအေနရွိတယ္”ဟုစစ္ေဘးေရွာင္ေဒ သခံတစ္ဦးကေျပာသည္။

ၿမိဳင္ၿမိဳ႕နယ္အတြင္း၌ ေက်း႐ြာအုပ္စုေပါင္း ၈၀ ေက်ာ္အတြင္း ေက်း႐ြာေပါင္း ၃၀၀ ေက်ာ္ ရွိကာယခုတိမ္းေရွာင္ေနသည့္ ႐ြာသူ၊႐ြာသားမ်ားသည္ ေက်း႐ြာ ၁၀၀ ေက်ာ္မွျဖစ္သည္။

“လတ္တေလာကေတာ့ တိုက္ပြဲအေျခအေနမရွိတဲ့ နီးစပ္တဲ့ေနရာေတြကိုေရွာင္ေနၾကရတယ္ ေဆြမ်ိဳးေတြရွိတဲ့လူေတြကလည္း ေဆြမ်ိဳးေတြအိမ္ေပါ့ ေဆြမ်ိဳးမရွိတဲ့လူေတြၾကေတာ့လည္း ဘုန္းႀကီး ေက်ာင္းေတြ ကြင္းျပင္ေနရာလြတ္ေတြမွာ ယာယီ တဲေတြထိုးၿပီးေနၾကရတာေပါ”ဟုစစ္ေဘးေရွာင္ေဒသခံတစ္ဦးကေျပာသည္။

ၿမိဳင္ၿမိဳ႕နယ္အတြင္းမွ ေဒသခံမ်ားမွာ ေနအိမ္မ်ားအားစြန္ခြာထြက္ေျပးေနရသျဖင့္ ယာယီတဲေဆာက္လုပ္ေနထိုင္ရသူမ်ားတြင္ ခ်က္ျပဳတ္စားေသာက္ရန္ အိုးခြက္ပုဂံမ်ားလည္း လိုအပ္လ်က္ရွိကာ အခ်ိဳ႕စစ္ေဘးေရွာင္မ်ားမွာသယ္ယူလာသည့္ အိုးခြက္မ်ားအားေဝမွ်သုံးစြဲေနရေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here