ဆရာတော်နဲ့ သရုပ်ဆောင်မင်းဘုန်းမြတ်တို့ရဲ့ အလှူ

0
196

ဆရာတော်နဲ့ သရုပ်ဆောင်မင်းဘုန်းမြတ်တို့ရဲ့ အလှူ

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၇ရက်နေ့က ဆရာတော်နဲ့ သရုပ်ဆောင်မင်းဘုန်းမြတ်တို့ဟာ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီးတိုက်နယ်ရှိ ဒေါင့်ကြီး၊ အစုကြီး၊ သောင်တန်း၊
ကိုင်းတောမ၊ တောတန်းလေး၊ ကွမ်းခြံကုန်း၊ စာဖြူစု၊ ကွမ်းယားစောင်း၊ ကင်မလင်းကုန်း၊ ကြာဂရက်၊ လက်ပံစု၊ ဆက်ဂေါင်းအစရှိတဲ့ရွာတွေက အိမ်ထောင်စု (၈၁၀) တို့ကို လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

ဆန်၊ ကြက်သွန်၊ အရသာမှုန့်၊ ဆား၊ ပိတ်စ စတာတွေပါဝင်လှူဒါန်းခဲ့ပြီး ဆရာတော်ရဲ့ပုံမှန်ပြုလုပ်နေတဲ့ တစ်လတစ်ကြိမ်လှူဒါန်းမှုမှာ မင်းဘုန်းမြတ်လည်းပါဝင်ခဲ့တာလို့သိရပါတယ်။

ယခုအလှူနဲ့ပတ်သက်ပြီး သရုပ်ဆောင်မင်းဘုန်းမြတ်က “အဓိကကတော့ ဘုန်းဘုန်းရဲ့ဦးဆောင်မှုနဲ့လိုက်ဖြစ်တဲ့သဘောပါ၊ ဘုန်းဘုန်းကတစ်လတစ်ခါလှူနေကျလေ၊ ရှေ့အခေါက်တွေထဲကခေါ်တယ်မအားတာနဲ့မသွားဖြစ်ဖူး၊ ဒီတစ်ခေါက်တော့ နိုင်သလောက်အလှူလေးပါဝင်ချင်တာနဲ့ လူကိုယ်တိုင်သွားရောက်လှူဒါန်းဖြစ်တာပါ” လို့ပြောပြထားပါတယ်။

Zaw Gyi

ဆရာေတာ္နဲ႔ သ႐ုပ္ေဆာင္မင္းဘုန္းျမတ္တို႔ရဲ႕ အလႉ

ၿပီးခဲ့တဲ့ဇန္နဝါရီလ ၁၇ရက္ေန႔က ဆရာေတာ္နဲ႔ သ႐ုပ္ေဆာင္မင္းဘုန္းျမတ္တို႔ဟာ ဧရာဝတီတိုင္း၊ ေက်ာင္းကုန္းၿမိဳ႕နယ္၊ ေဒါင့္ႀကီးတိုက္နယ္ရွိ ေဒါင့္ႀကီး၊ အစုႀကီး၊ ေသာင္တန္း၊
ကိုင္းေတာမ၊ ေတာတန္းေလး၊ ကြမ္းၿခံကုန္း၊ စာျဖဴစု၊ ကြမ္းယားေစာင္း၊ ကင္မလင္းကုန္း၊ ၾကာဂရက္၊ လက္ပံစု၊ ဆက္ေဂါင္းအစရွိတဲ့႐ြာေတြက အိမ္ေထာင္စု (၈၁၀) တို႔ကို လႉဒါန္းမႈတစ္ခုျပဳလုပ္ခဲ့ပါတယ္။

ဆန္၊ ၾကက္သြန္၊ အရသာမႈန္႔၊ ဆား၊ ပိတ္စ စတာေတြပါဝင္လႉဒါန္းခဲ့ၿပီး ဆရာေတာ္ရဲ႕ပုံမွန္ျပဳလုပ္ေနတဲ့ တစ္လတစ္ႀကိမ္လႉဒါန္းမႈမွာ မင္းဘုန္းျမတ္လည္းပါဝင္ခဲ့တာလို႔သိရပါတယ္။

ယခုအလႉနဲ႔ပတ္သက္ၿပီး သ႐ုပ္ေဆာင္မင္းဘုန္းျမတ္က “အဓိကကေတာ့ ဘုန္းဘုန္းရဲ႕ဦးေဆာင္မႈနဲ႔လိုက္ျဖစ္တဲ့သေဘာပါ၊ ဘုန္းဘုန္းကတစ္လတစ္ခါလႉေနက်ေလ၊ ေရွ႕အေခါက္ေတြထဲကေခၚတယ္မအားတာနဲ႔မသြားျဖစ္ဖူး၊ ဒီတစ္ေခါက္ေတာ့ ႏိုင္သေလာက္အလႉေလးပါဝင္ခ်င္တာနဲ႔ လူကိုယ္တိုင္သြားေရာက္လႉဒါန္းျဖစ္တာပါ” လို႔ေျပာျပထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here