ပြည်ကြီးတံခွန်မြဝတီဘဏ် ဗုံးပစ်ခံရ

0
185

(Unicode)

ပြည်ကြီးတံခွန်မြဝတီဘဏ် ဗုံးပစ်ခံရ

ယမန်နေ့ ဇန်နဝါရီ၁၈ရက် ညနေပိုင်းက မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာယာရပ်ကွက်၊၁၁၅ သာယာဝတီမင်းကြီး၊၇၅ စီလမ်းနှင့်၇၅ဒီလမ်းကြားရှိ မြဝတီဘဏ် ဗုံးပစ်ခံခဲ့ရသည်ဟု ဒေသခံအချို့နှင့် လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတို့က ပြောသည်။

“အုံးဆိုပြီး ပေါက်ကွဲသွားတာ။ အစောင့်တွေကလည်း ပြန်ပစ်သံကြားတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

လုံခြုံရေးဆိုင်ရာအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက မြဝတီဘဏ်ရှေ့ အတွင်း ခြံစည်းရိုးသံတံခါးဘေးသို့ ကြိုးဆွဲလက်ပစ်ဗုံး ၁လုံးပစ်ပေါက်ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကင်းစောင့်တာဝန်ကျနေသူ ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း၊ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သည့်သူမရှိကြောင်းပြောသည်။

“ဆိုင်ကယ်စီးလာသူက လက်ပစ်ဗုံးနဲ့ ပစ်ပေါက်တာ။၂ယောက်စီးလာတာ။လုံခြုံရေးကလည်း ပြန်ပစ်တယ်။ဆိုင်ကယ်စီးလာသူ၂ဦးကို မထိသွားဘူး”ဟု မြို့ခံတစ်ဦးကပြောသည်။

ယခုရက်ထဲ မြဝတီဘဏ်ကို လက်ပစ်ဗုံးနှင့် ပစ်ပေါက်မှုသည် ၂ကြိမ်အထိ ရှိလာပြီဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ရက်နံနက် ၉နာရီခန့်ကလည်း မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ချမ်းအေးသာစံအရှေ့ရပ်ကွက်၊၈၁လမ်း၊၂၆လမ်းနှင့်၂၇လမ်းကြားရှိ မြဝတီဘဏ်အား အမည်မသိလူနှစ်ဦးမှလက်ပစ်ဗုံးပစ်ခတ်ခဲ့ရာ ဗုံးပေါက်ကွဲပြီး ဘဏ်ရှေ့တွင်ရှိနေသော အမျိုးသားသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။

Photo – CJ

(Zawgyi)

ျပည္ႀကီးတံခြန္ျမဝတီဘဏ္ ဗုံးပစ္ခံရ

ယမန္ေန႔ ဇန္နဝါရီ၁၈ရက္ ညေနပိုင္းက မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ခ်မ္းျမသာယာရပ္ကြက္၊၁၁၅ သာယာဝတီမင္းႀကီး၊၇၅ စီလမ္းႏွင့္၇၅ဒီလမ္းၾကားရွိ ျမဝတီဘဏ္ ဗုံးပစ္ခံခဲ့ရသည္ဟု ေဒသခံအခ်ိဳ႕ႏွင့္ လုံၿခဳံေရးအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတို႔က ေျပာသည္။

“အုံးဆိုၿပီး ေပါက္ကြဲသြားတာ။ အေစာင့္ေတြကလည္း ျပန္ပစ္သံၾကားတယ္”ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။

လုံၿခဳံေရးဆိုင္ရာအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးက ျမဝတီဘဏ္ေရွ႕ အတြင္း ၿခံစည္း႐ိုးသံတံခါးေဘးသို႔ ႀကိဳးဆြဲလက္ပစ္ဗုံး ၁လုံးပစ္ေပါက္က်ေရာက္ေပါက္ကြဲခဲ့သျဖင့္ ကင္းေစာင့္တာဝန္က်ေနသူ ေျခာက္လွန႔္ပစ္ခတ္ခဲ့ေၾကာင္း၊က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ထိခိုက္သည့္သူမရွိေၾကာင္းေျပာသည္။

“ဆိုင္ကယ္စီးလာသူက လက္ပစ္ဗုံးနဲ႔ ပစ္ေပါက္တာ။၂ေယာက္စီးလာတာ။လုံၿခဳံေရးကလည္း ျပန္ပစ္တယ္။ဆိုင္ကယ္စီးလာသူ၂ဦးကို မထိသြားဘူး”ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။

ယခုရက္ထဲ ျမဝတီဘဏ္ကို လက္ပစ္ဗုံးႏွင့္ ပစ္ေပါက္မႈသည္ ၂ႀကိမ္အထိ ရွိလာၿပီျဖစ္သည္။

ၿပီးခဲ့သည့္ ဇန္နဝါရီ ၇ရက္နံနက္ ၉နာရီခန႔္ကလည္း မႏၲေလးၿမိဳ႕၊ခ်မ္းေအးသာစံၿမိဳ႕နယ္၊ခ်မ္းေအးသာစံအေရွ႕ရပ္ကြက္၊၈၁လမ္း၊၂၆လမ္းႏွင့္၂၇လမ္းၾကားရွိ ျမဝတီဘဏ္အား အမည္မသိလူႏွစ္ဦးမွလက္ပစ္ဗုံးပစ္ခတ္ခဲ့ရာ ဗုံးေပါက္ကြဲၿပီး ဘဏ္ေရွ႕တြင္ရွိေနေသာ အမ်ိဳးသားသုံးဦးဒဏ္ရာရရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕အသိုင္းအဝိုင္းမွ သိရသည္။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here