ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ပြည်နယ်ဝန်ကြီးဟောင်းများ အလုပ်နှင့်ထောင်ဒဏ်များအသီးသီးချမှတ်ခံရ

0
199

(Unicode)

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ပြည်နယ်ဝန်ကြီးဟောင်းများ အလုပ်နှင့်ထောင်ဒဏ်များအသီးသီးချမှတ်ခံရ

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးတို့ကို အလုပ်နှင့်ထောင်ဒဏ်များ အသီးသီး ယနေ့ ချမှတ်လိုက်သည်ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူတို့က ပြောသည်။

စစ်တွေအကျဉ်းထောင်အထူးတရားရုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)ဖြင့် ဦးညီပုအပါအဝင်ပြည်နယ်ဝန်ကြီးဟောင်းတို့ကို ထောင်ဒဏ်နှစ်ရှည်များ ချမှတ်လိုက်ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အလုပ်နှင့်ထောင်၉ နှစ်၊ ဝန်ကြီးဟောင်းများထဲ လျှပ်စစ်စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊စီမံ ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းတို့ကို အလုပ်နှင့်ထောင်ဒဏ် (၉)နှစ်စီ၊စိုက်မွေးသတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်ကို အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကို ထောင်ဒဏ် (၇)နှစ်ချမှတ်လိုက်သည်ဟု ရှေ့နေများကပြောပြသည်။

“ဝန်ကြီးချုပ်ဟောင်းပါတဲ့အမှုက ၃ မှုဆိုတော့ ၉ နှစ်ဖြစ်သွားတယ်” ဟုရှေ့နေတစ်ဦးကပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခံထားရသူဖြစ်သည့်အပြင် မဲမသမာမှုပြုလုပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဒီဇင်ဘာ ၂၂ ရက်နေ့က ထပ်မံတရားစွဲခံထားရသည်ဟုသိရသည်။

(Zawgyi)

ရခိုင္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပုအပါအဝင္ ျပည္နယ္ဝန္ႀကီးေဟာင္းမ်ား အလုပ္ႏွင့္ေထာင္ဒဏ္မ်ားအသီးသီးခ်မွတ္ခံရ

ရခိုင္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပုအပါအဝင္ ဝန္ႀကီးေဟာင္း ၅ ဦးတို႔ကို အလုပ္ႏွင့္ေထာင္ဒဏ္မ်ား အသီးသီး ယေန႔ ခ်မွတ္လိုက္သည္ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတို႔က ေျပာသည္။

စစ္ေတြအက်ဥ္းေထာင္အထူးတရား႐ုံးက အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ (၅၅)ျဖင့္ ဦးညီပုအပါအဝင္ျပည္နယ္ဝန္ႀကီးေဟာင္းတို႔ကို ေထာင္ဒဏ္ႏွစ္ရွည္မ်ား ခ်မွတ္လိုက္ျခင္းျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပုကို အလုပ္ႏွင့္ေထာင္၉ ႏွစ္၊ ဝန္ႀကီးေဟာင္းမ်ားထဲ လွ်ပ္စစ္စက္မႈႏွင့္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးေဟာင္း ဦးေအာင္ေက်ာ္ဇံ၊ ဘ႑ာ၊စီမံ ဝန္ႀကီးေဟာင္း ဦးေက်ာ္ေအးသိန္းတို႔ကို အလုပ္ႏွင့္ေထာင္ဒဏ္ (၉)ႏွစ္စီ၊စိုက္ေမြးသတၱဳဝန္ႀကီးေဟာင္း ဦးေက်ာ္လြင္ကို အလုပ္ႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္၊ျပည္နယ္ စည္ပင္ဝန္ႀကီးေဟာင္း ဦးမင္းေအာင္ကို ေထာင္ဒဏ္ (၇)ႏွစ္ခ်မွတ္လိုက္သည္ဟု ေရွ႕ေနမ်ားကေျပာျပသည္။

“ဝန္ႀကီးခ်ဳပ္ေဟာင္းပါတဲ့အမႈက ၃ မႈဆိုေတာ့ ၉ ႏွစ္ျဖစ္သြားတယ္” ဟုေရွ႕ေနတစ္ဦးကေျပာသည္။

ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပုသည္ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာ ၈ ရက္ေန႔က ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅ဝ၅(ခ)ျဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္(၂)ႏွစ္ခ်မွတ္ခံထားရသူျဖစ္သည့္အျပင္ မဲမသမာမႈျပဳလုပ္သည္ဆိုေသာ စြပ္စြဲခ်က္ျဖင့္ ဒီဇင္ဘာ ၂၂ ရက္ေန႔က ထပ္မံတရားစြဲခံထားရသည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here