မန္တလေးအမရပူရမြို့တွင် စုပုံထားသော သစ်ပုံ မီးလောင်မှုဖြစ်ပွား

0
249

(Unicode)

မန္တလေးအမရပူရမြို့တွင် စုပုံထားသော သစ်ပုံ မီးလောင်မှုဖြစ်ပွား

မန္တလေး အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ မြပုခက်လမ်း၊ (၁၀၃)သစ်စက်ဝန်းရှေ့မှာ စုပုံထားတဲ့ သစ်ပုံတစ်ခု ဒီကနေ့ ဇန်နဝါရီ၁၉ရက် နံနက် ဝး ၂၉မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့နဲ့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် (၇)စီးနဲ့ ငြိမ်းသတ်ခဲ့ရပြီး မီးဟာ ဝး၅၀မိနစ်မှာ ငြိမ်းသွားတယ်လို့ သိရပါတယ်။

“လောင်တဲ့ အချိန်ကြီးက အိပ်တဲ့အချိန်ကြီးဖြစ်နေတယ်။နောက်ပြီး မန္တလေးမှာက ည၈နာရီကျော်ရင်အတော်လေး တိတ်ဆိတ်သွားပြီ။မီးသတ်ကားသံတွေနဲ့ ဆိုတော့ အတော်လေး ထိပ်လန့်သွားကြတယ်”လို့ အမရပူရမြို့ခံတစ်ဦးကပြောပါတယ်။

မှတ်တမ်းတွေအရတော့ သစ်လုံး(၁၀၀)ခန့် စုပုံထားတဲ့ သစ်ပုံထဲက သစ်လုံးအနည်းငယ်ပဲ မီးလောင်မှုဖြစ်ခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးကို (၄)သိန်းကျပ်ခန့်ရှိတယ်လို့ မီးသတ်ဌာနက တွက်ချက်ထားတာရှိပါတယ်။

မီးလောင်မှုကို မသမာသူရှို့မီးလို့ သုံးသပ်ထားပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်ထားတာရှိပါတယ်။

(Zawgyi)

မႏၲေလးအမရပူရၿမိဳ႕တြင္ စုပုံထားေသာ သစ္ပုံ မီးေလာင္မႈျဖစ္ပြား

မႏၲေလး အမရပူရၿမိဳ႕နယ္၊ မွန္တန္းရပ္ကြက္၊ ျမပုခက္လမ္း၊ (၁၀၃)သစ္စက္ဝန္းေရွ႕မွာ စုပုံထားတဲ့ သစ္ပုံတစ္ခု ဒီကေန႔ ဇန္နဝါရီ၁၉ရက္ နံနက္ ဝး ၂၉မိနစ္ခန႔္က မီးေလာင္မႈျဖစ္ပြားခဲ့တယ္လို႔ ေဒသခံအခ်ိဳ႕နဲ႔ မီးသတ္ဦးစီးဌာနကေန သိရပါတယ္။

မီးေလာင္မႈကို မီးျငႇိမ္းသတ္ယာဥ္ (၇)စီးနဲ႔ ၿငိမ္းသတ္ခဲ့ရၿပီး မီးဟာ ဝး၅၀မိနစ္မွာ ၿငိမ္းသြားတယ္လို႔ သိရပါတယ္။

“ေလာင္တဲ့ အခ်ိန္ႀကီးက အိပ္တဲ့အခ်ိန္ႀကီးျဖစ္ေနတယ္။ေနာက္ၿပီး မႏၲေလးမွာက ည၈နာရီေက်ာ္ရင္အေတာ္ေလး တိတ္ဆိတ္သြားၿပီ။မီးသတ္ကားသံေတြနဲ႔ ဆိုေတာ့ အေတာ္ေလး ထိပ္လန႔္သြားၾကတယ္”လို႔ အမရပူရၿမိဳ႕ခံတစ္ဦးကေျပာပါတယ္။

မွတ္တမ္းေတြအရေတာ့ သစ္လုံး(၁၀၀)ခန႔္ စုပုံထားတဲ့ သစ္ပုံထဲက သစ္လုံးအနည္းငယ္ပဲ မီးေလာင္မႈျဖစ္ခဲ့ၿပီး ခန႔္မွန္းဆုံးရႈံးမႈတန္ဖိုးကို (၄)သိန္းက်ပ္ခန႔္ရွိတယ္လို႔ မီးသတ္ဌာနက တြက္ခ်က္ထားတာရွိပါတယ္။

မီးေလာင္မႈကို မသမာသူရႈိ႕မီးလို႔ သုံးသပ္ထားၿပီး ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၃၆ နဲ႔ အမႈဖြင့္ထားတာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here