ရန်ကုန်တက္ကသိုလ်၊အရှေ့တိုင်းပညာပါမောက္ခ ဒေါက်တာအာကာမိုးသူ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

0
209

(Unicode)

ရန်ကုန်တက္ကသိုလ်၊အရှေ့တိုင်းပညာပါမောက္ခ ဒေါက်တာအာကာမိုးသူ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

ရန်ကုန်တက္ကသိုလ်၊အရှေ့တိုင်းပညာဌာန၏ ပါမောက္ခဒေါက်တာအာကာမိုးသူအား ဇန်နဝါရီ ၁၉ ရက်(ယနေ့)တွင် အင်းစိန်အကျဥ်းထောင်တွင်း တရားရုံးက ရာဇသတ်ကြီးပုဒ်မ-၅၀၅ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကထုတ်ပြန်ခဲ့သည်။

ပါမောက္ခဒေါက်တာအာကာမိုးသူသည် ၂၀၂၁ ခုနှစ်၊မတ် ၂ ရက်တွင် ရန်ကုန်တက္ကသိုလ်(လှိုင်နယ် မြေ)အနီး၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“ဆရာက တက္ကသိုလ်ဆရာ၊ဆရာမတွေရဲ့ CDM လှုပ်ရှားမှုကိုဦးဆောင်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာပါ နောက်ပြီး တက္ကသိုလ်ဆရာသမဂ္ဂ(UTA)ကိုဦးဆောင်ပြီးစတင်တည်ထောင်ပေးခဲ့သူတစ်ယောက်ပါ”ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးကပြောသည်။

ထို့ပြင် ပါမောက္ခဒေါက်တာအာကာမိုးသူသည် တ က္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ (RC of UTAs)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

(Zawgyi)

ရန္ကုန္တကၠသိုလ္၊အေရွ႕တိုင္းပညာပါေမာကၡ ေဒါက္တာအာကာမိုးသူ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခံရ

ရန္ကုန္တကၠသိုလ္၊အေရွ႕တိုင္းပညာဌာန၏ ပါေမာကၡေဒါက္တာအာကာမိုးသူအား ဇန္နဝါရီ ၁၉ ရက္(ယေန႔)တြင္ အင္းစိန္အက်ဥ္းေထာင္တြင္း တရား႐ုံးက ရာဇသတ္ႀကီးပုဒ္မ-၅၀၅ (က)ျဖင့္ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခဲ့သည္ဟု ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢကထုတ္ျပန္ခဲ့သည္။

ပါေမာကၡေဒါက္တာအာကာမိုးသူသည္ ၂၀၂၁ ခုႏွစ္၊မတ္ ၂ ရက္တြင္ ရန္ကုန္တကၠသိုလ္(လႈိင္နယ္ ေျမ)အနီး၌ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။

“ဆရာက တကၠသိုလ္ဆရာ၊ဆရာမေတြရဲ႕ CDM လႈပ္ရွားမႈကိုဦးေဆာင္ခဲ့တာေၾကာင့္ ဖမ္းဆီးခံခဲ့ရတာပါ ေနာက္ၿပီး တကၠသိုလ္ဆရာသမဂၢ(UTA)ကိုဦးေဆာင္ၿပီးစတင္တည္ေထာင္ေပးခဲ့သူတစ္ေယာက္ပါ”ဟု ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္တစ္ဦးကေျပာသည္။

ထို႔ျပင္ ပါေမာကၡေဒါက္တာအာကာမိုးသူသည္ တ ကၠသိုလ္ဆရာသမဂၢမ်ား ကိုယ္စားျပဳေကာ္မတီ (RC of UTAs)၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here