ထိုင်းဘုရင့်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲ ရန်ကုန်မြို့တွင်ကျင်းပ

0
226

(Unicode)

ထိုင်းဘုရင့်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ရန်ကုန်မြို့ Park Royal Hotel ၌ထိုင်းဘုရင့်တပ်မ တော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲအား ဇန်နဝါရီ ၂၀ ရက်နံနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ၊ဒုတိယသံအမတ်ကြီး Mrs.Kanokwan Pengsuwan၊ ထိုင်းနိုင်ငံစစ်သံမှူး Senior Colonel.Saranyanis Sutthiwajchinadej နှင့်ဇနီးတို့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒု-ဗိုလ်ချုပ်ကြီးသက်ပုံနှင့်ဧည့်သည်တော်များအား ကြိုဆိုနှုတ်ဆက်သည်။

အခမ်းအနားတွင် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းဖွင့်လှစ်အလေးပြုကာ ထိုင်းစစ်သံမှူးက နှုတ်ခွန်း ဆက်စကားပြောကြားပြီး ထိုင်းဘုရင့်တပ်မ တော်နေ့ video အားဖွင့်လှစ်ပြသခဲ့သည်။

အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးသက်ပုံ၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်တာဝန်ရှိသူများ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ စစ်သံမှူးများတက်ရောက်ခဲ့ကြသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here