ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထပ်တိုးစွဲဆိုထားသည့် အမှု၅မှုကို ယနေ့ စတင်စစ်ဆေး

0
165

(Unicode)

ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထပ်တိုးစွဲဆိုထားသည့် အမှု၅မှုကို ယနေ့ စတင်စစ်ဆေး

ရဟတ်ယာဉ်ငှားရမ်းတဲ့ ကိစ္စ၊ဝယ်ယူတဲ့ကိစ္စ ပတ်သတ်ပြီးဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထပ်တိုးစွဲဆိုထားတဲ့ အမှု၅မှုကို ဒီကနေ့မှာ စတင်စစ်ဆေးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူကပြောပါတယ်။

လူကယ်ပြန်ဝန်ကြီးဟောင်းဒေါက်တာဝင်းမြတ်အေးလည်း စွဲဆိုထားတဲ့ အမှုထဲပါပြီး ဒီအမှုတွေအတွက် ရှေ့နေတွေက ပြီးခဲ့တဲ့ ရုံးချိန်းမှာ အမှုလိုက်ပါဖို့ တရားသူကြီးထံ တင်ပြဆောင်ရွက်ခဲ့ပြီးခဲ့တာကြောင့် ဒီနေ့ရုံးချိန်းမှာရှေ့နေအဖွဲ့က ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးသန့်တွေ့ဆုံတာတွေလုပ်ခဲ့ကြပါတယ်။

“ကျန်းမာရေးကောင်းမွန်ကြတာတွေ့ခဲ့ရပါတယ်”လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးကပြောပြပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ စစ်ဆေးလက်စ အမှုတွေထဲက လေးမှုနဲ့ ပတ်သတ်ပြီး တရားလိုပြသက်သေတစ်ဦးကို ဒီကနေ့ စစ်မယ်လို့ ပြီးခဲ့တဲ့ ရုံးချိန်းမှာ ချိန်းဆိုခဲ့တာရှိပေမယ့် သက်သေမလာလို့ ရုံးချိန်းပြန်ချိန်းခဲ့ရတာလည်းရှိပါတယ်။

ထပ်တိုးအမှုတွေကို ဖေဖော်ဝါရီ၄ရက်မှာ ဆက်လက်စစ်ဆေးမယ်လို့ တရားသူကြီးက ရုံးချိန်းခေါ်ထားတာရှိ ပါတယ်။

ယခင်လူကယ်ပြန်ဝန်ကြီးဟောင်းဒေါက်တာဝင်းမြတ်အေးဟာ လက်ရှိမှာ NUGမှာ ရှိ နေတာမို့ ရုံးတော်က မျက်ကွယ်စစ်ဆေးဖို့ရှိနိုင်တယ်လို့ သိရပါတယ်။

(Zawgyi)

ဦးဝင္းျမင့္ႏွင့္ေဒၚေအာင္ဆန္းစုၾကည္တို႔အေပၚ ထပ္တိုးစြဲဆိုထားသည့္ အမႈ၅မႈကို ယေန႔ စတင္စစ္ေဆး

ရဟတ္ယာဥ္ငွားရမ္းတဲ့ ကိစၥ၊ဝယ္ယူတဲ့ကိစၥ ပတ္သတ္ၿပီးဦးဝင္းျမင့္နဲ႔ေဒၚေအာင္ဆန္းစုၾကည္တို႔အေပၚ ထပ္တိုးစြဲဆိုထားတဲ့ အမႈ၅မႈကို ဒီကေန႔မွာ စတင္စစ္ေဆးခဲ့တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းနဲ႔ နီးစပ္သူကေျပာပါတယ္။

လူကယ္ျပန္ဝန္ႀကီးေဟာင္းေဒါက္တာဝင္းျမတ္ေအးလည္း စြဲဆိုထားတဲ့ အမႈထဲပါၿပီး ဒီအမႈေတြအတြက္ ေရွ႕ေနေတြက ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းမွာ အမႈလိုက္ပါဖို႔ တရားသူႀကီးထံ တင္ျပေဆာင္႐ြက္ခဲ့ၿပီးခဲ့တာေၾကာင့္ ဒီေန႔႐ုံးခ်ိန္းမွာေရွ႕ေနအဖြဲ႕က ဦးဝင္းျမင့္နဲ႔ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ သီးသန႔္ေတြ႕ဆုံတာေတြလုပ္ခဲ့ၾကပါတယ္။

“က်န္းမာေရးေကာင္းမြန္ၾကတာေတြ႕ခဲ့ရပါတယ္”လို႔ ေရွ႕ေနအသိုင္းအဝိုင္းနဲ႔ နီးစပ္သူ တစ္ဦးကေျပာျပပါတယ္။

ဒီကေန႔ ႐ုံးခ်ိန္းမွာ စစ္ေဆးလက္စ အမႈေတြထဲက ေလးမႈနဲ႔ ပတ္သတ္ၿပီး တရားလိုျပသက္ေသတစ္ဦးကို ဒီကေန႔ စစ္မယ္လို႔ ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းမွာ ခ်ိန္းဆိုခဲ့တာရွိေပမယ့္ သက္ေသမလာလို႔ ႐ုံးခ်ိန္းျပန္ခ်ိန္းခဲ့ရတာလည္းရွိပါတယ္။

ထပ္တိုးအမႈေတြကို ေဖေဖာ္ဝါရီ၄ရက္မွာ ဆက္လက္စစ္ေဆးမယ္လို႔ တရားသူႀကီးက ႐ုံးခ်ိန္းေခၚထားတာရွိ ပါတယ္။

ယခင္လူကယ္ျပန္ဝန္ႀကီးေဟာင္းေဒါက္တာဝင္းျမတ္ေအးဟာ လက္ရွိမွာ NUGမွာ ရွိ ေနတာမို႔ ႐ုံးေတာ္က မ်က္ကြယ္စစ္ေဆးဖို႔ရွိႏိုင္တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here