ရွှေပြည်သာစက်မှုဇုန်၊ဝါးတရာစက်မှုဇုန်၊‌ရွှေပြည်သာနှင့်မှော်ဘီမြို့နယ်တို့၌ ၃ ရက်ခန့်အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မည်

0
58

ရွှေပြည်သာစက်မှုဇုန်၊ဝါးတရာစက်မှုဇုန်၊‌ရွှေပြည်သာနှင့်မှော်ဘီမြို့နယ်တို့၌ ၃ ရက်ခန့်အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မည်

ရန်ကုန်တိုင်းအတွင်း ၂၃၀ကေဗွီ ဝါးတရာ(ရွာမ- လှိုင်သာယာ)ဓာတ်အားလိုင်းစီမံကိန်းကြိုးဆွဲခြင်းလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရွှေပြည်သာစက်မှုဇုန် (၂/၃/၄)၊ဝါးတရာစက်မှုဇုန်၊ရွှေပြည်သာမြို့နယ်တစ်မြို့နယ်လုံးနှင့်မှော်ဘီမြို့နယ်တို့တွင် ၃ ရက်ခန့်နံနက် ၆ နာရီမှာ ၆ နာရီအထိ ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC မှအသိပေးကြေညာခဲ့သည်။

ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ၂၃၀ ကေဗွီ မြောင်းတကာ-ဝါးတရာဓာတ်အားလိုင်းအား ဖြတ်ကျော်တည်ဆောက်ရမည်ဖြစ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-ဝါးတရာဓာတ်အားလိုင်းအား ဇန်နဝါရီ ၂၉ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင်နံနက် ၆ နာရီမှည ၆ နာရီအထိ ယာယီဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ် သည်။

ယင်းသို့ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်သော်လည်း အရေးကြီးနေရာများ၌ လျှပ်စစ် ဓာတ်အားပြတ်တောက်မှု မရှိစေရေးကိုအလေး ထားဆောင်ရွက်သွားမည်ဟု YESC ကကြေညာခဲ့သည်။

Zaw Gyi

ေ႐ႊျပည္သာစက္မႈဇုန္၊ဝါးတရာစက္မႈဇုန္၊‌ေ႐ႊျပည္သာႏွင့္ေမွာ္ဘီၿမိဳ႕နယ္တို႔၌ ၃ ရက္ခန္႔အခ်ိန္ပိုင္းယာယီဓာတ္အားျပတ္ေတာက္မည္

ရန္ကုန္တိုင္းအတြင္း ၂၃၀ေကဗြီ ဝါးတရာ(႐ြာမ- လႈိင္သာယာ)ဓာတ္အားလိုင္းစီမံကိန္းႀကိဳးဆြဲျခင္းလုပ္ငန္းမ်ားကို လွ်ပ္စစ္ဓာတ္အားပို႔လႊတ္ေရးႏွင့္ ကြပ္ကဲေရးဦးစီးဌာနမွ ေဆာင္႐ြက္လ်က္ရွိသည္။

ထိုသို႔ ေဆာင္႐ြက္ရာတြင္ ေ႐ႊျပည္သာစက္မႈဇုန္ (၂/၃/၄)၊ဝါးတရာစက္မႈဇုန္၊ေ႐ႊျပည္သာၿမိဳ႕နယ္တစ္ၿမိဳ႕နယ္လုံးႏွင့္ေမွာ္ဘီၿမိဳ႕နယ္တို႔တြင္ ၃ ရက္ခန္႔နံနက္ ၆ နာရီမွာ ၆ နာရီအထိ ယာယီဓာတ္အားျပတ္ေတာက္မည္ဟု YESC မွအသိေပးေၾကညာခဲ့သည္။

ဓာတ္အားလိုင္းႀကိဳးဆြဲျခင္းလုပ္ငန္း ေဆာင္႐ြက္ရာတြင္ ၂၃၀ ေကဗြီ ေျမာင္းတကာ-ဝါးတရာဓာတ္အားလိုင္းအား ျဖတ္ေက်ာ္တည္ေဆာက္ရမည္ျဖစ္၍ ၂၃၀ ေကဗြီ ေျမာင္းတကာ-ဝါးတရာဓာတ္အားလိုင္းအား ဇန္နဝါရီ ၂၉ ရက္၊ ၃၀ ရက္ႏွင့္ ၃၁ ရက္တို႔တြင္နံနက္ ၆ နာရီမွည ၆ နာရီအထိ ယာယီဓာတ္အားပိတ္၍ ေဆာင္႐ြက္သြားမည္ျဖစ္ သည္။

ယင္းသို႔ ယာယီဓာတ္အားျပတ္ေတာက္မည္ျဖစ္ေသာ္လည္း အေရးႀကီးေနရာမ်ား၌ လွ်ပ္စစ္ ဓာတ္အားျပတ္ေတာက္မႈ မရွိေစေရးကိုအေလး ထားေဆာင္႐ြက္သြားမည္ဟု YESC ကေၾကညာခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here