လောက်ကိုင်မှတဆင့် တရုတ်ရောက်မြန်မာ(၅၀)ကျော် ပြန်ဝင်လာ

0
247

လောက်ကိုင်မှတဆင့် တရုတ်ရောက်မြန်မာ(၅၀)ကျော် ပြန်ဝင်လာ

အကြောင်းအမျိုးမျိုးကြောင့် ပြန်လာလိုကြသည့် ပြည်ပရောက်မြန်မာများအား နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျှက်ရှိနေရာ ဇန်နဝါရီ ၂၀ရက်က တရုတ်ရောက်မြန်မာ ၅၆ဦး ရှမ်းပြည်မြောက်ပိုင်း(လောက်ကိုင်)မြို့မှ တဆင့် ပြန်လည်ဝင်ရောက်လာသည်ဟု သိရသည်။

ဝင်ရောက်လာသည့် သူများမှာ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၃၁ ဦး ဖြစ်ကြောင်းသိရသည်။

အဆိုပါ နေရပ်ပြန်များအား ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ် ပေးခြင်းများ ဆောင်ရွက်ကာ ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြသည်ဟု သိရသည်။

ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိထားကြောင်းသိရသည်။

လက်ရှိတွင် နေရပ်ပြန်လာလိုကြသည့် ထိုင်းရောက်၊တရုတ်ရောက်မြန်မာများအပါအဝင် နိုင်ငံခြားရောက်မြန်မာများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့်လည်းကောင်း၊နယ်စပ်ဂိတ်များမှတဆင့် လည်းကောင်း အသီးသီး လက်ခံပေးနေသည်ဟု သိရသည်။

Zaw Gyi

ေလာက္ကိုင္မွတဆင့္ တ႐ုတ္ေရာက္ျမန္မာ(၅၀)ေက်ာ္ ျပန္ဝင္လာ

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပန္လာလိုၾကသည့္ ျပည္ပေရာက္ျမန္မာမ်ားအား နယ္စပ္ဂိတ္အသီးသီးတြင္ လက္ခံေဆာင္႐ြက္ေပးလွ်က္ရွိေနရာ ဇန္နဝါရီ ၂၀ရက္က တ႐ုတ္ေရာက္ျမန္မာ ၅၆ဦး ရွမ္းျပည္ေျမာက္ပိုင္း(ေလာက္ကိုင္)ၿမိဳ႕မွ တဆင့္ ျပန္လည္ဝင္ေရာက္လာသည္ဟု သိရသည္။

ဝင္ေရာက္လာသည့္ သူမ်ားမွာ အမ်ိဳးသား ၂၅ ဦး၊ အမ်ိဳးသမီး ၃၁ ဦး ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ေနရပ္ျပန္မ်ားအား ကိုဗစ္-၁၉ ေရာဂါစစ္ေဆးေပး ျခင္း၊ Quarantine ဝင္ေရာက္ရမည့္ အေထာက္အထားစာ႐ြက္စာတမ္းမ်ား ျပဳလုပ္ ေပးျခင္းမ်ား ေဆာင္႐ြက္ကာ ခရီးသည္တင္ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ၎တို႔ေနရပ္အသီးသီးသို႔ လိုက္လံပို႔ေဆာင္ေပး ခဲ့ၾကသည္ဟု သိရသည္။

ေရာဂါပိုးေတြ႕ရွိသူမ်ားအား သက္ဆိုင္ရာေနရာမ်ားတြင္ သီးသန႔္ထားရွိထားေၾကာင္းသိရသည္။

လက္ရွိတြင္ ေနရပ္ျပန္လာလိုၾကသည့္ ထိုင္းေရာက္၊တ႐ုတ္ေရာက္ျမန္မာမ်ားအပါအဝင္ ႏိုင္ငံျခားေရာက္ျမန္မာမ်ားအား ကယ္ဆယ္ေရးေလယာဥ္ျဖင့္လည္းေကာင္း၊နယ္စပ္ဂိတ္မ်ားမွတဆင့္ လည္းေကာင္း အသီးသီး လက္ခံေပးေနသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here