စစ်ကိုင်းတိပိဋကဆရာတော် ရိုးတွင်းချဥ်ဆီလဲ လှယ်ကုသရန် ညီမဖြစ်သူဆီမှချဥ်ဆီထုတ်ယူမှုအောင်မြင်

0
188

စစ်ကိုင်းတိပိဋကဆရာတော် ရိုးတွင်းချဥ်ဆီလဲ လှယ်ကုသရန် ညီမဖြစ်သူဆီမှချဥ်ဆီထုတ်ယူမှုအောင်မြင်

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ Bumrungrad ဆေးရုံကြီး၌ သွေးဖြူဥရောဂါနှင့်ရိုးတွင်းချဥ်ဆီလဲလှယ်ကုသရန် ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁၈ ရက်နေ့မှစ၍ ရောက်ရှိနေသည့် စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ ညီမအရင်းဖြစ်သူထံမှ ချဥ်ဆီထုတ်ယူမှုအောင်မြင်သည်ဟု သိရသည်။

စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ ညီမအရင်းဖြစ်သူ မသိန်းသိန်းဆွေအား ဆေးစစ်ချက်အရ ကိုက်ညီမှုရှိသဖြင့် ဇန်နဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်တိုင် မသိန်းသိန်းဆွေထံမှ ချဥ်ဆီထုတ်ယူခဲ့သည်။

“မသိန်းသိန်းဆွေရဲ့ လည်ပင်းသွေးကြောလေးတွေထဲကနေထုတ်ယူရတာပါ တစ်ရက်ကို လေးနာရီနှုန်းနဲ့ သုံးရက်ထုတ်ယူခဲ့ရာမှာ ဇန်နဝါရီ ၂၀ ရက်ကအောင်မြင်စွာထုတ်ယူနိုင်ခဲ့ပါတယ်”ဟု
မုံရွာမြို့၊နန္ဒဝန်ရပ်၊သဒ္ဓမ္မဇောတိကသုဗောဓာရုံကျောင်းတိုက်၏ တိုက်အုပ်ဆရာတော်ကမိန့်ကြားသည်။

ချဥ်ဆီထုတ်ယူမှုအောင်မြင်ခဲ့ပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေအရ အားနည်းနေသဖြင့် အားပြန်လည်ပြည့်လာသည့်အချိန်တွင် အစားထိုးလဲလှယ်သွားမည်ဖြစ်သည်။

“အစ်ကိုအပေါ်မှာထားတဲ့ ညီမတစ်ယောက်ရဲ့မေတ္တာတရားနဲ့စေတနာတွေကြောင့် မသိန်းသိန်းဆွေလည်းကျန်းမာပါတယ် ဆရာတော်ကြီးအတွက်အထောက်အကူအများကြီးဖြစ်စေပါတယ် ဆရာတော်ကြီးရဲ့အခြေအနေကတော့ ရောဂါကိုထိန်းချုပ်နိုင်တဲ့အဆင့်မှာရှိပါတယ် သက်သာပါတယ်”ဟုတိုက်အုပ်ဆရာတော်မှမိန့်ကြားသည်။

စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ ကျန်းမာရေးအသုံးစရိတ်များအတွက် နစက မှ ထိုင်းဘတ်ငွေ ၆ သန်းအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးသန်းထွေးက ဆရာတော်ကြီး၏ညီဖြစ်သူ ဒေါက်တာအရှင်ဝိဇယာလင်္ကာရာဘိဝံသ ထံလာရောက်လှူဒါန်းထားခဲ့သည်။

Zaw Gyi

စစ္ကိုင္းတိပိဋကဆရာေတာ္ ႐ိုးတြင္းခ်ဥ္ဆီလဲ လွယ္ကုသရန္ ညီမျဖစ္သူဆီမွခ်ဥ္ဆီထုတ္ယူမႈေအာင္ျမင္

ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕ရွိ Bumrungrad ေဆး႐ုံႀကီး၌ ေသြးျဖဴဥေရာဂါႏွင့္႐ိုးတြင္းခ်ဥ္ဆီလဲလွယ္ကုသရန္ ၂၀၂၁ ခုႏွစ္၊ႏိုဝင္ဘာ ၁၈ ရက္ေန႔မွစ၍ ေရာက္ရွိေနသည့္ စစ္ကိုင္းတိပိဋကဆရာေတာ္ႀကီး၏ ညီမအရင္းျဖစ္သူထံမွ ခ်ဥ္ဆီထုတ္ယူမႈေအာင္ျမင္သည္ဟု သိရသည္။

စစ္ကိုင္းတိပိဋကဆရာေတာ္ႀကီး၏ ညီမအရင္းျဖစ္သူ မသိန္းသိန္းေဆြအား ေဆးစစ္ခ်က္အရ ကိုက္ညီမႈရွိသျဖင့္ ဇန္နဝါရီ ၁၈ ရက္မွ ၂၀ ရက္အထိ သုံးရက္တိုင္ မသိန္းသိန္းေဆြထံမွ ခ်ဥ္ဆီထုတ္ယူခဲ့သည္။

“မသိန္းသိန္းေဆြရဲ႕ လည္ပင္းေသြးေၾကာေလးေတြထဲကေနထုတ္ယူရတာပါ တစ္ရက္ကို ေလးနာရီႏႈန္းနဲ႔ သုံးရက္ထုတ္ယူခဲ့ရာမွာ ဇန္နဝါရီ ၂၀ ရက္ကေအာင္ျမင္စြာထုတ္ယူႏိုင္ခဲ့ပါတယ္”ဟု
မုံ႐ြာၿမိဳ႕၊နႏၵဝန္ရပ္၊သဒၶမၼေဇာတိကသုေဗာဓာ႐ုံေက်ာင္းတိုက္၏ တိုက္အုပ္ဆရာေတာ္ကမိန္႔ၾကားသည္။

ခ်ဥ္ဆီထုတ္ယူမႈေအာင္ျမင္ခဲ့ၿပီး ဆရာေတာ္ႀကီး၏ က်န္းမာေရးအေျခအေနအရ အားနည္းေနသျဖင့္ အားျပန္လည္ျပည့္လာသည့္အခ်ိန္တြင္ အစားထိုးလဲလွယ္သြားမည္ျဖစ္သည္။

“အစ္ကိုအေပၚမွာထားတဲ့ ညီမတစ္ေယာက္ရဲ႕ေမတၱာတရားနဲ႔ေစတနာေတြေၾကာင့္ မသိန္းသိန္းေဆြလည္းက်န္းမာပါတယ္ ဆရာေတာ္ႀကီးအတြက္အေထာက္အကူအမ်ားႀကီးျဖစ္ေစပါတယ္ ဆရာေတာ္ႀကီးရဲ႕အေျခအေနကေတာ့ ေရာဂါကိုထိန္းခ်ဳပ္ႏိုင္တဲ့အဆင့္မွာရွိပါတယ္ သက္သာပါတယ္”ဟုတိုက္အုပ္ဆရာေတာ္မွမိန္႔ၾကားသည္။

စစ္ကိုင္းတိပိဋကဆရာေတာ္ႀကီး၏ က်န္းမာေရးအသုံးစရိတ္မ်ားအတြက္ နစက မွ ထိုင္းဘတ္ေငြ ၆ သန္းအား ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ဦးသန္းေထြးက ဆရာေတာ္ႀကီး၏ညီျဖစ္သူ ေဒါက္တာအရွင္ဝိဇယာလကၤာရာဘိဝံသ ထံလာေရာက္လႉဒါန္းထားခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here