ကုန်ကြမ်းပြတ်၍ ရပ်ထားရသော SCG Cement အမှတ်တံဆိပ် ဘိလပ်မြေ စက်ရုံ ပြန်လည်ပတ်ရန်ပြင်ဆင်

0
149

ကုန်ကြမ်းပြတ်၍ ရပ်ထားရသော SCG Cement အမှတ်တံဆိပ် ဘိလပ်မြေ စက်ရုံ ပြန်လည်ပတ်ရန်ပြင်ဆင်

ကုန်ကြမ်းပြတ်၍ ရပ်ထားရသော SCG Cement အမှတ်တံဆိပ် ဘိလပ်မြေ စက်ရုံ ပြန်လည်ပတ်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ကွမ်ငန်းကျေးရွာအုပ်စုတွင် တည်ဆောက်ထားသော SCG Cement အမှတ်တံဆိပ် ဘိလပ်မြေ ထုတ်လုပ်သည့် Mawlamyine Cement Limited-MCL ဘိလပ်မြေစက်ရုံ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက ထုံးကျောက်ကုန်ကြမ်းပြတ်လပ်၍ ရပ်နားခဲ့ကြရခြင်း ဖြစ်သည်။

“ဘိလပ်မြေထုတ်လုပ်တဲ့အခါ လိုအပ်တဲ့ ကုန်ကြမ်းနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကလိုအပ်တာတွေအတွက် လမ်းညွှန်ထားပြီးပါပြီ။လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေး ကိစ္စတွေရဖို့အတွက်ပေါ့”ဟု အဆိုပါ အစိုးရအဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ စက်ရုံသည် ထိုင်းနိုင်ငံSCG မှ ၇၀ ရာခိုင်နှုန်း၊ ပြည်တွင်းမှ PLCI- Pacific Link Cement Industries Ltd မှ ၃၀ ရာခိုင်နှုန်း ထည့်ဝင်ကာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရင်းနှီးမြှုုပ်နှံထားသည့် စက်ရုံဖြစ်သည်။

စက်ရုံကို လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး တစ်နေ့လျှင် တန် ၅၀၀၀ ကျ အဖြစ် အလုပ်သမား ၁၅၀၀ အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း၊စက်ရုံပိတ်ခဲ့ရသောကြောင့် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးခဲ့ကြရကြောင်းသိရသည်။

Zaw Gyi

ကုန္ၾကမ္းျပတ္၍ ရပ္ထားရေသာ SCG Cement အမွတ္တံဆိပ္ ဘိလပ္ေျမ စက္႐ုံ ျပန္လည္ပတ္ရန္ျပင္ဆင္

ကုန္ၾကမ္းျပတ္၍ ရပ္ထားရေသာ SCG Cement အမွတ္တံဆိပ္ ဘိလပ္ေျမ စက္႐ုံ ျပန္လည္ပတ္ရန္ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕က သိရသည္။

မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္၊ ကြမ္ငန္းေက်း႐ြာအုပ္စုတြင္ တည္ေဆာက္ထားေသာ SCG Cement အမွတ္တံဆိပ္ ဘိလပ္ေျမ ထုတ္လုပ္သည့္ Mawlamyine Cement Limited-MCL ဘိလပ္ေျမစက္႐ုံ ၿပီးခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လက ထုံးေက်ာက္ကုန္ၾကမ္းျပတ္လပ္၍ ရပ္နားခဲ့ၾကရျခင္း ျဖစ္သည္။

“ဘိလပ္ေျမထုတ္လုပ္တဲ့အခါ လိုအပ္တဲ့ ကုန္ၾကမ္းနဲ႔ ပတ္သက္တဲ့ သက္ဆိုင္ရာဝန္ႀကီး ဌာနေတြကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံးကလိုအပ္တာေတြအတြက္ လမ္းၫႊန္ထားၿပီးပါၿပီ။လွ်ပ္စစ္၊ သဘာဝဓာတ္ေငြ႕နဲ႔ ေက်ာက္မီးေသြး ကိစၥေတြရဖို႔အတြက္ေပါ့”ဟု အဆိုပါ အစိုးရအဖြဲ႕တာဝန္ရွိသူက ေျပာသည္။

အဆိုပါ စက္႐ုံသည္ ထိုင္းႏိုင္ငံSCG မွ ၇၀ ရာခိုင္ႏႈန္း၊ ျပည္တြင္းမွ PLCI- Pacific Link Cement Industries Ltd မွ ၃၀ ရာခိုင္ႏႈန္း ထည့္ဝင္ကာ အေမရိကန္ေဒၚလာ သန္း ၄၀၀ ေက်ာ္ ရင္းႏွီးျမႇဳုပ္ႏွံထားသည့္ စက္႐ုံျဖစ္သည္။

စက္႐ုံကို လြန္ခဲ့သည့္ ၂၀၁၇ ခုႏွစ္က စတင္ခဲ့ျခင္းျဖစ္ၿပီး တစ္ေန႔လွ်င္ တန္ ၅၀၀၀ က် အျဖစ္ အလုပ္သမား ၁၅၀၀ အတြက္ အလုပ္အကိုင္အခြင့္အလမ္း ဖန္တီးေပးႏိုင္ခဲ့ေၾကာင္း၊စက္႐ုံပိတ္ခဲ့ရေသာေၾကာင့္ အလုပ္အကိုင္အခြင့္အလမ္း ဆုံးရႈံးခဲ့ၾကရေၾကာင္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here