ကွန်ကရက်ထုတ်ပြန်ချက်အတိုင်းပြစ်ဒဏ်ကျခံသူ (၁၆၇) ဦးအား RCSSမှ ပြန်လွှတ်ပေး

0
175

ကွန်ကရက်ထုတ်ပြန်ချက်အတိုင်းပြစ်ဒဏ်ကျခံသူ (၁၆၇) ဦးအား RCSSမှ ပြန်လွှတ်ပေး

တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်နဲ့ ပတ်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ ထုတ်ပြန်ကြေညာချက်တွင် ပါရှိတဲ့အတိုင်း RCSSရဲ့ ဌာနချုပ် လွယ်တိုင်းလျဲန်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် ပြစ်ဒဏ်ကျခံသူ စုစုပေါင်း (၁၄၀) ဦးကို ဇန်နဝါရီလ ၁၉ရက်နေ့က လွတ်ပေးပြီး တွေ့ဆုံပွဲပြုလုပ်ကျင်းပခဲ့​တယ်လို့သိရပါတယ်။

ယခုလအတွင်း ငါးရက်ကြာပြုလုပ်ခဲ့တဲ့ RCSSရဲ့တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်ကို ကြိုဆိုသောအနေနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရတဲ့ ပြစ်ဒဏ်ကျခံသူ စုစုပေါင်း (၁၆၇) ဦးအား ပြန်လည်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

အဆိုပါတွေ့ဆုံပွဲအား RCSS၏ ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပြီး အရာရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသော ပြစ်ဒဏ်ကျခံသူများ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

RCSS အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရတဲ့ ပြစ်ဒဏ်ကျခံသူများ စုစုပေါင်း (၁၆၇) ဦးအား ဇန်နဝါရီလ ၁၈ ရက်မှစ၍ လွတ်ပေးသွားမယ်လို့ ထုတ်ပြန်ကြေညာထားတဲ့အတိုင်း RCSSရဲ့ ဌာနချုပ် လွယ်တိုင်းလျဲန်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် ပြစ်ဒဏ်ကျခံသူ စုစုပေါင်း (၁၄၀) ဦးအား လွတ်ပေးပြီး တွေ့ဆုံပွဲ ပြုလုပ်ကျင်းပခဲ့တဲ့အပြင် RCSS အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်း အသီးသီးမှ ပြစ်ဒဏ်ကျခံသူ (၂၇) ဦးကိုလည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လွတ်ပေးခဲ့​တယ်လို့သိရပါတယ်။

Zaw Gyi

ကြန္ကရက္ထုတ္ျပန္ခ်က္အတိုင္းျပစ္ဒဏ္က်ခံသူ (၁၆၇) ဦးအား RCSSမွ ျပန္လႊတ္ေပး

တတိယအႀကိမ္ေျမာက္ ေကာင္စီကြန္ဂရက္နဲ႔ ပတ္သက္ၿပီး သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ရဲ႕ ထုတ္ျပန္ေၾကညာခ်က္တြင္ ပါရွိတဲ့အတိုင္း RCSSရဲ႕ ဌာနခ်ဳပ္ လြယ္တိုင္းလ်ဲန္းရွိ ျပဳျပင္ထိန္းသိမ္းေရးစခန္းတြင္ ျပစ္ဒဏ္က်ခံသူ စုစုေပါင္း (၁၄၀) ဦးကို ဇန္နဝါရီလ ၁၉ရက္ေန႔က လြတ္ေပးၿပီး ေတြ႕ဆုံပြဲျပဳလုပ္က်င္းပခဲ့​တယ္လို႔သိရပါတယ္။

ယခုလအတြင္း ငါးရက္ၾကာျပဳလုပ္ခဲ့တဲ့ RCSSရဲ႕တတိယအႀကိမ္ေျမာက္ ေကာင္စီကြန္ဂရက္ကို ႀကိဳဆိုေသာအေနနဲ႔ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS အုပ္ခ်ဳပ္ေရးနယ္ေျမအတြင္းရွိ ျပဳျပင္ထိန္းသိမ္းေရးစခန္းအသီးသီးတြင္ ျပစ္ဒဏ္က်ခံေနရတဲ့ ျပစ္ဒဏ္က်ခံသူ စုစုေပါင္း (၁၆၇) ဦးအား ျပန္လည္လႊတ္ေပးခဲ့တယ္လို႔သိရပါတယ္။

အဆိုပါေတြ႕ဆုံပြဲအား RCSS၏ ဌာနခ်ဳပ္ လြယ္တိုင္းလ်ဲန္း၌ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၁၉ ရက္ေန႔တြင္ ျပဳလုပ္က်င္းပခဲ့ၿပီး အရာရွိပုဂၢိဳလ္မ်ား၊ ဌာနဆိုင္ရာ အႀကီးအကဲမ်ား နဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ရရွိေသာ ျပစ္ဒဏ္က်ခံသူမ်ား တက္ေရာက္ခဲ့တယ္လို႔သိရပါတယ္။

RCSS အုပ္ခ်ဳပ္ေရးနယ္ေျမအတြင္းရွိ ျပဳျပင္ထိန္းသိမ္းေရးစခန္းအသီးသီးတြင္ ျပစ္ဒဏ္က်ခံေနရတဲ့ ျပစ္ဒဏ္က်ခံသူမ်ား စုစုေပါင္း (၁၆၇) ဦးအား ဇန္နဝါရီလ ၁၈ ရက္မွစ၍ လြတ္ေပးသြားမယ္လို႔ ထုတ္ျပန္ေၾကညာထားတဲ့အတိုင္း RCSSရဲ႕ ဌာနခ်ဳပ္ လြယ္တိုင္းလ်ဲန္းရွိ ျပဳျပင္ထိန္းသိမ္းေရးစခန္းတြင္ ျပစ္ဒဏ္က်ခံသူ စုစုေပါင္း (၁၄၀) ဦးအား လြတ္ေပးၿပီး ေတြ႕ဆုံပြဲ ျပဳလုပ္က်င္းပခဲ့တဲ့အျပင္ RCSS အုပ္ခ်ဳပ္ေရးနယ္ေျမအတြင္းရွိ ျပဳျပင္ထိန္းသိမ္းေရးစခန္း အသီးသီးမွ ျပစ္ဒဏ္က်ခံသူ (၂၇) ဦးကိုလည္း ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၁၈ ရက္ေန႔တြင္ လြတ္ေပးခဲ့​တယ္လို႔သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here