တရားစီရင်ရေးကဏ္ဍအတွင်း အမှုကိစ္စများ မလိုအပ်ဘဲ ကြန့်ကြာတာတွေမရှိဖို့ နစက ဥက္ကဌ ​ဆွေး​နွေး

0
136

တရားစီရင်ရေးကဏ္ဍအတွင်း အမှုကိစ္စများ မလိုအပ်ဘဲ ကြန့်ကြာတာတွေမရှိဖို့ နစက ဥက္ကဌ ​ဆွေး​နွေး

နိုင်ငံ တည်ငြိမ် ဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဘဝများတိုးတက် ဖြစ်ထွန်းရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိနေတာမို့ ခေတ်ကာလနဲ့ လျော် ညီစေဖို့ အချို့သောဥပဒေတွေ၊ နည်းဥပဒေတွေကို ပြင်ဆင်တာ၊ ဖျက်သိမ်းတာ၊ အစားထိုးဖြည့် စွက်တာ၊ အသစ်ရေးဆွဲပြဌာန်းတာတွေ လုပ်ဆောင်နေတယ်လို့ နစကဥက္ကဋ္ဌက ဇန်နဝါရီ ၂၂ရက် မန္တလေးခရီးစဉ်အတွင်း ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံတဲ့ အထက်တန်း ရှေ့နေတွေ၊ တရားလွှတ်တော်ရှေ့နေတွေ၊ ဥပဒေအကြံပေးတွေနဲ့ ဥပဒေပညာရှင်တွေကို မွေးထုတ်နိုင်ပြီး မှန်ကန်တဲ့ တရားစီရင်ရေးစနစ်နဲ့ အဂတိလိုက်စားမှုကင်းတဲ့ နို င်ငံတစ်နိုင်ဖြစ်လာစေရေး မျှော်မှန်းဆောင်ရွက်နေတယ်လို့လည်း ပြောဆိုပါတယ်။

နောက်ပြီး နိုင်ငံသား အားလုံး အခြေခံ လူ့ အခွင့်အရေးတွေ ရရှိခံစားနိုင်ရန်လည်းလိုတဲ့အပြင် တရားစီရင်ရေး ကဏ္ဍမှာလည်း မလိုအပ်ဘဲ ကြန့်ကြာနေတဲ့ တရားမမှုများ၊ ရာဇဝတ်မှုများ၊ အယူခံမှု၊ ပြင်ဆင်မှု များကို အချိန်တိုတိုအတွင်း မှန်ကန်မြန်ဆန်စွာ ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ဖို့လည်း တရားရေးကဏ္ဍကို တိုက်တွန်းတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

Zaw Gyi

တရားစီရင္ေရးက႑အတြင္း အမႈကိစၥမ်ား မလိုအပ္ဘဲ ၾကန႔္ၾကာတာေတြမရွိဖို႔ နစက ဥကၠဌ ​ေဆြး​ေႏြး

ႏိုင္ငံ တည္ၿငိမ္ ဖြံ႕ၿဖိဳးေရးနဲ႔ လူမႈစီးပြားဘဝမ်ားတိုးတက္ ျဖစ္ထြန္းေရးတို႔ကို ဦးတည္ေဆာင္႐ြက္လ်က္ရွိေနတာမို႔ ေခတ္ကာလနဲ႔ ေလ်ာ္ ညီေစဖို႔ အခ်ိဳ႕ေသာဥပေဒေတြ၊ နည္းဥပေဒေတြကို ျပင္ဆင္တာ၊ ဖ်က္သိမ္းတာ၊ အစားထိုးျဖည့္ စြက္တာ၊ အသစ္ေရးဆြဲျပဌာန္းတာေတြ လုပ္ေဆာင္ေနတယ္လို႔ နစကဥကၠ႒က ဇန္နဝါရီ ၂၂ရက္ မႏၲေလးခရီးစဥ္အတြင္း ေျပာဆိုလိုက္ပါတယ္။

လက္ရွိမွာ က်င့္ဝတ္သိကၡာနဲ႔ ျပည့္စုံတဲ့ အထက္တန္း ေရွ႕ေနေတြ၊ တရားလႊတ္ေတာ္ေရွ႕ေနေတြ၊ ဥပေဒအႀကံေပးေတြနဲ႔ ဥပေဒပညာရွင္ေတြကို ေမြးထုတ္ႏိုင္ၿပီး မွန္ကန္တဲ့ တရားစီရင္ေရးစနစ္နဲ႔ အဂတိလိုက္စားမႈကင္းတဲ့ ႏို င္ငံတစ္ႏိုင္ျဖစ္လာေစေရး ေမွ်ာ္မွန္းေဆာင္႐ြက္ေနတယ္လို႔လည္း ေျပာဆိုပါတယ္။

ေနာက္ၿပီး ႏိုင္ငံသား အားလုံး အေျခခံ လူ႔ အခြင့္အေရးေတြ ရရွိခံစားႏိုင္ရန္လည္းလိုတဲ့အျပင္ တရားစီရင္ေရး က႑မွာလည္း မလိုအပ္ဘဲ ၾကန႔္ၾကာေနတဲ့ တရားမမႈမ်ား၊ ရာဇဝတ္မႈမ်ား၊ အယူခံမႈ၊ ျပင္ဆင္မႈ မ်ားကို အခ်ိန္တိုတိုအတြင္း မွန္ကန္ျမန္ဆန္စြာ ၿပီးေျမာက္ေအာင္ျမင္ေအာင္ ဝိုင္းဝန္း ပူးေပါင္းေဆာင္႐ြက္ဖို႔လည္း တရားေရးက႑ကို တိုက္တြန္းတာေတြလည္း လုပ္ေဆာင္ခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here