ဖုန်းကတ်သစ်များနှင့်အင်တာနက်ဝန် ဆောင်မှုများအတွက် ကုန်သွယ်လုပ်ငန်းခွန် ယနေ့စတင်ပြောင်းလဲ ဒေတာဝယ် ယူမှုစျေးနှုန်းများပါ ပြောင်းလဲမည်

0
228

ဖုန်းကတ်သစ်များနှင့်အင်တာနက်ဝန် ဆောင်မှုများအတွက် ကုန်သွယ်လုပ်ငန်းခွန် ယနေ့စတင်ပြောင်းလဲ ဒေတာဝယ် ယူမှုစျေးနှုန်းများပါ ပြောင်းလဲမည်

ပြည်ထောင်စု၏အခွန်ကောက်ဥပဒေသစ်ပြင်ဆင်ချက်အရ ဖုန်းကတ်သစ်များ၊အင်တာနက်ဒေတာဝန်ဆောင်မှုများအတွက် ကုန်သွယ်လုပ်ငန်းခွန်များအား ဇန်နဝါရီ ၂၂ ရက် (ယနေ့)မှစ၍ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခဲ့သည်။

ထိုသို့ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခြင်းအား ဆက်သွယ်ရေးဝန်ဆောင်မှုလုပ် ငန်းများဖြစ်သည့် MPT, Telenor နှင့် Ooredoo တို့မှသုံးစွဲသူများထံသို့ အသိ ပေးစာများအား အသီးသီးပေးပို့ခဲ့ကြသည်။

ပြင်ဆင်ပြောင်းလဲခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားများမှာ ဖုန်းကတ်သစ်များအတွက် ၂၀၀၀၀ ကျပ်နှင့်အင်တာနက်ဒေတာဝန်ဆောင်မှုများအတွက် ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး ဒေတာဝန်ဆောင်မှုနှုန်းထားများကိုလည်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများက ယနေ့၌ပင် စတင်ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်သည်ဟု ​ရေးသားထားသည်။

ထိုသို့ ပြောင်းလဲသတ်မှတ်လိုက်သော်လည်း ဝယ်ယူထားပြီးသည့် ဝန်ဆောင်မှုများအား သက်တမ်းကုန်ဆုံးရက်အထိ (သို့)ရရှိထားသော အသုံးပြုနိုင်မှု ပမာ ဏကုန်ဆုံးချိန်အထိ အသုံးပြုနိုင်မည်ဖြစ် သည်။

ဖုန်းခေါ်ဆိုမှုနှင့်စာတိုပေးပို့မှု(SMS) အသုံးပြုမှုတို့အတွက်မူ စျေးနှုန်းပြောင်းလဲမည်မဟုတ်ဘဲ ယခင်စျေးနှုန်းများအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်ဟု အသိပေးစာများ၌ရေးသားထားသည်။

Zaw gyi

ဖုန္းကတ္သစ္မ်ားႏွင့္အင္တာနက္ဝန္ ေဆာင္မႈမ်ားအတြက္ ကုန္သြယ္လုပ္ငန္းခြန္ ယေန႔စတင္ေျပာင္းလဲ ေဒတာဝယ္ ယူမႈေစ်းႏႈန္းမ်ားပါ ေျပာင္းလဲမည္

ျပည္ေထာင္စု၏အခြန္ေကာက္ဥပေဒသစ္ျပင္ဆင္ခ်က္အရ ဖုန္းကတ္သစ္မ်ား၊အင္တာနက္ေဒတာဝန္ေဆာင္မႈမ်ားအတြက္ ကုန္သြယ္လုပ္ငန္းခြန္မ်ားအား ဇန္နဝါရီ ၂၂ ရက္ (ယေန႔)မွစ၍ ျပင္ဆင္ေျပာင္းလဲသတ္မွတ္ခဲ့သည္။

ထိုသို႔ ျပင္ဆင္ေျပာင္းလဲသတ္မွတ္ျခင္းအား ဆက္သြယ္ေရးဝန္ေဆာင္မႈလုပ္ ငန္းမ်ားျဖစ္သည့္ MPT, Telenor ႏွင့္ Ooredoo တို႔မွသုံးစြဲသူမ်ားထံသို႔ အသိ ေပးစာမ်ားအား အသီးသီးေပးပို႔ခဲ့ၾကသည္။

ျပင္ဆင္ေျပာင္းလဲခဲ့သည့္ ကုန္သြယ္လုပ္ငန္းခြန္ႏႈန္းထားမ်ားမွာ ဖုန္းကတ္သစ္မ်ားအတြက္ ၂၀၀၀၀ က်ပ္ႏွင့္အင္တာနက္ေဒတာဝန္ေဆာင္မႈမ်ားအတြက္ ၁၅ ရာခိုင္ႏႈန္း ေပးေဆာင္ရမည္ျဖစ္ၿပီး ေဒတာဝန္ေဆာင္မႈႏႈန္းထားမ်ားကိုလည္း ဆက္သြယ္ေရးဝန္ေဆာင္မႈလုပ္ငန္းမ်ားက ယေန႔၌ပင္ စတင္ျပင္ဆင္သတ္မွတ္သြားမည္ျဖစ္သည္ဟု ​ေရးသားထားသည္။

ထိုသို႔ ေျပာင္းလဲသတ္မွတ္လိုက္ေသာ္လည္း ဝယ္ယူထားၿပီးသည့္ ဝန္ေဆာင္မႈမ်ားအား သက္တမ္းကုန္ဆုံးရက္အထိ (သို႔)ရရွိထားေသာ အသုံးျပဳႏိုင္မႈ ပမာ ဏကုန္ဆုံးခ်ိန္အထိ အသုံးျပဳႏိုင္မည္ျဖစ္ သည္။

ဖုန္းေခၚဆိုမႈႏွင့္စာတိုေပးပို႔မႈ(SMS) အသုံးျပဳမႈတို႔အတြက္မူ ေစ်းႏႈန္းေျပာင္းလဲမည္မဟုတ္ဘဲ ယခင္ေစ်းႏႈန္းမ်ားအတိုင္း အသုံးျပဳႏိုင္မည္ျဖစ္သည္ဟု အသိေပးစာမ်ား၌ေရးသားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here