လုပ်ငန်းသုံးကား တစ်မျိုးသာ တင်သွင်းခွင့်ပြုထားတာကြောင့် ဝယ်/ရောင်း ကားဈေးကွက် အလုပ်ဖြစ်နေ

0
166

လုပ်ငန်းသုံးကား တစ်မျိုးသာ တင်သွင်းခွင့်ပြုထားတာကြောင့် ဝယ်/ရောင်း ကားဈေးကွက် အလုပ်ဖြစ်နေ


နစက ရဲ့စီးပွားကူးသန်းဝန်ကြီးဌာန ကထုတ်ပြန်ထားတဲ့ ကားတင်သွင်းခွင့်မူဝါဒမှာ လုပ်ငန်းသုံးကားတစ်မျိုးထဲသာ တင်သွင်းခွင့်ပေးထားတဲ့အတွက် ပြည်တွင်းက တစ်ပတ်ရစ် ကား‌ဝယ်ရောင်း ဈေးကွက် အလုပ်ဖြစ် နေတယ်လို့ သိရပါတယ်။

ကားအသစ်တွေ တင်သွင်းခွင့် ထဲမှာ လတ်တလောအားဖြင့်လုပ်ငန်းသုံးကားတစ်မျိုးထဲ သာခွင့်ပြုထားတာကြောင့် အိမ်စီးကား တင်သွင်းခွင့် ကန့်သတ် ချက်ရှိနေပြီး ရောက်ရှိပြီးတစ်ပတ်ရစ်ကားများကိုသာ အရောင်းအဝယ်ပြုနေရခြင်းဖြစ်သည်။

ယခင်က ကားအသစ်ဝယ်ယူစီးနင်းပြီး ပြန်လည်ရောင်းချလျှင် အရှုံးပြနေသည့်အခြေအနေမှ ယခု အခါ ဈေးကွက် အရ တစ်ပတ်ရစ်ကားအရောင်းမဝယ် အမြတ်ဖြစ်ပေါ်လျှက်ရှိ နေသည်ဟု ကားအကျိုးဆောင်များထံမှသိရသည်။

ဘယ်မောင်းကားအသစ်များကို ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်နေသည့် အမှတ်တံဆိပ်များကိုလည်းလူကြိုက်များအရောင်းအဝယ် ဖြစ်နေပြီး ပြန်လည်ရောင်းချကြသည့် ဈေးကွက်တွင်လည်း အမြတ်အစွန်းများ ရနေသည်ဟု‌ ဈေးကွက်အတွင်းမှ သိရသည်။

Zaw Gyi







LEAVE A REPLY

Please enter your comment!
Please enter your name here