မန္တလေး ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်နှင့်စစ်မှုထမ်းဟောင်းတစ်ဦး၏အိမ် လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရ

0
152

မန္တလေး ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်နှင့်စစ်မှုထမ်းဟောင်းတစ်ဦး၏အိမ် လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရ

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊(ဂ)ရပ်ကွက်၊(အ)၁၇မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို အမည်မသိသူ ၂ဦးက လက်လုပ်ဗုံးနဲ့ ဒီကနေ့ ဇန်နဝါရီ ၂၃ရက် မနက်ပိုင်းက လာရောက်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူအချို့က ပြောပါတယ်။

“အုပ်ကြီးအိမ် ပစ်ခံရတာ အသံအကျယ်ကြီးပဲ အုံးဆိုပြီး။ထိခိုက်သေဆုံးတာမရှိဘူးလို့တော့ သိရတယ်”လို့ ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ် လက်လုပ်ဗုံးနဲ့ အပစ်ခံခဲ့ရသလို အဲ့ဒီရပ်ကွက်ထဲက စစ်မှုထမ်းဟောင်းတစ်ဦးရဲ့ နေအိမ်ကိုလည်း ဆိုင်ကယ်စီးအမျိုးသား ၂ဦးက ဒီကနေ့ မနက် ၆နာရီခန့်မှာ လက်လုပ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်လို့ လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပြပါတယ်။

ဖြစ်စဉ် ၂ခုစလုံး ထိခိုက်မှုကြီးကြီးမားမား မရှိခဲ့တဲ့အပြင် ဒဏ်ရာရမှု၊သေဆုံးမှု မရှိဘူးလို့လည်း သိရပါတယ်။

အခုရက်ပိုင်းအတွင်း မန္တလေးပြည်ကြီးတံခွန်မြို့နယ်အတွင်း (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အပါအဝင် ကွဲဆည်ကန်မြဝတီဘဏ် စတဲ့ နေရာအချို့ မှာ လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်ခံရတာရှိပါတယ်။

Zaw Gyi

မႏၲေလး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအိမ္ႏွင့္စစ္မႈထမ္းေဟာင္းတစ္ဦး၏အိမ္ လက္လုပ္ဗုံးျဖင့္ ပစ္ခတ္ခံရ

မႏၲေလးၿမိဳ႕၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊(ဂ)ရပ္ကြက္၊(အ)၁၇မွာရွိတဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးရဲ႕ ေနအိမ္ကို အမည္မသိသူ ၂ဦးက လက္လုပ္ဗုံးနဲ႔ ဒီကေန႔ ဇန္နဝါရီ ၂၃ရက္ မနက္ပိုင္းက လာေရာက္ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့တယ္လို႔ ရပ္ကြက္ေနသူအခ်ိဳ႕က ေျပာပါတယ္။

“အုပ္ႀကီးအိမ္ ပစ္ခံရတာ အသံအက်ယ္ႀကီးပဲ အုံးဆိုၿပီး။ထိခိုက္ေသဆုံးတာမရွိဘူးလို႔ေတာ့ သိရတယ္”လို႔ ရပ္ကြက္ေနသူတစ္ဦးကေျပာပါတယ္။

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအိမ္ လက္လုပ္ဗုံးနဲ႔ အပစ္ခံခဲ့ရသလို အဲ့ဒီရပ္ကြက္ထဲက စစ္မႈထမ္းေဟာင္းတစ္ဦးရဲ႕ ေနအိမ္ကိုလည္း ဆိုင္ကယ္စီးအမ်ိဳးသား ၂ဦးက ဒီကေန႔ မနက္ ၆နာရီခန႔္မွာ လက္လုပ္ဗုံးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာရွိတယ္လို႔ လုံၿခဳံေရးအသိုင္းအဝိုင္းနဲ႔ နီးစပ္သူတစ္ဦးကေျပာျပပါတယ္။

ျဖစ္စဥ္ ၂ခုစလုံး ထိခိုက္မႈႀကီးႀကီးမားမား မရွိခဲ့တဲ့အျပင္ ဒဏ္ရာရမႈ၊ေသဆုံးမႈ မရွိဘူးလို႔လည္း သိရပါတယ္။

အခုရက္ပိုင္းအတြင္း မႏၲေလးျပည္ႀကီးတံခြန္ၿမိဳ႕နယ္အတြင္း (ဆ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး အပါအဝင္ ကြဲဆည္ကန္ျမဝတီဘဏ္ စတဲ့ ေနရာအခ်ိဳ႕ မွာ လက္လုပ္ဗုံးေတြနဲ႔ ပစ္ခတ္ခံရတာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here