မွေးနေ့အလှူအဖြစ်မှန်ကင်းပရဟိတမိဘမဲ့ကလေးကျောင်းမှာ အစားသောက်များလှူဒါန်းခဲ့တဲ့ ကလေးသရုပ်ဆောင်ငြိမ်းစုဝေ

0
187

(Unicode)

မွေးနေ့အလှူအဖြစ်မှန်ကင်းပရဟိတမိဘမဲ့ကလေးကျောင်းမှာ အစားသောက်များလှူဒါန်းခဲ့တဲ့ ကလေးသရုပ်ဆောင်ငြိမ်းစုဝေ

ကလေးသရုပ်ဆောင်ငြိမ်းစုဝေကတော့ သူမရဲ့ ၁၁ နှစ်ပြည့်မွေးနေ့အလှူလေးမှာ မှန်ကင်းပရဟိတကျောင်းမှာရှိတဲ့မိဘမဲ့ကလေးများအတွက် နေ့လည်စာများလှူဒါန်းပေးခဲ့တဲ့အပြင် မုန့်များပါဝေပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်တာနဲ့ပတ်သက်ပြီးကလေးသရုပ်ဆောင်ငြိမ်းစုဝေက” သမီးရဲ့ ၁၁နှစ်ပြည့်မွေးနေ့အလှူလေးအဖြစ်မှန်ကင်းပရဟိတမိဘမဲ့ကလေးအယောက်၇၀စာအတွက်နေ့ခင်းထမင်းကျွေးပြီးဝေဖို့ပြင်ဆင်ထားတယ်။ မွေးနေ့နဲ့ပတ်သက်ပြီး နှစ်တိုင်းတော့လှူဖြစ်ပါတယ်။ ဒီနှစ်တော့ မှန်ကင်းမိဘမဲ့ကျောင်းမှာလှူချင်လို့လှူဖြစ်ခဲ့တာပါ ” လို့ပြောပါတယ်။

အခုလက်ရှိမှာ ကလေးသရုပ်ဆောင်ငြိမ်းစုဝေအနေနဲ့ online ကြော်ငြာများ အပြင် တခြားရိုက်ကူးရေးများရိုက်ကူးနေပြီးရတဲ့အနုပညာကြေးထဲက တချို့ကိုလှူဒါန်း​ပေးခဲ့တာဖြစ်ပါတယ်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here