မိုင်းကိုင်မြို့နယ်ထွေအုပ်ရုံးအနီး လက်လုပ်ဗုံးပေါက်ကွဲ

0
94

(Unicode)

မိုင်းကိုင်မြို့နယ်ထွေအုပ်ရုံးအနီး လက်လုပ်ဗုံးပေါက်ကွဲ

ရှမ်းပြည်(တောင်ပိုင်း)၊မိုင်းကိုင်မြို့၏ မြို့နယ်ထွေအုပ်ရုံးအနီးတွင် ဇန်နဝါရီ ၂၄ ရက်ည ၁၀ နာရီခွဲခန့်က လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

လက်လုပ်ဗုံးပေါက်ကွဲသည့် နေရာမှာထွေအုပ်ရုံးရှေ့ရှိ အုတ်ခုံအောက်ခြေ၌ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

“ညဖက်ပေါက်တာဆိုတော့ လူထိခိုက်တာမရှိဘူး ဒါပေမယ့်ပေါက်ကွဲသံကကျယ်တော့လန့်ပြီး တစ်ညလုံးအိပ်လို့မရတော့ဘူး ညကလည်းလုံခြုံရေးတွေရောက်လာသလို မနက်ကလည်းရောက်နေကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် အုတ်ခုံအောက်ခြေအနည်းငယ်ပျက်စီးခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များကအခင်းဖြစ်နေရာအား ယနေ့နံနက်ပိုင်း၌အသေးစိတ် စစ်ဆေးရာ လက်လုပ်ဗုံးအပိုင်းအစများအားရှာဖွေသိမ်းဆီးရမိခဲ့သည်။

(Zawgyi)

မိုင္းကိုင္ၿမိဳ႕နယ္ေထြအုပ္႐ုံးအနီး လက္လုပ္ဗုံးေပါက္ကြဲ

ရွမ္းျပည္(ေတာင္ပိုင္း)၊မိုင္းကိုင္ၿမိဳ႕၏ ၿမိဳ႕နယ္ေထြအုပ္႐ုံးအနီးတြင္ ဇန္နဝါရီ ၂၄ ရက္ည ၁၀ နာရီခြဲခန္႔က လက္လုပ္ဗုံးတစ္လုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

လက္လုပ္ဗုံးေပါက္ကြဲသည့္ ေနရာမွာေထြအုပ္႐ုံးေရွ႕ရွိ အုတ္ခုံေအာက္ေျခ၌ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး ေပါက္ကြဲမႈေၾကာင့္ လူထိခိုက္မႈ မရွိခဲ့ေၾကာင္း သိရသည္။

“ညဖက္ေပါက္တာဆိုေတာ့ လူထိခိုက္တာမရွိဘူး ဒါေပမယ့္ေပါက္ကြဲသံကက်ယ္ေတာ့လန္႔ၿပီး တစ္ညလုံးအိပ္လို႔မရေတာ့ဘူး ညကလည္းလုံၿခဳံေရးေတြေရာက္လာသလို မနက္ကလည္းေရာက္ေနၾကတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

ျဖစ္စဥ္တြင္ အုတ္ခုံေအာက္ေျခအနည္းငယ္ပ်က္စီးခဲ့ၿပီး လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကအခင္းျဖစ္ေနရာအား ယေန႔နံနက္ပိုင္း၌အေသးစိတ္ စစ္ေဆးရာ လက္လုပ္ဗုံးအပိုင္းအစမ်ားအားရွာေဖြသိမ္းဆီးရမိခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here