နေပြည်တော်တွင် အသံတိတ်သပိတ်၌ ပါဝင်ခြင်းမပြုရန် လုံခြုံရေး အဖွဲ့ဝင်များက လိုက်လံနှိုးဆော်

0
336

နေပြည်တော်တွင် အသံတိတ်သပိတ်၌ပါဝင်ခြင်းမပြုရန် လုံခြုံရေးအဖွဲ့ဝင်များက လိုက်လံနှိုးဆော်

နေပြည်တော်ရှိ မြို့နယ်များအတွင်း နေထိုင်သူ များအား ဖေဖော်ဝါရီ ၁ ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန်လှုံ​ဆော်မှုအား ပါဝင်ခြင်းမပြုရန် နစက ၏လုံခြုံရေးအဖွဲ့ဝင်များ၊စည်ပင်သာယာရေးဝန်ထမ်းများ၊ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ရပ်မိရပ်ဖများက လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။

ဇန်နဝါရီ ၂၇ ရက်မှစတင်၍ လိုက်လံနှိုးဆော်အ သိပေးလျက်ရှိပြီး လိုက်နာခြင်းမရှိသူများအား ဥပဒေအရအရေးယူသွားမည်ဟုလည်း အသိပေးနှိုးဆော်ခဲ့ကြသည်။

“အသံချဲ့စက်တွေနဲ့လိုက်အော်တယ် လက်ကမ်းစာစောင်တွေလည်းပေးတယ် အသံတိတ်သပိတ်မှာမပါဖို့နဲ့ပါတယ်ဆိုရင် အရေးယူမယ်ပေါ့ နောက်ပြီး ဆိုင်တွေမပိတ်ဖို့လည်းပြောတယ်”ဟုပျဥ်းမနားမြို့နယ်နေသူတစ်ဦးကပြောသည်။

ဥတ္တရသီရိမြို့နယ်၊ပျဥ်းမနားမြို့နယ်၊လယ်ဝေးမြို့နယ်၊ဇဗ္ဗူသီရိမြို့နယ်၊ပုဗ္ဗသီရိမြို့နယ်၊တပ်ကုန်းမြို့နယ်၊ဇေယျာသီရိမြို့နယ်များအတွင်းရှိ စျေးများ၊ရပ်ကွက်များနှင့်လမ်းသွားလမ်းလာများအား အသံတိတ်သပိတ်၌ပါဝင်ခြင်းမပြုရန် လက်ကမ်းစာစောင်များဝေငှခြင်း၊အသံချဲ့စက်များဖြင့်အသိပေးကြေညာခြင်းများအားပြုလုပ်ခဲ့ကြသည်။

လက်ကမ်းစာစောင်များ၌ အကြမ်းဖက်အဖွဲ့အ စည်းများ၏ လှုံ့ဆော်မှုအတိုင်းလိုက်ပါလုပ် ဆောင်ခြင်းမပြုရန်၊ဆိုင်ပိတ်သိမ်းခြင်းမပြုရန်၊လက်ခုပ်တီးခြင်း၊သံပုံးတီးခြင်း၊ကားဟွန်းတီးခြင်းများမပြုလုပ်ရန်နှင့်အသံတိတ်သပိတ်၌ပါ ဝင်ဆောင်ရွက်ပါက ဥပဒေအရအရေးယူခံရမည်ဟူသည့် စာများရေးသားထားသည်။

Zaw Gyi

ေနျပည္ေတာ္တြင္ အသံတိတ္သပိတ္၌ပါဝင္ျခင္းမျပဳရန္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လိုက္လံႏႈိးေဆာ္

ေနျပည္ေတာ္ရွိ ၿမိဳ႕နယ္မ်ားအတြင္း ေနထိုင္သူ မ်ားအား ေဖေဖာ္ဝါရီ ၁ ရက္တြင္ အသံတိတ္သပိတ္ျပဳလုပ္ရန္လႈံ​ေဆာ္မႈအား ပါဝင္ျခင္းမျပဳရန္ နစက ၏လုံၿခဳံေရးအဖြဲ႕ဝင္မ်ား၊စည္ပင္သာယာေရးဝန္ထမ္းမ်ား၊ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားႏွင့္ရပ္မိရပ္ဖမ်ားက လိုက္လံအသိေပးႏႈိးေဆာ္လ်က္ရွိသည္။

ဇန္နဝါရီ ၂၇ ရက္မွစတင္၍ လိုက္လံႏႈိးေဆာ္အ သိေပးလ်က္ရွိၿပီး လိုက္နာျခင္းမရွိသူမ်ားအား ဥပေဒအရအေရးယူသြားမည္ဟုလည္း အသိေပးႏႈိးေဆာ္ခဲ့ၾကသည္။

“အသံခ်ဲ႕စက္ေတြနဲ႔လိုက္ေအာ္တယ္ လက္ကမ္းစာေစာင္ေတြလည္းေပးတယ္ အသံတိတ္သပိတ္မွာမပါဖို႔နဲ႔ပါတယ္ဆိုရင္ အေရးယူမယ္ေပါ့ ေနာက္ၿပီး ဆိုင္ေတြမပိတ္ဖို႔လည္းေျပာတယ္”ဟုပ်ဥ္းမနားၿမိဳ႕နယ္ေနသူတစ္ဦးကေျပာသည္။

ဥတၱရသီရိၿမိဳ႕နယ္၊ပ်ဥ္းမနားၿမိဳ႕နယ္၊လယ္ေဝးၿမိဳ႕နယ္၊ဇဗၺဴသီရိၿမိဳ႕နယ္၊ပုဗၺသီရိၿမိဳ႕နယ္၊တပ္ကုန္းၿမိဳ႕နယ္၊ေဇယ်ာသီရိၿမိဳ႕နယ္မ်ားအတြင္းရွိ ေစ်းမ်ား၊ရပ္ကြက္မ်ားႏွင့္လမ္းသြားလမ္းလာမ်ားအား အသံတိတ္သပိတ္၌ပါဝင္ျခင္းမျပဳရန္ လက္ကမ္းစာေစာင္မ်ားေဝငွျခင္း၊အသံခ်ဲ႕စက္မ်ားျဖင့္အသိေပးေၾကညာျခင္းမ်ားအားျပဳလုပ္ခဲ့ၾကသည္။

လက္ကမ္းစာေစာင္မ်ား၌ အၾကမ္းဖက္အဖြဲ႕အ စည္းမ်ား၏ လႈံ႕ေဆာ္မႈအတိုင္းလိုက္ပါလုပ္ ေဆာင္ျခင္းမျပဳရန္၊ဆိုင္ပိတ္သိမ္းျခင္းမျပဳရန္၊လက္ခုပ္တီးျခင္း၊သံပုံးတီးျခင္း၊ကားဟြန္းတီးျခင္းမ်ားမျပဳလုပ္ရန္ႏွင့္အသံတိတ္သပိတ္၌ပါ ဝင္ေဆာင္႐ြက္ပါက ဥပေဒအရအေရးယူခံရမည္ဟူသည့္ စာမ်ားေရးသားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here