မြန်မာနိုင်ငံသား ၁၀ ဦးတင်ဆောင်လာသည့်ကားအား ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ကသေနတ်ဖြင့်ပစ်ခတ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

0
140

မြန်မာနိုင်ငံသား ၁၀ ဦးတင်ဆောင်လာသည့်ကားအား ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ကသေနတ်ဖြင့်ပစ်ခတ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊စိုင်ယို့မြို့ နယ်၊စိုင်ယို့ကျေးရွာအနီး၌ ဇန်နဝါရီ ၂၈ ရက်နံ နက် ၁၀ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု ထိုင်းဒေသတွင်းသတင်းများ၌ရေးသားဖော်ပြထားသည်။

တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးအားတင်ဆောင်လာသည့် ကိုယ်ပိုင်ကားအား စိုင်ယို့ကျေးရွာလုံခြုံရေးအဖွဲ့များက စစ် ဆေးရန်တားဆီးစဥ်ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ထို့ကြောင့် ကျေးရွာလုံခြုံရေးအဖွဲ့ဝင်တစ်ဦးက မောင်းနှင်ထွက်ပြေးသွားသည့် ကားအားအ နောက်မှသေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုကြောင့် အသက်(၂၈)နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးတွင် ဦးခေါင်းကျည်ထိမှန်၍ အခင်းဖြစ်နေရာ၌သေဆုံးကာ အသက်(၂၀) အရွယ်ရှိ မြန်မာအမျိုးသမီးတစ်ဦးတွင်လည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ကျန်ချနဘူရီဆေးရုံသို့ ဆေးကုသရန်တင်ပို့ခဲ့ရသည်။

အဆိုပါ ဖြစ်စဥ်တွင်ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် မြန်မာအလုပ်သမားများအား တင်ဆောင်မောင်းနှင်လာသည့် ယာဥ်မောင်းအား ဖမ်းဆီးရမိထားသည်ဟု ကန်ချနဘူရီ ခရိုင်ရဲမှူး Pairote Khumphai ထံမှသိရသည်။

အလားတူ ဆိုင်ယို့မြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ကျေးရွာလုံခြုံရေးအ ဖွဲ့ဝင်အား ရဲစခန်းသို့ခေါ်ဆောင်လာခဲ့ပြီးအမှုဖွင့်ခဲ့သည်။

Zaw Gyi

ျမန္မာႏိုင္ငံသား ၁၀ ဦးတင္ေဆာင္လာသည့္ကားအား ထိုင္းေက်း႐ြာလုံၿခဳံေရးအဖြဲ႕ကေသနတ္ျဖင့္ပစ္ခတ္တစ္ဦးေသဆုံးၿပီး တစ္ဦးဒဏ္ရာရ

ထိုင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီခ႐ိုင္၊စိုင္ယို႔ၿမိဳ႕ နယ္၊စိုင္ယို႔ေက်း႐ြာအနီး၌ ဇန္နဝါရီ ၂၈ ရက္နံ နက္ ၁၀ နာရီဝန္းက်င္ခန္႔က ျဖစ္ပြားခဲ့ျခင္းျဖစ္ သည္ဟု ထိုင္းေဒသတြင္းသတင္းမ်ား၌ေရးသားေဖာ္ျပထားသည္။

တရားမဝင္ ဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသား ၁၀ ဦးအားတင္ေဆာင္လာသည့္ ကိုယ္ပိုင္ကားအား စိုင္ယို႔ေက်း႐ြာလုံၿခဳံေရးအဖြဲ႕မ်ားက စစ္ ေဆးရန္တားဆီးစဥ္ရပ္တန္႔ေပးျခင္းမရွိဘဲ ေမာင္းႏွင္ထြက္ေျပးသြားခဲ့သည္။

ထို႔ေၾကာင့္ ေက်း႐ြာလုံၿခဳံေရးအဖြဲ႕ဝင္တစ္ဦးက ေမာင္းႏွင္ထြက္ေျပးသြားသည့္ ကားအားအ ေနာက္မွေသနတ္ျဖင့္ပစ္ခတ္ခဲ့သည္။

ပစ္ခတ္မႈေၾကာင့္ အသက္(၂၈)ႏွစ္အ႐ြယ္ ျမန္မာအမ်ိဳးသားတစ္ဦးတြင္ ဦးေခါင္းက်ည္ထိမွန္၍ အခင္းျဖစ္ေနရာ၌ေသဆုံးကာ အသက္(၂၀) အ႐ြယ္ရွိ ျမန္မာအမ်ိဳးသမီးတစ္ဦးတြင္လည္း က်ည္ထိမွန္ဒဏ္ရာရရွိခဲ့သျဖင့္ က်န္ခ်နဘူရီေဆး႐ုံသို႔ ေဆးကုသရန္တင္ပို႔ခဲ့ရသည္။

အဆိုပါ ျဖစ္စဥ္တြင္ထြက္ေျပးတိမ္းေရွာင္သြားခဲ့သည့္ ျမန္မာအလုပ္သမားမ်ားအား တင္ေဆာင္ေမာင္းႏွင္လာသည့္ ယာဥ္ေမာင္းအား ဖမ္းဆီးရမိထားသည္ဟု ကန္ခ်နဘူရီ ခ႐ိုင္ရဲမႉး Pairote Khumphai ထံမွသိရသည္။

အလားတူ ဆိုင္ယို႔ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမွလည္း ေသနတ္ျဖင့္ပစ္ခတ္ခဲ့သည့္ ေက်း႐ြာလုံၿခဳံေရးအ ဖြဲ႕ဝင္အား ရဲစခန္းသို႔ေခၚေဆာင္လာခဲ့ၿပီးအမႈဖြင့္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here