ဖာပွန်မြို့ရှိ အရပ်ဖက်ဌာနဆိုင်ရာဝန် ထမ်းများ ၁၀ ရက်အတွင်းထွက်ခွာရန် KNU အသိပေးစာထုတ်

0
304

ဖာပွန်မြို့ရှိ အရပ်ဖက်ဌာနဆိုင်ရာဝန် ထမ်းများ ၁၀ ရက်အတွင်းထွက်ခွာရန် KNU အသိပေးစာထုတ်

ကရင်ပြည်နယ်၊မူတြော်ခရိုင်၊ဖာပွန်မြို့ရှိ အရပ်ဖက်ဌာနဆိုင်ရာရုံးများ၌ တာဝန်ထမ်းဆောင်နေသူများအား KNU / KNLA တပ်မဟာ(၅)မှ ဖာပွန်မြို့အတွင်းမှ ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အတွင်း အမြန်ဆုံးပြန်လည်ထွက်ခွာရန် ဇန်နဝါရီ ၂၉ ရက်ကအသိပေးစာထွက်ပေါ်ခဲ့သည်။

ဖာပွန်မြို့သည် KNU / KNLA တပ်မဟာ (၅)နယ်မြေအတွင်း၌တည်ရှိသဖြင့် အ ရပ်ဖက်ဝန်ထမ်းများအား အသိပေးစာထုတ်ပြန်၍ ပြန်လည်ထွက်ခွာစေခြင်းဖြစ်သည်။

အရပ်ဖက်ဝန်ထမ်းများအနေဖြင့် နေရပ်အသီးသီးသို့ ဖာပွန်မြို့မှတဆင့် ရေ လမ်းခရီးဖြင့်သတ်မှတ်ရက်အတွင်းအမြန်ဆုံးပြန်လည်ထွက်ခွာရန်ရေးသား
ထားသည်။

“စာထွက်လာတာတွေ့တယ် အခုအဲ့ကိစ္စကိုသေချာအောင်တော့လိုက်မေးနေရတယ် အမြန်ဆုံးပြန်ထွက်ရမယ် ကျွန် တော်တို့ကဘယ်လိုလုပ်အဆင်ပြေမှာလဲဗျာ မိသားစုတွေနဲ့ဆိုတော့အခက်အခဲတွေဖြစ်တာပေါ့”ဟုဖာပွန်မြို့ရှိ ဝန်ထမ်းတစ်ဦးကပြောသည်။

အလားတူ မြို့ခံဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း ဇန်နဝါရီ ၁၀ ရက်နောက်ဆုံးထား၍ တာဝန်ထမ်းဆောင်ခြင်းများအားရှောင်ရှားရန် အသိပေးထုတ်ပြန်ခဲ့သည်။

Zaw Gyi




ထားသည်။




LEAVE A REPLY

Please enter your comment!
Please enter your name here