မြိုင်မြို့နယ် ဝက်ကျုံးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သီလရှင်ဆရာကြီးတစ်ပါး သေနတ်ဖြင့်ပစ်သတ်ခံရဟု နစက ထုတ်ပြန်

0
162

(Unicode)

မြိုင်မြို့နယ် ဝက်ကျုံးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သီလရှင်ဆရာကြီးတစ်ပါး သေနတ်ဖြင့်ပစ်သတ်ခံရဟု နစက ထုတ်ပြန်

မကွေးတိုင်း၊မြိုင်မြို့နယ်၊ဝက်ကျုံးကျေးရွာရှိ သာသနာ့ဇောတိကာရုံကျောင်းတိုက်(မြောက်) ကျောင်း၏ ကျောင်းဆောင်ဘေးအဖီတဲအတွင်း၌ သီလရှင်ဆရာကြီးသည် ဇန်နဝါရီ ၃၀ ရက်နေ့လည် ၁ နာရီက တစ်ပါးတည်းရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

သီလရှင်ဆရာကြီး ဒေါ်နန္ဒသီရိ(ခ)ဒေါ်ထွေးကြည် (၅၇)နှစ်(၁၅)ဝါအား Mask တပ်ထားသည့် အမျိုး သား ၃ ဦးနှင့်အမျိုးသမီး ၁ ဦးတို့က ဆိုင်ကယ်နှစ်စီးဖြင့် ကျောင်းရှေ့သို့ရောက်လာကာ အမျိုးသား ၃ ဦးမှ ဘုန်းကြီးကျောင်းခြံစည်းရိုးအုတ်တံတိုင်းအားကျော်တက်ပြီး သီလရှင်ဆရာကြီးအား ပစ္စတိုသေနတ်ဖြင့် ၂ ချက် ဝိုင်းဝန်းပစ်ခတ်ခဲ့သည်။

သေနတ်ဖြင့်ပစ်သတ်ခံရသဖြင့် သီလရှင်ဆရာ ကြီးသည် နဖူးကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲမျက်ခုံးအထက်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာအား စစ်ဆေးရာ ကျည်ခွံနှင့်၎င်းကျည်ဆံတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွင် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးလျက်ရှိသည်။

(Zawgyi)

ၿမိဳင္ၿမိဳ႕နယ္ ဝက္က်ဳံးေက်းရြာရွိ ဘုန္းေတာ္ႀကီးေက်ာင္းဝင္းအတြင္း၌ သီလရွင္ဆရာႀကီးတစ္ပါး ေသနတ္ျဖင့္ပစ္သတ္ခံရဟု နစက ထုတ္ျပန္

မေကြးတိုင္း၊ၿမိဳင္ၿမိဳ႕နယ္၊ဝက္က်ဳံးေက်းရြာရွိ သာသနာ့ေဇာတိကာ႐ုံေက်ာင္းတိုက္(ေျမာက္) ေက်ာင္း၏ ေက်ာင္းေဆာင္ေဘးအဖီတဲအတြင္း၌ သီလရွင္ဆရာႀကီးသည္ ဇန္နဝါရီ ၃၀ ရက္ေန႔လည္ ၁ နာရီက တစ္ပါးတည္းရွိေနစဥ္ ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရျခင္းျဖစ္သည္ဟု နစက ကထုတ္ျပန္ခဲ့သည္။

သီလရွင္ဆရာႀကီး ေဒၚနႏၵသီရိ(ခ)ေဒၚေထြးၾကည္ (၅၇)ႏွစ္(၁၅)ဝါအား Mask တပ္ထားသည့္ အမ်ိဳး သား ၃ ဦးႏွင့္အမ်ိဳးသမီး ၁ ဦးတို႔က ဆိုင္ကယ္ႏွစ္စီးျဖင့္ ေက်ာင္းေရွ႕သို႔ေရာက္လာကာ အမ်ိဳးသား ၃ ဦးမွ ဘုန္းႀကီးေက်ာင္းၿခံစည္းရိုးအုတ္တံတိုင္းအားေက်ာ္တက္ၿပီး သီလရွင္ဆရာႀကီးအား ပစၥတိုေသနတ္ျဖင့္ ၂ ခ်က္ ဝိုင္းဝန္းပစ္ခတ္ခဲ့သည္။

ေသနတ္ျဖင့္ပစ္သတ္ခံရသျဖင့္ သီလရွင္ဆရာ ႀကီးသည္ နဖူးက်ည္ေဖာက္ဝင္ဒဏ္ရာ တစ္ခ်က္၊ ဝဲမ်က္ခုံးအထက္က်ည္ေဖာက္ဝင္ဒဏ္ရာ တစ္ခ်က္တို႔ရရွိကာ အခင္းျဖစ္ေနရာ၌ေသဆုံးသြားခဲ့သည္ဟု နစက ကထုတ္ျပန္ခဲ့သည္။

လုံျခဳံေရးအဖြဲ႕ဝင္မ်ားက အခင္းျဖစ္ေနရာအား စစ္ေဆးရာ က်ည္ခြံႏွင့္၎က်ည္ဆံတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့သည္။

ျဖစ္စဥ္မွျပစ္မွုက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြင္ လုံျခဳံေရးအဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ ေဆးလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here