ကယားစစ်ဘေးရှောင်ပြည်သူများ အတွက် အဝတ်အထည်နဲ့ ဆေးဝါးများ လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

0
193

ကယားစစ်ဘေးရှောင်ပြည်သူများအတွက် အဝတ်အထည်နဲ့ ဆေးဝါးများလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

ခန့်စည်သူက ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနဲ့ နောင်တရားကိုရောက်ရှိနေတဲ့ ကယားစစ်ဘေးရှောင်ပြည်သူများအတွက် အဓိက လိုအပ်တဲ့အဝတ်အထည်များဆေးဝါများကိုလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်တာနဲ့ပတ်သက်ပြီး ခန့်စည်သူက
” ရှမ်းပြည်နယ်၊တောင်ပိုင်း ပင်လောင်းနှင့် နောင်တရား သို့ရောက်ရှိနေကြသော ကယားစစ်ရှောင်ပြည်သူများအတွက် ကျား/မ အဝတ်အထည်များ၊အနွေးထည်များ၊ကလေးဝတ်အင်္ကျီများ၊စောင်များ၊လူသုံးကုန်ပစ္စည်းများ၊အမျိုးသမီးလစဉ်သုံးနှင့်ဆေးဝါးများကို လှူဒါန်းခဲ့ပါတယ်။ ” လို့သူလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ခန့်စည်သူက အခုလက်ရှိမှာပရဟိတအနေနဲ့လိုအပ်တဲ့နေရာလေးတွေမှာတတ်နိုင်သလောက် ကူညီလှူဒါန်းပေးနေသူလည်းဖြစ်ပါတယ်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here