င်္သာတမြို့မှ NLD ပါတီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေအိမ်ချိပ်ပိတ်ခံရ

0
144

င်္သာတမြို့မှ NLD ပါတီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေအိမ်ချိပ်ပိတ်ခံရ

ဧရာဝတီတိုင်း၊ဟင်္သာတမြို့၊တာကလေးရပ် ကွက်၊ဗာဂျီးနီးယား ၆ လမ်းရှိ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါ တီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဟောင်းဦးအေးမင်း၏နေအိမ်ချိတ်ပိတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဟောင်းဦးအေးမင်းသည် ဟင်္သာ တမြို့မရဲစခန်းမှ အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့်အမှုဖွင့်ခံထားရပြီး တိမ်းရှောင်နေသည်ဟု ဒေသခံများထံမှသိရသည်။

“ရဲတွေ စစ်သားတွေနဲ့ရပ်ကျေးအဖွဲ့တွေလာပြီး အိမ်ကိုချိတ်ပိတ်တယ်ဆိုတဲ့ဗီနိုင်းတွေလာချိတ်သွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ချိတ်ဆွဲထားသည့်ဗီနိုင်းတွင် “ဤမြေနေ ရာနှင့်အဆောက်အဦးသည် အကြမ်းဖက်အဖွဲ့ PDF အဖွဲ့များနှင့်ဆက်စပ်ပတ်သက်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည်ဖြစ်၍ မကျူးကျော်ရ/ရောင်းဝယ်ခြင်းမပြုရ”ဟူသည့်စာများရေးသားထားသည်။

အဆိုပါနေ့၌ပင် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဟောင်းဦးအေးမင်းနေအိမ်အပါအဝင် တာကလေးရပ်ကွက်၊ဗာဂျီးနီးယား ၆ လမ်းရှိ ဦးမောင်မောင်စန်း၏နေအိမ်နှင့်သုံးပင်ကွင်းရပ်ကွက်၊အင်္ဂပိုလမ်းနေ ဦးထက်အောင်ကောင်းပိုင်ဆိုင်သည့် YGP ဟော့ပေါ့ဆိုင်တို့ကိုလည်းချိတ်ပိတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here