တိုက်ကြီးမြို့နယ်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
258

တိုက်ကြီးမြို့နယ်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင်အမျိုးသားနှစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရပြီး အခင်းဖြစ်နေရာမှာသေဆုံးသွားတယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေသိရပါတယ်။

ဖြစ်စဥ်မှာ ယနေ့မွန်းလွဲ ၂နာရီ မိနစ်၃၀ ခန့် တိုက်ကြီးမြို့နယ် ဖိုးခေါင်၊ မီးသွေးကျင်းကျေးရွာ၊ ဥတို- အဖျောက်ကားလမ်း၊ ဒုံဗျိုက်တံတားအနီး အမျိုးသားနှစ်ဦးပစ်သတ်ခံရကြောင်းသိရသည်။

“ပစ်ခတ်ခံရတာက အင်းတရာကျေးရွာသားတွေဗျ ဆိုင်ကယ်နဲ့သွားရင်းလမ်းမှပစ်သတ်ခံရတာ ရဲတွေရော စစ်သားတွေရောရောက်လာပြီး စစ်ဆေးနေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်သတ်ခံရတဲ့အကြောင်းအရင်းကိုတော့မသိရသေးပါဘူး။

အင်းတရာရွာနေအဆိုပါအမျိုးသား၂ဦးမှာတိုက်ကြီးမြို့နယ်မှအင်းတရာကျေးရွာသို့ ဆိုင်ကယ်နဲ့ ပြန်လာစဉ် ဒုံဗျိုက်တံတား အနီးတွင် အမည်မသိလက်နက်ကိုင်များကသေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦးမှာ ဝဲ/ယာခါး၊ ယာလက်ပြင်တို့တွင် ကျည်ထိမှန်ဒဏ်ရာတစ်ချက်စီတို့ဖြင့်လည်းကောင်း၊ ကျန်တစ်ဦးမှာ ကျောကုန်း၊ ယာတင်ပါးဆုံ တို့တွင်ကျည်ထိမှန်ဒဏ်ရာတစ်ချက်စီတို့ဖြင့်အခင်းဖြစ်ရာတွင် သေဆုံးခဲ့​တယ်လို့ ရဲမှတ်တမ်းများအရသိရပါတယ်။

Zaw Gyi

တိုက္ႀကီးၿမိဳ႕နယ္တြင္ အမ်ိဳးသားႏွစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ

ရန္ကုန္တိုင္းေဒသႀကီး၊ တိုက္ႀကီးၿမိဳ႕နယ္တြင္အမ်ိဳးသားႏွစ္ဦးေသနတ္ျဖင့္ပစ္ခတ္ခံရၿပီး အခင္းျဖစ္ေနရာမွာေသဆုံးသြားတယ္လို႔ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ကေနသိရပါတယ္။

ျဖစ္စဥ္မွာ ယေန႔မြန္းလြဲ ၂နာရီ မိနစ္၃၀ ခန္႔ တိုက္ႀကီးၿမိဳ႕နယ္ ဖိုးေခါင္၊ မီးေသြးက်င္းေက်း႐ြာ၊ ဥတို- အေဖ်ာက္ကားလမ္း၊ ဒုံဗ်ိဳက္တံတားအနီး အမ်ိဳးသားႏွစ္ဦးပစ္သတ္ခံရေၾကာင္းသိရသည္။

“ပစ္ခတ္ခံရတာက အင္းတရာေက်း႐ြာသားေတြဗ် ဆိုင္ကယ္နဲ႔သြားရင္းလမ္းမွပစ္သတ္ခံရတာ ရဲေတြေရာ စစ္သားေတြေရာေရာက္လာၿပီး စစ္ေဆးေနတယ္”လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။

ပစ္သတ္ခံရတဲ့အေၾကာင္းအရင္းကိုေတာ့မသိရေသးပါဘူး။

အင္းတရာ႐ြာေနအဆိုပါအမ်ိဳးသား၂ဦးမွာတိုက္ႀကီးၿမိဳ႕နယ္မွအင္းတရာေက်း႐ြာသို႔ ဆိုင္ကယ္နဲ႔ ျပန္လာစဥ္ ဒုံဗ်ိဳက္တံတား အနီးတြင္ အမည္မသိလက္နက္ကိုင္မ်ားကေသနတ္နဲ႔ ႏွစ္ခ်က္ပစ္ခတ္ခဲ့တာလို႔သိရပါတယ္။

ေသနတ္ပစ္ခတ္ခံရမႈေၾကာင့္ အမ်ိဳးသားတစ္ဦးမွာ ဝဲ/ယာခါး၊ ယာလက္ျပင္တို႔တြင္ က်ည္ထိမွန္ဒဏ္ရာတစ္ခ်က္စီတို႔ျဖင့္လည္းေကာင္း၊ က်န္တစ္ဦးမွာ ေက်ာကုန္း၊ ယာတင္ပါးဆုံ တို႔တြင္က်ည္ထိမွန္ဒဏ္ရာတစ္ခ်က္စီတို႔ျဖင့္အခင္းျဖစ္ရာတြင္ ေသဆုံးခဲ့​တယ္လို႔ ရဲမွတ္တမ္းမ်ားအရသိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here