နေပြည်တော်ရှိ စိုက်ဧက ၁၃၀ အတွက် မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၄ ဒသမ ၉၆ သန်း ထုတ်ချေးပေးထား

0
181

နေပြည်တော်ရှိ စိုက်ဧက ၁၃၀ အတွက် မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၄ ဒသမ ၉၆ သန်း ထုတ်ချေးပေးထား
 


နေပြည်တော်  ဖေဖော်ဝါရီ ၆

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ စိုက်ဧက ၁၃၀ ဧကအတွက် ယခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစိရိတ် ချေးငွေအဖြစ် ငွေကျပ် ၁၄ ဒသမ ၉၆ သန်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့ထိ တောင်သူ ၂၆ ဦးအတွက် ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (နေပြည်တော်)မှ သိရသည်။

နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးစရိတ်ထုတ်လုပ်မှု အထောက်အကူဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် အတိုးနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ ထိုသို့ ထုတ်ချေးပေးခြင်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စတင်၍ ထုတ်ချေးပေးခဲ့ရာ လက်ရှိချိန်ထိ စပါး ၃၉ ဧကနှင့် ချက်ကြံ ၉၁ ဧက အတွက် စုစုပေါင်းစိုက်ဧက ၁၃၀ ဧကအတွက် ချေးငွေကျပ် ၁၄ ဒသမ ၉၆ သန်း ထုတ်ချေး ထားပြီးဖြစ်ကြောင်း သိရသည်။

“ဒီနှစ်ဇန်နဝါရီလကနေ စပြီး မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေကို စပြီး ထုတ်ချေးပေးနေတာပါ။ လာမဲ့ မတ်လကုန်ထိ ထုတ်ချေးပေးသွားမှာပါ။ အရင်ချေးငွေတွေလိုပါပဲ ချေးငွေဟောင်းဆပ်ပြီးတဲ့ တောင်သူတွေကို ဦးစားပေးထုတ်ချေးပေးနေတာပါ” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(နေပြည်တော်)က တာဝန်ရှိသူတစ်ဦးကပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှ တောင်သူဦးကြီးများအား ၂၀၂၂ ခုနှစ် မိုးကြိုရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

Zaw Gyi

ေနျပည္ေတာ္ရွိ စိုက္ဧက ၁၃၀ အတြက္ မိုးႀကိဳစိုက္ပ်ိဳးစရိတ္ေခ်းေငြက်ပ္ ၁၄ ဒသမ ၉၆ သန္း ထုတ္ေခ်းေပးထား
 
ေနျပည္ေတာ္  ေဖေဖာ္ဝါရီ ၆

ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမအတြင္းရွိ စိုက္ဧက ၁၃၀ ဧကအတြက္ ယခုႏွစ္ မိုးႀကိဳရာသီ စိုက္ပ်ိဳးစိရိတ္ ေခ်းေငြအျဖစ္ ေငြက်ပ္ ၁၄ ဒသမ ၉၆ သန္းကို ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ထိ ေတာင္သူ ၂၆ ဦးအတြက္ ထုတ္ေခ်းေပးထားၿပီးျဖစ္ေၾကာင္း ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲ (ေနျပည္ေတာ္)မွ သိရသည္။

ႏိုင္ငံအတြင္း စားနပ္ရိကၡာဖူလုံေစေရး၊ လယ္ယာက႑ဖြံ႕ၿဖိဳးတိုးတက္ေစေရးႏွင့္ ေတာင္သူ လယ္သမားမ်ား၏ စိုက္ပ်ိဳးစရိတ္ထုတ္လုပ္မႈ အေထာက္အကူျဖစ္ေစေရးအတြက္ ၂၀၂၂ ခုႏွစ္ မိုးႀကိဳရာသီ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို မိုးစပါး တစ္ဧကလွ်င္ ေငြက်ပ္ ၁၅၀၀၀၀ ႏႈန္းျဖင့္ အတိုးႏႈန္း တစ္ႏွစ္လွ်င္ ၅ ရာခိုင္ႏႈန္းျဖင့္ ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း၊ ထိုသို႔ ထုတ္ေခ်းေပးျခင္းကို ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္မွ စတင္၍ ထုတ္ေခ်းေပးခဲ့ရာ လက္ရွိခ်ိန္ထိ စပါး ၃၉ ဧကႏွင့္ ခ်က္ႀကံ ၉၁ ဧက အတြက္ စုစုေပါင္းစိုက္ဧက ၁၃၀ ဧကအတြက္ ေခ်းေငြက်ပ္ ၁၄ ဒသမ ၉၆ သန္း ထုတ္ေခ်း ထားၿပီးျဖစ္ေၾကာင္း သိရသည္။

“ဒီႏွစ္ဇန္နဝါရီလကေန စၿပီး မိုးႀကိဳရာသီ စိုက္ပ်ိဳးစရိတ္ေခ်းေငြေတြကို စၿပီး ထုတ္ေခ်းေပးေနတာပါ။ လာမဲ့ မတ္လကုန္ထိ ထုတ္ေခ်းေပးသြားမွာပါ။ အရင္ေခ်းေငြေတြလိုပါပဲ ေခ်းေငြေဟာင္းဆပ္ၿပီးတဲ့ ေတာင္သူေတြကို ဦးစားေပးထုတ္ေခ်းေပးေနတာပါ” ဟု ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲ(ေနျပည္ေတာ္)က တာဝန္ရွိသူတစ္ဦးကေျပာသည္။
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ေနျပည္ေတာ္ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲမ်ားမွ ေတာင္သူဦးႀကီးမ်ားအား ၂၀၂၂ ခုႏွစ္ မိုးႀကိဳရာသီစိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ထုတ္ေခ်းေပးျခင္းကို က်န္းမာေရးဝန္ႀကီးဌာန၏ ကိုဗစ္-၁၉ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here