ရေဂါလံတစ်သိန်းစုဆောင်းနိုင်သည့် ရေစုကန်တည်ဆောက်မှုရာနှုန်းပြည့်ပြီးစီ

0
270

ရေဂါလံတစ်သိန်းစုဆောင်းနိုင်သည့် ရေစုကန်တည်ဆောက်မှုရာနှုန်းပြည့်ပြီးစီ

ရန်ကုန်မြို့တော်စည်ပင်၊ရေစီးရေလာဌာနမှ မိုး တွင်းကာလအတွင်း ရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် ရန်ကုန်မြို့တော်ခန်းမ၌ တည်ဆောက်ခဲ့သည့် ရေဂါလံတစ်သိန်းစုဆောင်းထားနိုင်သည့် ရေစုကန်တည်ဆောက်မှုမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိုးတွင်းကာလများတွင် ရန်ကုန်မြို့တော်ခန်းမအ နီးပတ်ဝန်းကျင်နှင့်ကျောက်တံတားမြို့နယ်တို့တွင် ရေကြီးရေလျှံမှုအတိုင်းအတာတစ်ခုအထိကာကွယ်နိုင်ရန် ရေဂါလံတစ်သိန်းစုဆောင်းထားနိုင်သည့်ရေစုကန်အား ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁ ရက်၌ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၂၁ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေစုကန်မှာအလျား ၇၀ ပေ၊အနံ ၃၃ ပေနှင့် အမြင့် ၇ ပေရှိကာ ဆူးလေဘုရားလမ်းဖက်ရှိရေမြောင်းမှရေဝင်ရန်ပြုလုပ်ထားသည့် ရေဝင် ပေါက်အပါအဝင် ရေဝင်ပေါက် ၉ ပေါက်ရှိသည်ဟု သိရသည်။

“နှစ်စဥ်ရေလွှမ်းမိုးနေတဲ့ပြဿနာတွေ ခရီးသွားလာနေတဲ့ကားတွေ သွားရေးလာရေးအတွက် အခက်အခဲတွေကို ဖြေရှင်းနိုင်မယ်လို့ယုံကြည်ပါတယ် အကြောင်းအမျိုးမျိုးကြောင့် မိုးများလာရင်လည်း စုပ်ထုတ်ဖို့စက်တွေတည်ဆောက်ထားပါတယ်”ဟုရန်ကုန်မြို့တော်စည်ပင်(ကော်မတီဝင် ၄)ဒေါက်တာဇော်ဝင်းကပြောသည်။

အဆိုပါ ရေစုကန်အတွင်းစုဆောင်းထားသည့်မိုး ရေများအား မြို့တော်သာယာလှပ‌ရေးအတွက် သစ်ပင်ပန်းမန်များအားရေလောင်ခြင်း၊လမ်းရေ ဆေးခြင်းများ၌ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

အလားတူ ကမ်းနားလမ်းတလျှောက်၌ ရေစုကန်များတိုးချဲ့တည်‌ဆောက်မှုမှာလိုအပ်နေသဖြင့် ရေ တံခါးများတိုးချဲ့တည်ဆောက်ခြင်း၊ရေစုပ် စက်တပ်ဆင်ခြင်းများအားဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

Zaw Gyi

ေရဂါလံတစ္သိန္းစုေဆာင္းႏိုင္သည့္ ေရစုကန္တည္ေဆာက္မႈရာႏႈန္းျပည့္ၿပီးစီး

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္၊ေရစီးေရလာဌာနမွ မိုး တြင္းကာလအတြင္း ေရႀကီးေရလွ်ံမႈမျဖစ္ေစေရးအတြက္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ၌ တည္ေဆာက္ခဲ့သည့္ ေရဂါလံတစ္သိန္းစုေဆာင္းထားႏိုင္သည့္ ေရစုကန္တည္ေဆာက္မႈမွာ ရာႏႈန္းျပည့္ၿပီးစီးၿပီျဖစ္ေၾကာင္း သိရသည္။

မိုးတြင္းကာလမ်ားတြင္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမအ နီးပတ္ဝန္းက်င္ႏွင့္ေက်ာက္တံတားၿမိဳ႕နယ္တို႔တြင္ ေရႀကီးေရလွ်ံမႈအတိုင္းအတာတစ္ခုအထိကာကြယ္ႏိုင္ရန္ ေရဂါလံတစ္သိန္းစုေဆာင္းထားႏိုင္သည့္ေရစုကန္အား ၂၀၂၁ ခုႏွစ္၊ႏိုဝင္ဘာ ၁ ရက္၌ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၂၂ ခုႏွစ္၊ဇန္နဝါရီ ၂၁ ရက္ေန႔တြင္ တည္ေဆာက္ၿပီးစီးခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေရစုကန္မွာအလ်ား ၇၀ ေပ၊အနံ ၃၃ ေပႏွင့္ အျမင့္ ၇ ေပရွိကာ ဆူးေလဘုရားလမ္းဖက္ရွိေရေျမာင္းမွေရဝင္ရန္ျပဳလုပ္ထားသည့္ ေရဝင္ ေပါက္အပါအဝင္ ေရဝင္ေပါက္ ၉ ေပါက္ရွိသည္ဟု သိရသည္။

“ႏွစ္စဥ္ေရလႊမ္းမိုးေနတဲ့ျပႆနာေတြ ခရီးသြားလာေနတဲ့ကားေတြ သြားေရးလာေရးအတြက္ အခက္အခဲေတြကို ေျဖရွင္းႏိုင္မယ္လို႔ယုံၾကည္ပါတယ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိုးမ်ားလာရင္လည္း စုပ္ထုတ္ဖို႔စက္ေတြတည္ေဆာက္ထားပါတယ္”ဟုရန္ကုန္ၿမိဳ႕ေတာ္စည္ပင္(ေကာ္မတီဝင္ ၄)ေဒါက္တာေဇာ္ဝင္းကေျပာသည္။

အဆိုပါ ေရစုကန္အတြင္းစုေဆာင္းထားသည့္မိုး ေရမ်ားအား ၿမိဳ႕ေတာ္သာယာလွပ‌ေရးအတြက္ သစ္ပင္ပန္းမန္မ်ားအားေရေလာင္ျခင္း၊လမ္းေရ ေဆးျခင္းမ်ား၌ ေဆာင္႐ြက္သြားမည္ျဖစ္သည္ဟု သိရသည္။

အလားတူ ကမ္းနားလမ္းတေလွ်ာက္၌ ေရစုကန္မ်ားတိုးခ်ဲ႕တည္‌ေဆာက္မႈမွာလိုအပ္ေနသျဖင့္ ေရ တံခါးမ်ားတိုးခ်ဲ႕တည္ေဆာက္ျခင္း၊ေရစုပ္ စက္တပ္ဆင္ျခင္းမ်ားအားဆက္လက္လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here