ဖားအံမြို့နယ်အတွင်းရှိ BGF နှင့် ပြည်သူ့စစ်များ လက်ရှိလုပ်ငန်းတာဝန်များမှထွက်ရန် KNU အသိ ပေးစာထုတ်

0
525

ဖားအံမြို့နယ်အတွင်းရှိ BGF နှင့် ပြည်သူ့စစ်များ လက်ရှိလုပ်ငန်းတာဝန်များမှထွက်ရန် KNU အသိ ပေးစာထုတ်

 

ဖားအံမြို့နယ်အတွင်းရှိ BGF နှင့် ပြည်သူ့စစ်များ လက်ရှိလုပ်ငန်းတာဝန်များမှထွက်ရန် KNU အသိ ပေးစာထုတ်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊သထုံခရိုင်၊ဖားအံမြို့နယ်၏ မြို့နယ်အလုပ်အမှုဆောင်ကော် မတီက ဖေဖော်ဝါရီ ၇ ရက်ရက်စွဲဖြင့် အသိပေးစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သထုံခရိုင်၊ဖားအံမြို့နယ်၊တပ်ရင်း(၁)ထိန်းချုပ်နယ်မြေအတွင်းရှိ နယ်ခြားစောင့်တပ်(BGF)နှင့်ပြည်သူ့စစ်(ပသစ)များအနေဖြင့် လက်ရှိလုပ်ငန်းတာ၀န်များမှ နှုတ်ထွက်ပေးရန်နှင့် နစက နှင့်ပူး ပေါင်းဆောင်ရွက်ခြင်းမပြုရန် အသိပေးထုတ်ပြန်စာ၌ရေးသားထားသည်။

ထို့ပြင် ဖားအံမြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအခြေအနေအရ နယ်ခြားစောင့်တပ်(BGF)တပ်စခန်းတွင်နေထိုင်နေသည့် မိသားစုဝင်များစခန်းအတွင်းမှထွက်ခွာရန်လည်း အသိ ပေးရေးသားထားသည်။

အလားတူ ဖားအံမြို့နယ်အတွင်းရှိ နစက လက် အောက်ရှိ အရပ်ဖက်ဌာနဆိုင်ရာဝန်ထမ်းများလည်း တာဝန်အသီးသီးမှနှုတ်ထွက်ရန် အသိပေးထုတ်ပြန်ရေးသားထားသည်။

“အသိပေးစာထွက်နေတယ်လို့တော့သိထားတာပဲလေ ကျွန်တော်တို့ကို ဒီစာအတွက် အထက်လူ ကြီးတွေကဘာမှအမိန့်ညွှန်ကြားချက်မပေးသေးတဲ့အတွက် နေမြဲအတိုင်းပဲရှိနေမယ် ဒီစာနဲ့ပတ်သက်တဲ့ကိစ္စကလူကြီးတွေဆုံးဖြတ်ချက်အတိုင်း ကျွန်တော်တို့ကလိုက်နာရမှာလက်ရှိအချိန်အထိ အမိန့်မရသေးဘူး”ဟု နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Zaw Gyi

ဖားအံၿမိဳ႕နယ္အတြင္းရွိ BGF ႏွင့္ ျပည္သူ႔စစ္မ်ား လက္ရွိလုပ္ငန္းတာဝန္မ်ားမွထြက္ရန္ KNU အသိ ေပးစာထုတ္

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၊သထုံခ႐ိုင္၊ဖားအံၿမိဳ႕နယ္၏ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေကာ္ မတီက ေဖေဖာ္ဝါရီ ၇ ရက္ရက္စြဲျဖင့္ အသိေပးစာထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

သထုံခ႐ိုင္၊ဖားအံၿမိဳ႕နယ္၊တပ္ရင္း(၁)ထိန္းခ်ဳပ္နယ္ေျမအတြင္းရွိ နယ္ျခားေစာင့္တပ္(BGF)ႏွင့္ျပည္သူ႔စစ္(ပသစ)မ်ားအေနျဖင့္ လက္ရွိလုပ္ငန္းတာ၀န္မ်ားမွ ႏႈတ္ထြက္ေပးရန္ႏွင့္ နစက ႏွင့္ပူး ေပါင္းေဆာင္႐ြက္ျခင္းမျပဳရန္ အသိေပးထုတ္ျပန္စာ၌ေရးသားထားသည္။

ထို႔ျပင္ ဖားအံၿမိဳ႕နယ္အတြင္း လက္ရွိျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားအေျခအေနအရ နယ္ျခားေစာင့္တပ္(BGF)တပ္စခန္းတြင္ေနထိုင္ေနသည့္ မိသားစုဝင္မ်ားစခန္းအတြင္းမွထြက္ခြာရန္လည္း အသိ ေပးေရးသားထားသည္။

အလားတူ ဖားအံၿမိဳ႕နယ္အတြင္းရွိ နစက လက္ ေအာက္ရွိ အရပ္ဖက္ဌာနဆိုင္ရာဝန္ထမ္းမ်ားလည္း တာဝန္အသီးသီးမွႏႈတ္ထြက္ရန္ အသိေပးထုတ္ျပန္ေရးသားထားသည္။

“အသိေပးစာထြက္ေနတယ္လို႔ေတာ့သိထားတာပဲေလ ကြၽန္ေတာ္တို႔ကို ဒီစာအတြက္ အထက္လူ ႀကီးေတြကဘာမွအမိန္႔ၫႊန္ၾကားခ်က္မေပးေသးတဲ့အတြက္ ေနၿမဲအတိုင္းပဲရွိေနမယ္ ဒီစာနဲ႔ပတ္သက္တဲ့ကိစၥကလူႀကီးေတြဆုံးျဖတ္ခ်က္အတိုင္း ကြၽန္ေတာ္တို႔ကလိုက္နာရမွာလက္ရွိအခ်ိန္အထိ အမိန္႔မရေသးဘူး”ဟု နယ္ျခေစာင့္တပ္(BGF)တပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here