ရတနာပုံတက္ကသိုလ်မှာ ပေါက်ကွဲမှုဖြစ်ပွား

0
233

ရတနာပုံတက္ကသိုလ်မှာ ပေါက်ကွဲမှုဖြစ်ပွား

မန္တလေးမြို့၊အမရပူရမြို့နယ်၊တောင်သမန်ကျေးရွာ အုပ်စု၊ထန်းတောရပ်မှာရှိတဲ့ ရတနာပုံတက္ကသိုလ်မှာ ဒီကနေ့ ဖေဖော်ဝါရီ(၁၀)ရက် နံနက်၁၀နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးဆိုင်ရာ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

ပေါက်ကွဲမှုဟာ ကျောင်းအတွင်း ကျောင်းအုတ်တံတိုင်အနီးမှာဖြစ်တယ်လို့သိရပါတယ်။

ဆိုင်ကယ်စီးလာတဲ့ အမည်မသိအမျိုးသားနှစ်ဦးက ကျောင်းအတွင်းသို့ တက္ကသိုလ်ကျောင်းရှေ့ အားကစားပြုလုပ်တဲ့နေရာကနေ လက်လုပ်ဗုံးတစ်လုံးနဲ့ ပစ်ပေါက်တာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ တာဝန်ရှိသူတစ်ဦးထံကနေ သိရပါတယ်။

လုံခြုံရေးဆိုင်ရာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကတော့ ပေါက်ကွဲမှုကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ ပြောဆိုထားပါတယ်။

ရတနာပုံတက္ကသိုလ်မှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်ကို Dragon Warrior အဖွဲ့နဲ့ Yadanarbon Phoenix Guerilla Force အဖွဲ့တို့က ၎င်းတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ကြေညာထားတာတွေ့ရပါတယ်။

ကြေညာချက်ထဲမှာတော့ စစ်သား၃ဦးခန့် သေဆုံးနိုင်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

Zaw gyi

ရတနာပုံတကၠသိုလ္မွာ ေပါက္ကြဲမႈျဖစ္ပြား

မႏၲေလးၿမိဳ႕၊အမရပူရၿမိဳ႕နယ္၊ေတာင္သမန္ေက်း႐ြာ အုပ္စု၊ထန္းေတာရပ္မွာရွိတဲ့ ရတနာပုံတကၠသိုလ္မွာ ဒီကေန႔ ေဖေဖာ္ဝါရီ(၁၀)ရက္ နံနက္၁၀နာရီခန႔္က ေပါက္ကြဲမႈျဖစ္ပြားခဲ့တယ္လို႔ လုံၿခဳံေရးဆိုင္ရာ အသိုင္းအဝိုင္းနဲ႔ နီးစပ္သူေတြထံကေန သိရပါတယ္။

ေပါက္ကြဲမႈဟာ ေက်ာင္းအတြင္း ေက်ာင္းအုတ္တံတိုင္အနီးမွာျဖစ္တယ္လို႔သိရပါတယ္။

ဆိုင္ကယ္စီးလာတဲ့ အမည္မသိအမ်ိဳးသားႏွစ္ဦးက ေက်ာင္းအတြင္းသို႔ တကၠသိုလ္ေက်ာင္းေရွ႕ အားကစားျပဳလုပ္တဲ့ေနရာကေန လက္လုပ္ဗုံးတစ္လုံးနဲ႔ ပစ္ေပါက္တာကေန ေပါက္ကြဲမႈျဖစ္ခဲ့တာလို႔ တာဝန္ရွိသူတစ္ဦးထံကေန သိရပါတယ္။

လုံၿခဳံေရးဆိုင္ရာအသိုင္းအဝိုင္းနဲ႔ နီးစပ္သူေတြကေတာ့ ေပါက္ကြဲမႈေၾကာင့္ ထိခိုက္မႈတစ္စုံတစ္ရာမရွိဘူးလို႔ ေျပာဆိုထားပါတယ္။

ရတနာပုံတကၠသိုလ္မွာ လက္လုပ္ဗုံးေပါက္ကြဲခဲ့တဲ့ ျဖစ္စဥ္ကို Dragon Warrior အဖြဲ႕နဲ႔ Yadanarbon Phoenix Guerilla Force အဖြဲ႕တို႔က ၎တို႔ ပူးေပါင္းၿပီး တိုက္ခိုက္ခဲ့တယ္လို႔ လူမႈကြန္ယက္စာမ်က္ႏွာကတဆင့္ ေၾကညာထားတာေတြ႕ရပါတယ္။

ေၾကညာခ်က္ထဲမွာေတာ့ စစ္သား၃ဦးခန႔္ ေသဆုံးႏိုင္တယ္လို႔ ေဖာ္ျပထားတာေတြ႕ရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here