ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယာယီအိမ်ဌားနေသည့် မြန်မာအမျိုးသမီး ၄၈ ဦးဖမ်းဆီးခံရ

0
236

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယာယီအိမ်ဌားနေသည့် မြန်မာအမျိုးသမီး ၄၈ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တရားမဝင်နယ်စပ်လမ်းကြောင်းမှတဆင့်ဝင်ရောက်လာပြီး ပွဲစားများ၏စီစဥ်ပေးမှုကြောင့် ယာယီအိမ်ဌားနေသည် မြန်မာအမျိုးသ မီး ၄၈ ဦးအား မဲဆောက်မြို့တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

မဲဆောက်မြို့၏တာဝန်ရှိသူများက တရားမဝင်ဝင်ရောက်လာသူများရှိနေကာ အိမ်ဌားနေကြောင်း သတင်းအရ ဖေဖော်ဝါရီ ၉ ရက်မွန်းလွဲပိုင်းတွင် အဆိုပါ နေအိမ်အားဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“မဲဆောက်အာဏာပိုင်တွေက သွားစစ်တဲ့အချိန်မှာဖမ်းမိခဲ့တာ အဲဒီအိမ်မှာက မြန်မာအမျိုးသမီး ၄၈ ယောက်လောက်ကိုအိမ်ထဲမှာပြည့်ကြပ်ညပ်နေအောင်ရှိနေကြတာကို တွေ့ပြီးဖမ်းမိခဲ့တာ”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေသူတစ်ဦးကပြောသည်။

အဆိုပါ နေအိမ်အားပွဲစားက ယာယီဌားရမ်းကာ အခြားနေရာသို့ထပ်မံပို့ဆောင်ပေးခြင်းမပြုမီ နေထိုင်စေခြင်းဖြစ်ပြီး ဌားရမ်းပေးသူပွဲစား၏ အမည်အားသိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“အိမ်ထဲကနေအပြင်ကိုမထွက်ခိုင်းဘူး အစားအ သောက်ကိုတော့လာပို့ပေးတယ် တစ်နေ့နှစ်ကြိမ်ပေါ့ ဘေးအိမ်တွေကအသံကြားပြီး မဲဆောက်အာ ဏာပိုင်တွေကိုအသိပေးလိုက်တဲ့အတွက် အခုလိုအဖမ်းခံရတာပါ”ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးကပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာအမျိုးသမီး ၄၈ ဦးအား မဲဆောက်မြို့ရဲစခန်းသို့ပို့ဆောင်ကာ ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Zaw Gyi

ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕တြင္ ယာယီအိမ္ဌားေနသည့္ ျမန္မာအမ်ိဳးသမီး ၄၈ ဦးဖမ္းဆီးခံရ

ထိုင္းႏိုင္ငံ၊တာ့ခ္ခ႐ိုင္၊ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕တြင္ တရားမဝင္နယ္စပ္လမ္းေၾကာင္းမွတဆင့္ဝင္ေရာက္လာၿပီး ပြဲစားမ်ား၏စီစဥ္ေပးမႈေၾကာင့္ ယာယီအိမ္ဌားေနသည္ ျမန္မာအမ်ိဳးသ မီး ၄၈ ဦးအား မဲေဆာက္ၿမိဳ႕တာဝန္ရွိသူမ်ားက ဖမ္းဆီးရမိခဲ့သည္ဟု သိရသည္။

မဲေဆာက္ၿမိဳ႕၏တာဝန္ရွိသူမ်ားက တရားမဝင္ဝင္ေရာက္လာသူမ်ားရွိေနကာ အိမ္ဌားေနေၾကာင္း သတင္းအရ ေဖေဖာ္ဝါရီ ၉ ရက္မြန္းလြဲပိုင္းတြင္ အဆိုပါ ေနအိမ္အားဝင္ေရာက္ရွာေဖြရာမွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

“မဲေဆာက္အာဏာပိုင္ေတြက သြားစစ္တဲ့အခ်ိန္မွာဖမ္းမိခဲ့တာ အဲဒီအိမ္မွာက ျမန္မာအမ်ိဳးသမီး ၄၈ ေယာက္ေလာက္ကိုအိမ္ထဲမွာျပည့္ၾကပ္ညပ္ေနေအာင္ရွိေနၾကတာကို ေတြ႕ၿပီးဖမ္းမိခဲ့တာ”ဟု ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအေရးေဆာင္႐ြက္ေနသူတစ္ဦးကေျပာသည္။

အဆိုပါ ေနအိမ္အားပြဲစားက ယာယီဌားရမ္းကာ အျခားေနရာသို႔ထပ္မံပို႔ေဆာင္ေပးျခင္းမျပဳမီ ေနထိုင္ေစျခင္းျဖစ္ၿပီး ဌားရမ္းေပးသူပြဲစား၏ အမည္အားသိရွိရျခင္းမရွိေသးေၾကာင္း သိရသည္။

“အိမ္ထဲကေနအျပင္ကိုမထြက္ခိုင္းဘူး အစားအ ေသာက္ကိုေတာ့လာပို႔ေပးတယ္ တစ္ေန႔ႏွစ္ႀကိမ္ေပါ့ ေဘးအိမ္ေတြကအသံၾကားၿပီး မဲေဆာက္အာ ဏာပိုင္ေတြကိုအသိေပးလိုက္တဲ့အတြက္ အခုလိုအဖမ္းခံရတာပါ”ဟု ျမန္မာအလုပ္သမားအေရးေဆာင္႐ြက္ေနသူတစ္ဦးကေျပာသည္။

ဖမ္းဆီးခံခဲ့ရသည့္ ျမန္မာအမ်ိဳးသမီး ၄၈ ဦးအား မဲေဆာက္ၿမိဳ႕ရဲစခန္းသို႔ပို႔ေဆာင္ကာ ထိုင္းႏိုင္ငံဥပေဒအရအေရးယူရန္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here