တစ်နှစ်နီးပါးဖမ်းဆီးခံရပြီးနောက် ဘားအံတက္ကသိုလ်မှကျောင်းသားကိုးဦး နှစ်ရှည်ထောင် ဒဏ်များချမှတ်ခံခဲ့ရ

0
196

တစ်နှစ်နီးပါးဖမ်းဆီးခံရပြီးနောက် ဘားအံတက္ကသိုလ်မှကျောင်းသားကိုးဦး နှစ်ရှည်ထောင် ဒဏ်များချမှတ်ခံခဲ့ရ

ဘားအံတက္ကသိုလ်မှကျောင်းသားကိုးဦးအား ဖေ ဖော်ဝါရီ ၁၀ ရက်တွင် ဘားအံခရိုင်တရားရုံးက နှစ်ရှည်ထောင်ဒဏ်များအသီးသီးချမှတ်ခဲ့ကြောင်း ဘားအံတက္ကသိုလ်ကျောင်းသားများသ မဂ္ဂမှထုတ်ပြန်ခဲ့သည်။

အဆိုပါ ကျောင်းသားကိုးဦးအား နိုင်ငံတော်အ ကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(က)၊ ပုဒ်မ- ၁၂၄ (ဂ)၊တရားမဝင်ပို့ကုန်သွင်းကုန်သုံးစွဲမှုပုဒ်မ-၈ တို့ဖြင့် ထောင်ဒဏ် ၁၂ နှစ်နှင့် ၁၃ နှစ်စီအသီးသီးအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံရသည့် ကျောင်း သားကိုးဦးမှာ စောမင်းစိုး(First Year သတ္တဗေဒ)၊မင်းသူအောင်(Second Year zoology)၊ အောင်​ကျော်မင်း(Second Year Philosophy)၊ရဲထွဋ်​ခေါင်(Second Year History)၊ စေမာန်မှူး
(B.Sc Zoology)၊ ဇော်ဝင်းထွဋ် (Second Year Chemistry)၊ဟန်ဇော်မျိုး(First year Myanmar)၊ မျိုးမြန်မာအောင်(ပထမနှစ် သတ္တဗဒေ)နှင့် ချစ်ဝင်းထွန်း(First Year Zoology)တို့ဖြစ်သည်။

အဆိုပါ ကျောင်းသားကိုးဦးနှင့်အတူ ကားဆရာတစ်ဦးဖြစ်သည့် ဦးဝင်းကိုကိုလတ်ဆိုသူလည်း နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်ဟု ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှထုတ်ပြန်ခဲ့သည်။

ကျောင်းသားကိုးဦးအား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊မတ် ၂၈ ရက်တွင် ဘီးလင်းမြို့၌ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးနောက် ဘားအံအကျဥ်းထောင်တွင်းမှတဆင့်တရားရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here