မြန်မာကို ရက်ရောစွာအကူအညီပေးနေတဲ့ ဂျပန်ကို ကုလကျေးဇူးတင်စကားဆို

0
182
ပုံစာ _ မစ္စတာ ဆာဆာကာဝါ မြန်မာနိုင်ငံသို့ လာ​ရောက်စဥ်က သတင်းဓါတ်ပုံဖြစ်ပါသည်။

မြန်မာကို ရက်ရောစွာအကူအညီပေးနေတဲ့ ဂျပန်ကို ကုလကျေးဇူးတင်စကားဆို

ပုံစာ _ မစ္စတာ ဆာဆာကာဝါ မြန်မာနိုင်ငံသို့ လာ​ရောက်စဥ်က သတင်းဓါတ်ပုံဖြစ်ပါသည်။

မြန်မာနိုင်ငံအတွက် အကူအညီတွေကို ရက်ရောစွာပေးတဲ့ ဂျပန်နိုင်ငံကိုကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ဂျပန်က မြန်မာကို အမေရိကန်ဒေါ်လာ ၁၈သန်းခွဲ စာနာမှုအကူအညီအဖြစ် ထောက်ပံ့မယ်လို့ ဂျပန်အစိုးရကိုယ်စား ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးက ကြေညာခဲ့တာနဲ့ ပါတ်သတ်ပြီး ကုလဘက်က ကျေးဇူးတင်စကားဆိုလိုက်တာပါ။

ဂျပန်နိုင်ငံရဲ့ ရက်ရောမှုဟာ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝှမ်းက ထိခိုက်ခံစားရသူများအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေကို ပေးအပ်တဲ့နေရာမှာ အထောက်အကူဖြစ်စေတယ်လို့လည်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hayashi Yoshimasa က သတင်းစာရှင်းလင်းပွဲမှာတစ်ခုမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်း စီးပွားရေးကျဆင်းမှုနဲ့ အထွေထွေ အကြပ်အတည်းတွေကြောင့် မြန်မာပြည်သူတွေဟာ နေ့စဉ်စားဝတ်နေရေး အခက်အခဲတွေကြုံတွေနေရတာကြောင့် ဂျပန်အစိုးရက ကူညီတာလို့
ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံက အကူအညီတွေ ဆက်လက်ပေးသွားမှာဖြစ်တယ်လို့ပါ ထည့်သွင်းပြောဆိုသွားတာရှိပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းက မြန်မာနိုင်ငံကို ဂျပန်နီပွန်ဖောင်ဒေးရှင်းက မစ္စတာဆာဆာကာဝါက ကိုဗစ်ဆေးတွေ ပေးပို့ လှူဒါန်းထားတာရှိပါတယ်။

ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဌ မစ္စတာဝါတာနာဘေးနဲ့ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါတို့ လာရောက်ခဲ့တာရှိခဲ့ပြီး မြန်မာကို အကူအညီတွေ များစွာပေးအပ်မယ်လို့ သူတို့ရဲ့ မြန်မာပြည်ခရီးစဉ်တွေမှာ ပြောကြားခဲ့တာတွေရှိပါတယ်။

Zaw Gyi

ျမန္မာကို ရက္ေရာစြာအကူအညီေပးေနတဲ့ ဂ်ပန္ကို ကုလေက်းဇူးတင္စကားဆို

ျမန္မာႏိုင္ငံအတြက္ အကူအညီေတြကို ရက္ေရာစြာေပးတဲ့ ဂ်ပန္ႏိုင္ငံကိုကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္း‌ေရး႐ုံး (OCHA)က ေက်းဇူးတင္စကားဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၉ ရက္ေန႔က ဂ်ပန္က ျမန္မာကို အေမရိကန္ေဒၚလာ ၁၈သန္းခြဲ စာနာမႈအကူအညီအျဖစ္ ေထာက္ပံ့မယ္လို႔ ဂ်ပန္အစိုးရကိုယ္စား ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဝန္ႀကီးက ေၾကညာခဲ့တာနဲ႔ ပါတ္သတ္ၿပီး ကုလဘက္က ေက်းဇူးတင္စကားဆိုလိုက္တာပါ။

ဂ်ပန္ႏိုင္ငံရဲ႕ ရက္ေရာမႈဟာ ၂၀၂၂ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံတဝွမ္းက ထိခိုက္ခံစားရသူမ်ားအတြက္ အေရးေပၚ လူသားခ်င္းစာနာမႈ အကူအညီေတြကို ေပးအပ္တဲ့ေနရာမွာ အေထာက္အကူျဖစ္ေစတယ္လို႔လည္းကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္း‌ေရး႐ုံး (OCHA)က ေျပာပါတယ္။

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Hayashi Yoshimasa က သတင္းစာရွင္းလင္းပြဲမွာတစ္ခုမွာ ၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီ ၁ရက္ေန႔ေနာက္ပိုင္း စီးပြားေရးက်ဆင္းမႈနဲ႔ အေထြေထြ အၾကပ္အတည္းေတြေၾကာင့္ ျမန္မာျပည္သူေတြဟာ ေန႔စဥ္စားဝတ္ေနေရး အခက္အခဲေတြႀကဳံေတြေနရတာေၾကာင့္ ဂ်ပန္အစိုးရက ကူညီတာလို႔
ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ ဂ်ပန္ႏိုင္ငံက အကူအညီေတြ ဆက္လက္ေပးသြားမွာျဖစ္တယ္လို႔ပါ ထည့္သြင္းေျပာဆိုသြားတာရွိပါတယ္။

ၿပီးခဲ့တဲ့ လေတြတုန္းက ျမန္မာႏိုင္ငံကို ဂ်ပန္နီပြန္ေဖာင္ေဒးရွင္းက မစၥတာဆာဆာကာဝါက ကိုဗစ္ေဆးေတြ ေပးပို႔ လႉဒါန္းထားတာရွိပါတယ္။

ေဖေဖာ္ဝါရီ ၁ရက္ေနာက္ပိုင္း ျမန္မာႏိုင္ငံကို ဂ်ပန္ႏိုင္ငံက ဂ်ပန္-ျမန္မာခ်စ္ၾကည္ေရးအသင္းဥကၠဌ မစၥတာဝါတာနာေဘးနဲ႔ နီပြန္ေဖာင္ေဒးရွင္းဥကၠဌ မစၥတာဆာဆာကာဝါတို႔ လာေရာက္ခဲ့တာရွိခဲ့ၿပီး ျမန္မာကို အကူအညီေတြ မ်ားစြာေပးအပ္မယ္လို႔ သူတို႔ရဲ႕ ျမန္မာျပည္ခရီးစဥ္ေတြမွာ ေျပာၾကားခဲ့တာေတြရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here