ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ နှလုံးဆေးကုပြင်ပလူနာဌာနအား ယာယီပိတ်မည်

0
99

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ နှလုံးဆေးကုပြင်ပလူနာဌာနအား ယာယီပိတ်မည်

ရန်ကုန်မြို့၊ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ နှလုံးဆေးကုပြင်ပလူနာဌာနအား ဖေ ဖော်ဝါရီ ၁၄ ရက်မှစတင်၍ ၅ ရက်ကြာယာယီပိတ်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အသိပေးကြေညာခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ နှလုံးဆေး ကုဌာနမှ အထူးကုဆရာဝန်ကြီးများ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေသဖြင့် ယာယီပိတ်ခြင်းဖြစ်သည်ဟု အသိပေးကြေညာထားခြင်းဖြစ်သည်။

နှလုံးဆေးကုပြင်ပလူနာဌာနအား ဖေ ဖော်ဝါရီ ၁၄ ရက်မှ ၁၈ ရက်အထိ ၅ ရက်ကြာယာယီပိတ်ထားမည်ဖြစ်ကာ ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ နှလုံးဆေးကုပြင်ပလူနာဌာနအား ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သည်။

အရေးပေါ်လူနာများနှင့်အခြားအထူးကုပြင်ပလူနာများအား ပုံမှန်အတိုင်း ဖွင့်လှစ်ကုသပေးမည်ဖြစ်ပြီး အရေးပေါ်နှလုံးလူနာများကိုလည်း ပုံမှန်အတိုင်း ဆေးရုံတင်ကုသမှုပေးမည်ဖြစ်သည်ဟု အသိပေးကြေညာခဲ့သည်။

Zaw Gyi







LEAVE A REPLY

Please enter your comment!
Please enter your name here