ကိုဗစ်(၁၉)ရောဂါလူနာများ နေအိမ်၌နေထိုင်ခွင့်ပြုသည့်သတ်မှတ်ချက်များ ကျန်းမာရေးဝန် ကြီးဌာနထုတ်ပြန်

0
195

ကိုဗစ်(၁၉)ရောဂါလူနာများ နေအိမ်၌နေထိုင်ခွင့်ပြုသည့်သတ်မှတ်ချက်များ ကျန်းမာရေးဝန် ကြီးဌာနထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါအ တည်ပြုလူနာများ နေအိမ်၌နေထိုင်လိုပါက လိုက် နာရမည့် သတ်မှတ်ချက်များအား ထုတ်ပြန်အသိ ပေးခဲ့သည်။

ကိုဗစ်(၁၉)ရောဂါ သံသယလက္ခဏာရှိပါကစစ်ဆေး၍ သတ်မှတ်ချက်များနှင့်ကိုက်ညီလျှင်နေ အိမ်၌သီးသန့်နေထိုင်ခြင်း ခွင့်ပြုရန်သက်ဆိုင်ရာကျန်းမာရေးဌာနမှခွင့်ပြုပေးမည်ဖြစ်ကာ မိမိသ ဘောနှင့်မိမိ ဆောင်ရွက်ခွင့်မရှိကြောင်း ထုတ်ပြန်အသိပေးခဲ့သည်။

ကိုဗစ်(၁၉)ရောဂါဓာတ်ခွဲအတည်ပြုလူနာများ နေ အိမ်၌သီးသန့်နေထိုင်ခြင်း(Home Isolation)နေ ထိုင်လိုသူများသည် ကိုဗစ်(၁၉) ရောဂါကာကွယ် ဆေးအကြိမ်ပြည့်ထိုးနှံထားသူဖြစ်ရမည်။ထို့အ တူ နောက်ဆုံးအကြိမ် ကာကွယ်ဆေး(ပုံမှန်/ထပ်ဆောင်း)ထိုးနှံပြီး ၆ လအတွင်းဖြစ်ရမည်။ထို့ပြင် ရောဂါလက္ခဏာမရှိသူဖြစ်ရမည်ကာ အန္တရာယ်ရှိလူနာအုပ်စု(High risk)တွင် ပါဝင်သူများမဖြစ်ရဟု ထုတ်ပြန်အသိပေးထားသည်။

အလားတူ နေအိမ်၌သီးခြားခွဲ၍နေထိုင်နိုင်သည့်အခန်းရှိရမည်ပြီး တစ်နေ့လျင် ၂ ကြိမ်ပုံမှန်သ တင်းပေးပို့နိုင်သူဖြစ်ရမည်။

ထို့ပြင် သီးခြားခွဲခြားနေထိုင်မည့်နေအိမ်၌ အတူနေသူများမှာလည်း ကိုဗစ်(၁၉)ရောဂါ ကာ ကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားသူများဖြစ်ရမည်။သီးခြားခွဲခြားနေထိုင်မည့် နေအိမ်၌ အတူနေသူ များတွင် အန္တရာယ်ရှိသူအုပ်စု (High risk)များ မရှိရဟု ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်အသိ ပေးထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် အန္တရာယ်ရှိလူနာအုပ်စုများအဖြစ် သွေးတိုး၊နှလုံး၊ ဆီးချို အစရှိသည့် နာတာရှည်ရောဂါအခံရှိသူ များ၊ကိုယ်ခံအားကျဆင်းနိုင်သည့် ဆေးဝါးသုံးစွဲနေရသူများ (Patients on immunosuppressive drugs)နှင့်အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများပါဝင်သည်။

zaw gyi

ကိုဗစ္(၁၉)ေရာဂါလူနာမ်ား ေနအိမ္၌ေနထိုင္ခြင့္ျပဳသည့္သတ္မွတ္ခ်က္မ်ား က်န္းမာေရးဝန္ ႀကီးဌာနထုတ္ျပန္

က်န္းမာေရးဝန္ႀကီးဌာနမွ ကိုဗစ္(၁၉)ေရာဂါအ တည္ျပဳလူနာမ်ား ေနအိမ္၌ေနထိုင္လိုပါက လိုက္ နာရမည့္ သတ္မွတ္ခ်က္မ်ားအား ထုတ္ျပန္အသိ ေပးခဲ့သည္။

ကိုဗစ္(၁၉)ေရာဂါ သံသယလကၡဏာရွိပါကစစ္ေဆး၍ သတ္မွတ္ခ်က္မ်ားႏွင့္ကိုက္ညီလွ်င္ေန အိမ္၌သီးသန႔္ေနထိုင္ျခင္း ခြင့္ျပဳရန္သက္ဆိုင္ရာက်န္းမာေရးဌာနမွခြင့္ျပဳေပးမည္ျဖစ္ကာ မိမိသ ေဘာႏွင့္မိမိ ေဆာင္႐ြက္ခြင့္မရွိေၾကာင္း ထုတ္ျပန္အသိေပးခဲ့သည္။

ကိုဗစ္(၁၉)ေရာဂါဓာတ္ခြဲအတည္ျပဳလူနာမ်ား ေန အိမ္၌သီးသန႔္ေနထိုင္ျခင္း(Home Isolation)ေန ထိုင္လိုသူမ်ားသည္ ကိုဗစ္(၁၉) ေရာဂါကာကြယ္ ေဆးအႀကိမ္ျပည့္ထိုးႏွံထားသူျဖစ္ရမည္။ထို႔အ တူ ေနာက္ဆုံးအႀကိမ္ ကာကြယ္ေဆး(ပုံမွန္/ထပ္ေဆာင္း)ထိုးႏွံၿပီး ၆ လအတြင္းျဖစ္ရမည္။ထို႔ျပင္ ေရာဂါလကၡဏာမရွိသူျဖစ္ရမည္ကာ အႏၲရာယ္ရွိလူနာအုပ္စု(High risk)တြင္ ပါဝင္သူမ်ားမျဖစ္ရဟု ထုတ္ျပန္အသိေပးထားသည္။

အလားတူ ေနအိမ္၌သီးျခားခြဲ၍ေနထိုင္ႏိုင္သည့္အခန္းရွိရမည္ၿပီး တစ္ေန႔လ်င္ ၂ ႀကိမ္ပုံမွန္သ တင္းေပးပို႔ႏိုင္သူျဖစ္ရမည္။

ထို႔ျပင္ သီးျခားခြဲျခားေနထိုင္မည့္ေနအိမ္၌ အတူေနသူမ်ားမွာလည္း ကိုဗစ္(၁၉)ေရာဂါ ကာ ကြယ္ေဆးအႀကိမ္ျပည့္ထိုးႏွံထားသူမ်ားျဖစ္ရမည္။သီးျခားခြဲျခားေနထိုင္မည့္ ေနအိမ္၌ အတူေနသူ မ်ားတြင္ အႏၲရာယ္ရွိသူအုပ္စု (High risk)မ်ား မရွိရဟု က်န္းမာေရးဝန္ႀကီးဌာနမွထုတ္ျပန္အသိ ေပးထားသည္။

က်န္းမာေရးဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္တြင္ အႏၲရာယ္ရွိလူနာအုပ္စုမ်ားအျဖစ္ ေသြးတိုး၊ႏွလုံး၊ ဆီးခ်ိဳ အစရွိသည့္ နာတာရွည္ေရာဂါအခံရွိသူ မ်ား၊ကိုယ္ခံအားက်ဆင္းႏိုင္သည့္ ေဆးဝါးသုံးစြဲေနရသူမ်ား (Patients on immunosuppressive drugs)ႏွင့္အသက္(၆၀)ႏွစ္အထက္ သက္ႀကီး႐ြယ္အိုမ်ားပါဝင္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here