မြန်မာလုပ်သား ၁၀၀ကျော်အား တောင်ကိုရီးယားက ခေါ်ယူ

0
183

မြန်မာလုပ်သား ၁၀၀ကျော်အား တောင်ကိုရီးယားက ခေါ်ယူ

မြန်မာနိုင်ငံမှ တောင်ကိုရီးယားသို့ ဆောက်လုပ်ရေး လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၁၃) ဦး၊ Re-entry အဖြစ် ပြန်လည်ဝင်ရောက်လာသော ကုန်ထုတ်လုပ်သား (၃၆) ဦးနှင့် မြန်မာနိုင်ငံမှ ကုန်ထုတ် လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၃၂) ဦး၊ စိုက်ပျိုး/မွေးမြူရေး လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် ကုန်ထုတ်လုပ်သားသစ် (၂၄)ဦးတို့သည် စင်ကာပူနိုင်ငံမှတစ်ဆင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယခုဖေဖော်ဝါရီ ပထမပါတ်နှင့်ဒုတိယပါတ်အတွင်း ရောက်ရှိလာခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ မြန်မာသံရုံးမှသိရသည်။

တောင်ကိုရီးယားနိုင်ငံအစိုးရသည် ၎င်း၏နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားခြင်းအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ ပြည်ဝင်ခွင့် ပိတ်ပင်ထားခဲ့သော်လည်းပဲ လိုအပ်ချက်အရ မြန်မာလုပ်သားတို့ကို ဆက်တိုက်ခေါ်ယူမှုများရှိနေရာ ယခုလအတွင်း လုပ်သား ၁၀၀ကျော်တို့အား နိုင်ငံတွင်း အလုပ်လုပ်ကိုင်နိုင်ရန် တောင်ကိုရီးယားအစိုးရဘက်က ခွင့်ပြု ပေးခဲ့ခြင်းဖြစ်သည်။

လုပ်သား၁၀၀ကျော်တို့သည် ၇-၂-၂၀၂၂ ရက်နေ့နှင့် ၁၄-၂-၂၀၂၂ ရက်နေ့တို့တွင် တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု မြန်မာသံရုံးကဆိုသည်။

ပြီးခဲ့သည့် ၁၇-၁-၂၀၂၁ ရက်နေ့ကလည်း မြန်မာနိုင်ငံမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ် တောင်ကိုရီးယားသို့ အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သား(၃၉)ဦးနှင့် ၂၄-၁-၂၀၂၂ ရက်နေ့က
Re Entry လုပ်သား(၂၈)ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သား (၅၆)ဦး စုစုပေါင်း (၈၄)ဦးတို့သည် စင်ကာပူနိုင်ငံမှတစ်ဆင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သေးသည်ဟုလည်းသိရှိရသည်။

Zaw Gyi

ျမန္မာလုပ္သား ၁၀၀ေက်ာ္အား ေတာင္ကိုရီးယားက ေခၚယူ

ျမန္မာႏိုင္ငံမွ ေတာင္ကိုရီးယားသို႔ ေဆာက္လုပ္ေရး လုပ္သားအျဖစ္ ဝင္ေရာက္လုပ္ကိုင္မည့္ လုပ္သားသစ္ (၁၃) ဦး၊ Re-entry အျဖစ္ ျပန္လည္ဝင္ေရာက္လာေသာ ကုန္ထုတ္လုပ္သား (၃၆) ဦးႏွင့္ ျမန္မာႏိုင္ငံမွ ကုန္ထုတ္ လုပ္သားအျဖစ္ ဝင္ေရာက္လုပ္ကိုင္မည့္ လုပ္သားသစ္ (၃၂) ဦး၊ စိုက္ပ်ိဳး/ေမြးျမဴေရး လုပ္သားအျဖစ္ ဝင္ေရာက္လုပ္ကိုင္မည့္ ကုန္ထုတ္လုပ္သားသစ္ (၂၄)ဦးတို႔သည္ စင္ကာပူႏိုင္ငံမွတစ္ဆင့္ အင္ခြၽန္းအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ယခုေဖေဖာ္ဝါရီ ပထမပါတ္ႏွင့္ဒုတိယပါတ္အတြင္း ေရာက္ရွိလာခဲ့သည္ဟု ေတာင္ကိုရီးယားႏိုင္ငံ ျမန္မာသံ႐ုံးမွသိရသည္။

ေတာင္ကိုရီးယားႏိုင္ငံအစိုးရသည္ ၎၏ႏိုင္ငံအတြင္း ကိုဗစ္-၁၉ ကူးစက္ေရာဂါျပန႔္ပြားျခင္းအား ကာကြယ္ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၁)ရက္ေန႔မွစ၍ ျပည္ဝင္ခြင့္ ပိတ္ပင္ထားခဲ့ေသာ္လည္းပဲ လိုအပ္ခ်က္အရ ျမန္မာလုပ္သားတို႔ကို ဆက္တိုက္ေခၚယူမႈမ်ားရွိေနရာ ယခုလအတြင္း လုပ္သား ၁၀၀ေက်ာ္တို႔အား ႏိုင္ငံတြင္း အလုပ္လုပ္ကိုင္ႏိုင္ရန္ ေတာင္ကိုရီးယားအစိုးရဘက္က ခြင့္ျပဳ ေပးခဲ့ျခင္းျဖစ္သည္။

လုပ္သား၁၀၀ေက်ာ္တို႔သည္ ၇-၂-၂၀၂၂ ရက္ေန႔ႏွင့္ ၁၄-၂-၂၀၂၂ ရက္ေန႔တို႔တြင္ ေတာင္ကိုရီးယားသို႔ ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္ဟု ျမန္မာသံ႐ုံးကဆိုသည္။

ၿပီးခဲ့သည့္ ၁၇-၁-၂၀၂၁ ရက္ေန႔ကလည္း ျမန္မာႏိုင္ငံမွ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္သားအျဖစ္ ေတာင္ကိုရီးယားသို႔ အသစ္ဝင္ေရာက္ လုပ္ကိုင္မည့္ လုပ္သား(၃၉)ဦးႏွင့္ ၂၄-၁-၂၀၂၂ ရက္ေန႔က
Re Entry လုပ္သား(၂၈)ဦး၊ ကုန္ထုတ္လုပ္သားအျဖစ္ အသစ္ ဝင္ေရာက္လုပ္ကိုင္မည့္ လုပ္သား (၅၆)ဦး စုစုေပါင္း (၈၄)ဦးတို႔သည္ စင္ကာပူႏိုင္ငံမွတစ္ဆင့္ အင္ခြၽန္းအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိလာခဲ့ေသးသည္ဟုလည္းသိရွိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here