ထိုင်းသို့ သွားရောက်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမားစာရင်း စတင်လက်ခံ

0
162

ထိုင်းသို့ သွားရောက်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမားစာရင်း စတင်လက်ခံ

ယခုဖေဖော်ဝါရီ ၈ရက်ကစပြီး ထိုင်းနိုင်ငံကို MOUစနစ်နဲ့ သွားရောက်လုပ်ကိုင်ကြမယ့် မြန်မာလုပ်သားစာရင်းကို အလုပ်သမားဝန်ကြီးဌာနက စတင်လက်ခံပေးနေပြီလို့ အဲ့ဒီဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကပြောပါတယ်။

ထိုင်းနိုင်ငံဘက်က မြန်မာလုပ်သားတွေကို တရားဝင် ခေါ်ယူဖို့ရှိနေတာမှာ အေဂျင်စီတွေဘက်က စေလွှတ်မယ့် အလုပ်သမားစာရင်းကို ဝန်ကြီးဌာနကို ပေးပို့ရတာဖြစ်ပါတယ်။

ဒီရက်ထဲမှာပဲ နစကအလုပ်သမားဝန်ကြီး နဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီအဖွဲ့တွေ တွေ့ဆုံပြီး ထိုင်းနိုင်ငံကို MOU စနစ်နဲ့ မြန်မာလုပ်သားစေလွှတ်ရေးကိစ္စ ဆွေးနွေးခဲ့တာရှိပါတယ်။

ထိုင်းနိုင်ငံကို လုပ်သားစေလွှတ်ဖို့အတွက် တရားဝင်ခွင့်ပြုထားတဲ့ လိုင်စင်ရ အေဂျင်စီအရေအတွက်က ၁၁၄ခုအထိ ရှိနေပါတယ်။

ကိုဗစ်ကြောင့် ၁၈-၃-၂၀၂၀ကစပြီး ထိုင်းကို လုပ်သားစေလွှတ်မှု ရပ်တန့်ထားတာမှာ အခု ထိုင်းဘက်က လုပ်သားတွေကို ပြန်လည်ခေါ်ယူနေပြီ ဖြစ်ပါတယ်။

လိုင်စင်ရအေဂျင်စီတွေ အနေနဲ့ ဝန်ဆောင်စရိတ်ကို ငွေကျပ် ၃သိန်းကောက်ခံဖို့ ၂၁-၁-၂၀၂၂မှာ ကျင်းပတဲ့ ပြည်ပအလုပ်အကိုင်ကြီးကြပ်မှုကော်မတီ(၁/၂၀၂၂)က သတ်မှတ်ပေးခဲ့တာရှိပါတယ်။

ယခင်ကတော့ ဝန်ဆောင်ခအနေနဲ့ တစ်ဦးကို ငွေကျပ် ၁သိန်း၅သောင်းပဲ ကောက်ခံတာဖြစ်ပါတယ်။

Zaw Gyi

ထိုင္းသို႔ သြားေရာက္လုပ္ကိုင္ၾကမည့္ ျမန္မာအလုပ္သမားစာရင္း စတင္လက္ခံ

ယခုေဖေဖာ္ဝါရီ ၈ရက္ကစၿပီး ထိုင္းႏိုင္ငံကို MOUစနစ္နဲ႔ သြားေရာက္လုပ္ကိုင္ၾကမယ့္ ျမန္မာလုပ္သားစာရင္းကို အလုပ္သမားဝန္ႀကီးဌာနက စတင္လက္ခံေပးေနၿပီလို႔ အဲ့ဒီဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေမာင္ေမာင္သန္းကေျပာပါတယ္။

ထိုင္းႏိုင္ငံဘက္က ျမန္မာလုပ္သားေတြကို တရားဝင္ ေခၚယူဖို႔ရွိေနတာမွာ ေအဂ်င္စီေတြဘက္က ေစလႊတ္မယ့္ အလုပ္သမားစာရင္းကို ဝန္ႀကီးဌာနကို ေပးပို႔ရတာျဖစ္ပါတယ္။

ဒီရက္ထဲမွာပဲ နစကအလုပ္သမားဝန္ႀကီး နဲ႔ ျပည္ပအလုပ္အကိုင္ေအဂ်င္စီအဖြဲ႕ေတြ ေတြ႕ဆုံၿပီး ထိုင္းႏိုင္ငံကို MOU စနစ္နဲ႔ ျမန္မာလုပ္သားေစလႊတ္ေရးကိစၥ ေဆြးေႏြးခဲ့တာရွိပါတယ္။

ထိုင္းႏိုင္ငံကို လုပ္သားေစလႊတ္ဖို႔အတြက္ တရားဝင္ခြင့္ျပဳထားတဲ့ လိုင္စင္ရ ေအဂ်င္စီအေရအတြက္က ၁၁၄ခုအထိ ရွိေနပါတယ္။

ကိုဗစ္ေၾကာင့္ ၁၈-၃-၂၀၂၀ကစၿပီး ထိုင္းကို လုပ္သားေစလႊတ္မႈ ရပ္တန႔္ထားတာမွာ အခု ထိုင္းဘက္က လုပ္သားေတြကို ျပန္လည္ေခၚယူေနၿပီ ျဖစ္ပါတယ္။

လိုင္စင္ရေအဂ်င္စီေတြ အေနနဲ႔ ဝန္ေဆာင္စရိတ္ကို ေငြက်ပ္ ၃သိန္းေကာက္ခံဖို႔ ၂၁-၁-၂၀၂၂မွာ က်င္းပတဲ့ ျပည္ပအလုပ္အကိုင္ႀကီးၾကပ္မႈေကာ္မတီ(၁/၂၀၂၂)က သတ္မွတ္ေပးခဲ့တာရွိပါတယ္။

ယခင္ကေတာ့ ဝန္ေဆာင္ခအေနနဲ႔ တစ္ဦးကို ေငြက်ပ္ ၁သိန္း၅ေသာင္းပဲ ေကာက္ခံတာျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here