ကြို့ပင်ကောက်မြို့တွင် ရဲတပ်ကြပ်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
270

ကြို့ပင်ကောက်မြို့တွင် ရဲတပ်ကြပ်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့၊ရန်ကုန်-ပြည်လမ်းပေါ်တွင် ဆိုင်ကယ်မောင်းလာသော ရဲတပ်ကြပ်တစ်ဦးအား ဖေဖော်ဝါရီလ၁၄ရက်မွန်းလွဲ၂နာရီ၃၀မိနစ်ခန့်က အမည်မသိလက်နက်ကိုင်နှစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“သေနတ်သံကြားလို့ ကြည့်လိုက်တော့ လမ်းပေါ်မှာ ရဲတစ်ယောက်ဆိုင်ကယ်လဲပြီး မှောက်နေတာတွေ့ရတယ်။ခဏနေတော့ လူနာတင်ယာဉ်နဲ့ သယ်သွားတယ်။သေနတ်နဲ့ပစ်သွားတဲ့သူ ၂ယောက်ကလည်း ထွက်ပြေးသွားတယ်လို့သိရတယ်။ကြည့်ရတာတော့ သေနတ်နဲ့ပစ်ခံရတဲ့ ရဲကတော့ သေလောက်မယ်ထင်တယ်´´ဟု ဒေသခံတစ်ဦးမှ ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသော ရဲတပ်ကြပ်မှာ ဦးခေါင်းနောက်ကျည်ဖောက်ထွက်ဒဏ်ရာဖြင့် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်းလည်း စုံစမ်းသိရှိရသည်။

Zaw Gyi

ႀကိဳ႕ပင္ေကာက္ၿမိဳ႕တြင္ ရဲတပ္ၾကပ္တစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံရ

ပဲခူးတိုင္းေဒသႀကီး၊သာယာဝတီခ႐ိုင္၊ႀကိဳ႕ပင္ေကာက္ၿမိဳ႕၊ရန္ကုန္-ျပည္လမ္းေပၚတြင္ ဆိုင္ကယ္ေမာင္းလာေသာ ရဲတပ္ၾကပ္တစ္ဦးအား ေဖေဖာ္ဝါရီလ၁၄ရက္မြန္းလြဲ၂နာရီ၃၀မိနစ္ခန္႔က အမည္မသိလက္နက္ကိုင္ႏွစ္ဦးမွ ေသနတ္ျဖင့္ ပစ္သတ္ခဲ့ေၾကာင္း ေဒသခံသတင္းရင္းျမစ္မ်ားထံမွ သိရသည္။

“ေသနတ္သံၾကားလို႔ ၾကည့္လိုက္ေတာ့ လမ္းေပၚမွာ ရဲတစ္ေယာက္ဆိုင္ကယ္လဲၿပီး ေမွာက္ေနတာေတြ႕ရတယ္။ခဏေနေတာ့ လူနာတင္ယာဥ္နဲ႔ သယ္သြားတယ္။ေသနတ္နဲ႔ပစ္သြားတဲ့သူ ၂ေယာက္ကလည္း ထြက္ေျပးသြားတယ္လို႔သိရတယ္။ၾကည့္ရတာေတာ့ ေသနတ္နဲ႔ပစ္ခံရတဲ့ ရဲကေတာ့ ေသေလာက္မယ္ထင္တယ္´´ဟု ေဒသခံတစ္ဦးမွ ေျပာသည္။

ေသနတ္ျဖင့္ ပစ္သတ္ခံရေသာ ရဲတပ္ၾကပ္မွာ ဦးေခါင္းေနာက္က်ည္ေဖာက္ထြက္ဒဏ္ရာျဖင့္ ေနရာတြင္ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္းလည္း စုံစမ္းသိရွိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here