ရှင်အပါး ၁၀၀ စာအတွက် အလှူငွေများမတည် လှူဒါန်းခဲ့တဲ့ မိတ်ကပ်ခင်စန်းဝင်း

0
352

(Unicode)

ရှင်အပါး ၁၀၀ စာအတွက် အလှူငွေများမတည် လှူဒါန်းခဲ့တဲ့ မိတ်ကပ်ခင်စန်းဝင်း

မိတ်ကပ်ခင်စန်းဝင်းက မြို့သာမြို့ ကုန်းသာကျေးရွာမှာ ရှင်သာမဏေအပါး ၁၀၀ စာအတွက် အလှူငွေများမတည်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်တာကလည်း မိတ်ကပ်ရောင်းရတဲ့ငွေ မှ ၁၀ ပုံတစ်ပုံ ကိုဖယ်ထားပြီး လှူဒါန်းဖို့တွေးခဲ့ကြောင်း ခင်စန်းဝင်က
” မိတ်ကပ်ရောင်းရငွေရဲ့ ၁၀ ပုံ ၁ပုံကိုမကြီးစန်းက အမြဲဖယ်ထားပြီးလိုအပ်တဲ့နေရာလေးတွေမှာ ပုံမှန်လှူလေ့ရှိတယ်။ ဒီတစ်ခါကျတော့ မိတ်ကပ်ရောင်းလို့ရတဲ့ထဲက ငွေတွေဖယ်ထားပြီးလှူဖို့တွေးလိုက်ချိန်မှာ အနီးကပ်နေတဲ့တပည့်လေးရဲ့အကြံပေးချက်နဲ့သူ့ဇာတိဖြစ်တဲ့မြို့သာမြို့ ကုန်းသာကျေးရွာမှာလှူချင်တယ်ပြောတော့ မကြီးစန်းလည်းလှူဖြစ်သွားတာပါ သီလရှင်ရော ရှင်သာမဏေရော အားလုံးပေါင်း အပါး(၁၀၀)ရှိတယ်။

ပထမကမိတ်ကပ်ရောင်းရငွေသိန်း၅၀ မတည်ပြီးအလှူလုပ်ဖို့ရည်ရွယ်ထားပေမယ့်လည်းမကြီးစန်းကိုချစ်ကြတဲ့ တပည့်လေးတွေမိတ်ဆွေလေး တွေကပါ ဒီအလှူမှာ အလှူငွေလေးတွေထည့်ပြီးဝိုင်းလှူကြတော့မထင်မှတ်ပဲ ပိုပြီးကြီးသွားတယ် ” လို့ ပြောပါတယ်။

Photo Credit – Kyaw Zaw Lay, Designer Myo Min Soe

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here