သရုပ်ဆောင်ရဲတိုက်အား စစ်ဆေးနေသည့် မူးယစ်ဆေးဝါးအမှုဖြင့် တရားလိုနှင့် လိုပြသက်သေ သုံးဦး စတင်စစ်ဆေး

0
95

(Unicode)

သရုပ်ဆောင်ရဲတိုက်အား စစ်ဆေးနေသည့် မူးယစ်ဆေးဝါးအမှုဖြင့် တရားလိုနှင့် လိုပြသက်သေ သုံးဦး စတင်စစ်ဆေး

သရုပ်ဆောင်ရဲတိုက်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ ၁၆(ဂ)ဖြင့် တရားစွဲဆိုထားရာ ယနေ့ (ဖေဖော်ဝါရီ ၁၆ )ရက် နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာပြီး တရားလိုနှင့် လိုပြသက်သေ ရဲအရာရှိသုံးဦးကိုစစ်ဆေးခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ယနေ့ရုံးချိန်တွင် ရဲတိုက်အနေဖြင့်ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ၎င်းအနေဖြင့်ထောင်တွင်းဆေးရုံတွင် နေထိုင်နေသည်မှာ ယခင်က တရားခွင်အတွင်းမူးလဲခဲ့သည့်
ဖြစ်စဥ်အပေါ် ကျန်းမာရေးအခြေအနေအရ စောင့်ကြည့်ချင်သောကြောင့် ဖြစ်ကြောင်းဆိုသည်။

အဆိုပါအမှုအတွက် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးဆုံးဖြတ်ချက်အရ ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်အမိန့်ချမှတ်နိုင်ရန် စစ်ဆေးသွားမည်ဖြစ်သည်။

“ကိုရဲတိုက်ကအနောက်ပိုင်းခရိုင်တရားရုံးကို ဒီနေ့ ရုံးထုတ်ပြီးစစ်ဆေးဖြစ်ပါတယ်။ တရားလိုနဲ့တရားလိုပြသက်သေ ရဲအရာရှိသုံးယောက်စစ်ဆေးဖြစ်ပါတယ်။ ကျန်းမာရေးကောင်းပါတယ်။ ထောင်ကနေအပြင်ကိုရုံးထုတ်စစ်ဆေးတာပေါ့။ ရိုးရှင်းတဲ့အမှုအဖြစ် သတ်မှတ်ပြီး ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးမှာပါ။” ဟု ဆိုသည်။

ရုံးချိန်းကို လာမည့် မတ်လ ၁ရက်သို့ပြန်လည်ချိန်းဆိုထားကာ၊ တရားလိုပြသက်သေများကိုသာ ဆက်လက်စစ်​ဆေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သရုပ်ဆောင်ရဲတိုက်သည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အင်းစိန်အကျဥ်းထောင်တွင်းတရားရုံးက ဇန်နဝါရီ ၃၀ရက်တွင်ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရကြောင်းသိရသည်။

(Zawgyi)

သ႐ုပ္ေဆာင္ရဲတိုက္အား စစ္ေဆးေနသည့္ မူးယစ္ေဆးဝါးအမႈျဖင့္ တရားလိုႏွင့္ လိုျပသက္ေသ သုံးဦး စတင္စစ္ေဆး

သ႐ုပ္ေဆာင္ရဲတိုက္အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ဥပေဒပုဒ္မ ၁၆(ဂ)ျဖင့္ တရားစြဲဆိုထားရာ ယေန႔ (ေဖေဖာ္ဝါရီ ၁၆ )ရက္ နံနက္ပိုင္းတြင္ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား႐ုံးသို႔ ႐ုံးထုတ္လာၿပီး တရားလိုႏွင့္ လိုျပသက္ေသ ရဲအရာရွိသုံးဦးကိုစစ္ေဆးခဲ့ေၾကာင္း တရား႐ုံးႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

ယေန႔႐ုံးခ်ိန္တြင္ ရဲတိုက္အေနျဖင့္က်န္းမာေရးေကာင္းမြန္ေၾကာင္းႏွင့္ ၎အေနျဖင့္ေထာင္တြင္းေဆး႐ုံတြင္ ေနထိုင္ေနသည္မွာ ယခင္က တရားခြင္အတြင္းမူးလဲခဲ့သည့္
ျဖစ္စဥ္အေပၚ က်န္းမာေရးအေျခအေနအရ ေစာင့္ၾကည့္ခ်င္ေသာေၾကာင့္ ျဖစ္ေၾကာင္းဆိုသည္။

အဆိုပါအမႈအတြက္ မႈခင္းစီမံခန္႔ခြဲမႈ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ရက္ေပါင္း ၁၈၀ အတြင္း အၿပီးသတ္အမိန္႔ခ်မွတ္ႏိုင္ရန္ စစ္ေဆးသြားမည္ျဖစ္သည္။

“ကိုရဲတိုက္ကအေနာက္ပိုင္းခ႐ိုင္တရား႐ုံးကို ဒီေန႔ ႐ုံးထုတ္ၿပီးစစ္ေဆးျဖစ္ပါတယ္။ တရားလိုနဲ႔တရားလိုျပသက္ေသ ရဲအရာရွိသုံးေယာက္စစ္ေဆးျဖစ္ပါတယ္။ က်န္းမာေရးေကာင္းပါတယ္။ ေထာင္ကေနအျပင္ကို႐ုံးထုတ္စစ္ေဆးတာေပါ့။ ႐ိုးရွင္းတဲ့အမႈအျဖစ္ သတ္မွတ္ၿပီး ရက္ေပါင္း ၁၈၀ အတြင္း အၿပီးသတ္စစ္ေဆးမွာပါ။” ဟု ဆိုသည္။

႐ုံးခ်ိန္းကို လာမည့္ မတ္လ ၁ရက္သို႔ျပန္လည္ခ်ိန္းဆိုထားကာ၊ တရားလိုျပသက္ေသမ်ားကိုသာ ဆက္လက္စစ္​ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ သ႐ုပ္ေဆာင္ရဲတိုက္သည္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅-က ျဖင့္ အင္းစိန္အက်ဥ္းေထာင္တြင္းတရား႐ုံးက ဇန္နဝါရီ ၃၀ရက္တြင္ေထာင္ဒဏ္ သုံးႏွစ္ခ်မွတ္ခံထားရေၾကာင္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here