HIV ပိုးရှိသူအမျိုးသမီးတစ်ဦး ကုသမှုအောင်မြင်နိုင်ဖွယ်ရှိ

0
140

HIV ပိုးရှိသူအမျိုးသမီးတစ်ဦး ကုသမှုအောင်မြင်နိုင်ဖွယ်ရှိ

အမေရိကန်သိပ္ပံပညာရှင်တွေက HIV ရောဂါပိုးရှိသူအမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် ကုသမှုအောင်မြင်ခဲ့ပုံပေါ်ပြီး အောင်မြင်ပါကယခုအောင်မြင်မှုဟာ ကြီးမားတဲ့ကျော်လွှားမှုတစ်ခုဖြစ်လာမှာပါ။

သုတေသနပြုသူတွေက ချက်ကြိုးသွေးကိုအသုံးပြုကာ ကုသပေးခဲ့ကြတာဖြစ်ပြီး နှစ်စဥ်လူပေါင်းများစွာကိုကုသပေးနိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။

ယခုအမျိုးသမီးဟာ တတိယမြောက်ကုသမှုခံယူခဲ့ခြင်းဖြစ်ပြီး ယခင်ကလည်း အမျိုးသား ၂ဦးကိုကုသပေးခဲ့ဖူးကာ ယခုကုသမှုရဲ့အဓိကသော့ချက်ကတော့ ပင်မဆဲလ်တွေထက် ချက်ကြိုးသွေးကိုအသုံးပြုတာပဲဖြစ်ပါတယ်။

ယခင်ကုသမှုခံယူခဲ့တဲ့အမျိုးသား ၂ဦးကတော့ ရိုးတွင်းခြင်ဆီအစားထိုးကုသမှုကိုခံယူခဲ့ကြတာဖြစ်ပြီး ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားခဲ့ကြရတယ်လို့လည်းဆိုပါတယ်။

ကူးစက်ရောဂါအဖွဲ့အစည်းမှဆရာဝန် Dr. Marshall Glesby ကတော့ “ဒါဟာကုသမှုပုံစံမဟုတ်သလို ဒီကုသမှုဟာလည်း လူအချို့နဲ့သာသင့်တော်ပါတယ်” လို့ပြောပြထားပါတယ်။

ချက်ကြိုးသွေးအလှူရှင်တွေလည်းရှိနေပြီး ယခုကုသမှုအသစ်ဟာ HIV ရောဂါဝေဒနာရှင်တွေအတွက် မျှော်လင့်ချက်တစ်ခုလည်းဖြစ်ပါတယ်။

Zaw Gyi









LEAVE A REPLY

Please enter your comment!
Please enter your name here