ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ချောင်းအတွင်း ” ခိုင်ပြည်ဟိန်း ” ဇာတ်သဘင်အဖွဲ့ပိုင် စက်လှေနစ်မြုပ်

0
239

(Unicode)

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ချောင်းအတွင်း ” ခိုင်ပြည်ဟိန်း ” ဇာတ်သဘင်အဖွဲ့ပိုင် စက်လှေနစ်မြုပ်

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်ရှိ ခြံချေကျေး ရွာအနီးချောင်းအတွင်း၌ ဖေဖော်ဝါရီ ၁၆ ရက်ညနေ ၅ နာရီကျော်ခန့်က ဇာတ်သဘင်အဖွဲ့ပိုင် စက်လှေ ဝမ်းဗိုက်ပေါက်ကာ နစ်မြုတ်ခဲ့သဖြင့် ဇာတ်သဘင်သုံးပစ္စည်းများပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

အဆိုပါ ဇာတ်သဘင်အဖွဲ့သည် “ခိုင်ပြည်ဟိန်းသဘင်”ဇာတ်အဖွဲ့ဖြစ်ပြီး စျာပနအခမ်းအနားတစ်ခု၌ ကပြဖျော်ဖြေပြီးပြန်လာချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့ ဇာတ်သဘင်ပစ္စည်းတွေကတော့ ဆားငံရည်ထိမိတော့ အကုန်ပျက်စီးကုန်တာပေါ့ ဇာတ်အဖွဲ့ပိုင်ရှင်ပြောတာကတော့ တစ်ခုမှပြန်သုံးလို့မရတော့ဘူးတဲ့ သိန်း ၄၀၀ ဖိုးလောက်ရှိတယ်ပြောတယ်ပျက်စီးသွားတာက လူတွေကတော့တစ်ယောက်မှထိခိုက်သေဆုံးတာမရှိဘူး”ဟုစက်လှေနစ်မြုတ်မှုအားဝိုင်းဝန်းကူညီပေးခဲ့သူတစ်ဦးကပြောသည်။

စက်လှေဘုတ်နစ်မြုတ်သည့်နေရာသည် ခြံချေကျေးရွာချောင်း၏ ချောင်းကမ်းနားအနီးတွင်ဖြစ် ပွားခဲ့ခြင်းဖြစ်၍ နစ်မြုပ်စဥ်ကမ်းစပ်သို့လွယ်ကူစွာကူးခတ်သွားနိုင်ခြင်းဖြစ်သောကြောင့် ထိခိုက်သေဆုံးမှုများမရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

“ကျွန်တော်တို့ဝိုင်းကူပေးတဲ့အချိန်မှာ သေချာလိုက်ကြည့်တော့ စက်​လှေ ရဲ့ဝမ်းဗိုက်ကိုသစ်ငုတ်ထိုးသွားတာကြောင့် ဝမ်းဗိုက်ပေါက်ပြီးမြုပ်သွားတာပါ”ဟုဒေသခံတစ်ဦးကပြောသည်။

(Zawgyi)

ရခိုင္ျပည္နယ္ ေပါက္ေတာၿမိဳ႕နယ္တြင္ ေခ်ာင္းအတြင္း ” ခိုင္ျပည္ဟိန္း ” ဇာတ္သဘင္အဖြဲ႕ပိုင္ စက္ေလွနစ္ျမဳပ္

ရခိုင္ျပည္နယ္၊ေပါက္ေတာၿမိဳ႕နယ္ရွိ ၿခံေခ်ေက်း ႐ြာအနီးေခ်ာင္းအတြင္း၌ ေဖေဖာ္ဝါရီ ၁၆ ရက္ညေန ၅ နာရီေက်ာ္ခန္႔က ဇာတ္သဘင္အဖြဲ႕ပိုင္ စက္ေလွ ဝမ္းဗိုက္ေပါက္ကာ နစ္ျမဳတ္ခဲ့သျဖင့္ ဇာတ္သဘင္သုံးပစၥည္းမ်ားပ်က္စီးဆုံးရႈံးခဲ့သည္ဟု ေဒသခံမ်ားထံမွသိရသည္။

အဆိုပါ ဇာတ္သဘင္အဖြဲ႕သည္ “ခိုင္ျပည္ဟိန္းသဘင္”ဇာတ္အဖြဲ႕ျဖစ္ၿပီး စ်ာပနအခမ္းအနားတစ္ခု၌ ကျပေဖ်ာ္ေျဖၿပီးျပန္လာခ်ိန္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

“သူတို႔ ဇာတ္သဘင္ပစၥည္းေတြကေတာ့ ဆားငံရည္ထိမိေတာ့ အကုန္ပ်က္စီးကုန္တာေပါ့ ဇာတ္အဖြဲ႕ပိုင္ရွင္ေျပာတာကေတာ့ တစ္ခုမွျပန္သုံးလို႔မရေတာ့ဘူးတဲ့ သိန္း ၄၀၀ ဖိုးေလာက္ရွိတယ္ေျပာတယ္ပ်က္စီးသြားတာက လူေတြကေတာ့တစ္ေယာက္မွထိခိုက္ေသဆုံးတာမရွိဘူး”ဟုစက္ေလွနစ္ျမဳတ္မႈအားဝိုင္းဝန္းကူညီေပးခဲ့သူတစ္ဦးကေျပာသည္။

စက္ေလွဘုတ္နစ္ျမဳတ္သည့္ေနရာသည္ ၿခံေခ်ေက်း႐ြာေခ်ာင္း၏ ေခ်ာင္းကမ္းနားအနီးတြင္ျဖစ္ ပြားခဲ့ျခင္းျဖစ္၍ နစ္ျမဳပ္စဥ္ကမ္းစပ္သို႔လြယ္ကူစြာကူးခတ္သြားႏိုင္ျခင္းျဖစ္ေသာေၾကာင့္ ထိခိုက္ေသဆုံးမႈမ်ားမရွိခဲ့ျခင္းျဖစ္သည္ဟု ေဒသခံမ်ားထံမွသိရသည္။

“ကြၽန္ေတာ္တို႔ဝိုင္းကူေပးတဲ့အခ်ိန္မွာ ေသခ်ာလိုက္ၾကည့္ေတာ့ စက္​ေလွ ရဲ႕ဝမ္းဗိုက္ကိုသစ္ငုတ္ထိုးသြားတာေၾကာင့္ ဝမ္းဗိုက္ေပါက္ၿပီးျမဳပ္သြားတာပါ”ဟုေဒသခံတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here