မိုးကုတ်မြို့ ညောင်သုံးပင်သာမဏေကျော် စာသင်တိုက်ဆရာတော်၏ ရုပ်ကလာပ်တော် ယနေ့ညနေတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ

0
309

(Unicode)

မိုးကုတ်မြို့ ညောင်သုံးပင်သာမဏေကျော် စာသင်တိုက်ဆရာတော်၏ ရုပ်ကလာပ်တော် ယနေ့ညနေတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ

မိုးကုတ်မြို့ ညောင်သုံးပင်သာမဏေကျော် စာသင်တိုက်ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်) အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရဘိဝံသ သက်တော် (၆၀)နှစ် ဝါတော် (၄၀) ဝါ ၏ ရုပ်ကလာပ်တော်သည် ယနေ့ဖေဖော်ဝါရီ၁၇ရက် ညနေ ၅နာရီအချိန်တွင် ထိုင်းနိုင်ငံမှ မန္တလေးလေဆိပ်သို့ရောက်ရှိလာကာ မိုးကုတ်မြို့သို့ ဆက်လက်ပင့်ဆောင်မည်ဟု သိရသည်။

ညောင်သုံးပင်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တတေဇောသာရသည် ဘန်ကောက်မြို့ရှိဆေးရုံ၌ ဖေဖော်ဝါရီ ၁၄ ရက်နံနက် ၁၂ နာရီ ၅၄ မိနစ်၌ ဆေးကုသစဥ်ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။

“နှစ်ပတ်တာအပူဇော်ခံပြီးရင် ဆရာတော်ကြီးရဲ့ စျာပနအခမ်းအနားကိုလုပ်သွားမှာပါ အသေးစိတ်ကတော့ညှိနှိုင်းတိုင်ပင်ပြီးမှသိရမှာ”ဟုဆရာတော်ကြီး၏ အနီးနေဒကာတစ်ဦးကပြောသည်။

ညောင်သုံးပင်သာမဏေကျော်စာသင်တိုက်ဆရာ တော်၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်)အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရ ဆရာတော်ဒေါက် တာဘဒ္ဒန္တတေဇောသာရသည် ပျံလွန်တော်မူချိန်၌ သက်တော် ၅၉ နှစ်ရှိပြီဖြစ်သည်။

(Zawgyi)

မိုးကုတ္ၿမိဳ႕ ေညာင္သုံးပင္သာမေဏေက်ာ္ စာသင္တိုက္ဆရာေတာ္၏ ႐ုပ္ကလာပ္ေတာ္ ယေန႔ညေနတြင္ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ေရာက္ရွိ

မိုးကုတ္ၿမိဳ႕ ေညာင္သုံးပင္သာမေဏေက်ာ္ စာသင္တိုက္ဆရာေတာ္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ (တြဲဖက္အက်ိဳးေတာ္ေဆာင္) အဂၢမဟာပ႑ိတ အဂၢမဟာဂႏၴဝါစကပ႑ိတ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဓမၼကထိကဗဟုဇနဟိတဓရဆရာေတာ္ ေဒါက္တာဘဒၵႏၲေတေဇာသာရဘိဝံသ သက္ေတာ္ (၆၀)ႏွစ္ ဝါေတာ္ (၄၀) ဝါ ၏ ႐ုပ္ကလာပ္ေတာ္သည္ ယေန႔ေဖေဖာ္ဝါရီ၁၇ရက္ ညေန ၅နာရီအခ်ိန္တြင္ ထိုင္းႏိုင္ငံမွ မႏၲေလးေလဆိပ္သို႔ေရာက္ရွိလာကာ မိုးကုတ္ၿမိဳ႕သို႔ ဆက္လက္ပင့္ေဆာင္မည္ဟု သိရသည္။

ေညာင္သုံးပင္ဆရာေတာ္ႀကီး ေဒါက္တာဘဒၵႏၲေတေဇာသာရသည္ ဘန္ေကာက္ၿမိဳ႕ရွိေဆး႐ုံ၌ ေဖေဖာ္ဝါရီ ၁၄ ရက္နံနက္ ၁၂ နာရီ ၅၄ မိနစ္၌ ေဆးကုသစဥ္ပ်ံလြန္ေတာ္မူသြားခဲ့ျခင္းျဖစ္သည္။

“ႏွစ္ပတ္တာအပူေဇာ္ခံၿပီးရင္ ဆရာေတာ္ႀကီးရဲ႕ စ်ာပနအခမ္းအနားကိုလုပ္သြားမွာပါ အေသးစိတ္ကေတာ့ညႇိႏႈိင္းတိုင္ပင္ၿပီးမွသိရမွာ”ဟုဆရာေတာ္ႀကီး၏ အနီးေနဒကာတစ္ဦးကေျပာသည္။

ေညာင္သုံးပင္သာမေဏေက်ာ္စာသင္တိုက္ဆရာ ေတာ္၊ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ (တြဲဖက္အက်ိဳးေတာ္ေဆာင္)အဂၢမဟာပ႑ိတ၊အဂၢမဟာဂႏၴဝါစကပ႑ိတ၊အဂၢမဟာသဒၶမၼေဇာတိကဓဇ ဓမၼကထိကဗဟုဇနဟိတဓရ ဆရာေတာ္ေဒါက္ တာဘဒၵႏၲေတေဇာသာရသည္ ပ်ံလြန္ေတာ္မူခ်ိန္၌ သက္ေတာ္ ၅၉ ႏွစ္ရွိၿပီျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here