ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို သီးခြားစွဲဆိုထားသည့် ရဟတ်ယာဥ် ငှားရမ်းသုံးစွဲသည့်အမှု သက်သေခံစာရွက်စာတမ်းများ တရားရုံးလက်ခံ

0
197

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို သီးခြားစွဲဆိုထားသည့် ရဟတ်ယာဥ် ငှားရမ်းသုံးစွဲသည့်အမှု သက်သေခံစာရွက်စာတမ်းများ တရားရုံးလက်ခံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို သီးခြားစွဲဆိုထားသော သဘဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ရံပုံငွေမှ ရဟတ်ယာဥ် ငှားရမ်းခြင်း ဝယ်ယူအသုံးပြုခြင်းနှင့်ပတ်သက်သည့်အမှုတွင် တရားလို တင်သွင်းသော သက်သေခံစာရွက်စာတမ်းများကို တရားရုံးက လက်ခံလိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူအချို့ထံမှ သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၈)ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးဝင်းမြင့်တို့နှစ်ဦးကို နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ်အထူးသီးသန့်တရားရုံးသို့ ရုံးထုတ်လာပြီးနောက် တရားလိုတင်သွင်းသည့် သက်သေစာရွက်စာတမ်းများကို အမှု စစ်ဆေးရန်အတွက် လက်ခံလိုက်ခြင်းဖြစ်သည်။

အဆိုပါ အမှုအတွက် ပြီးခဲ့သော ဖေဖော်ဝါရီ ၄ ရက်က တရားလိုတင်သွင်းခဲ့သည့် ယင်းသက်သေခံစာရွက်စာတမ်းကို စွပ်စွဲခံရသူရှေ့နေဘက်မှ ကန့်ကွက်ထားသော်လည်း ဖေဖော်ဝါရီ ၁၈ ရက်ရုံးချိန်းတွင်တရားရုံးကပယ်ချခြင်းမရှိဘဲ လက်ခံကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမှုအတွက် ကြားနာစစ်ဆေးရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးစီးအရာရှိတစ်ဦးဖြစ်သူ ဦးအောင်ခန့်ကို စစ်ဆေးခဲ့ကြပြီးနောက် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၅ ရက်သို့ပြန်လည်းချိန်ဆိုလိုက်ကြောင်း သိရသည်။

လာမည့် ဖေဖော်ဝါရီ ၂၅ ရက်ရုံးချိန်တွင်လည်း ယခင်စွဲဆိုထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုမှ အမှုအမှတ် ၃၊ ၄ နှင့်၅ တို့ကို စစ်ဆေးသွားမည်ဖြစ်ပြီး၊ ယင်းအမှုအတွက် တရားလိုပြသက်သေ ဒေါ်ပွင့်မာလာကျော်ကို စစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့နှစ်ဦး ကျန်းမာရေး အထူးကောင်းမွန်သည်ဟုဆိုသည်။

Zaw Gyi

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးဝင္းျမင့္ကို သီးျခားစြဲဆိုထားသည့္ ရဟတ္ယာဥ္ ငွားရမ္းသုံးစြဲသည့္အမႈ သက္ေသခံစာ႐ြက္စာတမ္းမ်ား တရား႐ုံးလက္ခံ

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးဝင္းျမင့္တို႔ကို သီးျခားစြဲဆိုထားေသာ သဘဝေဘးအႏၲရာယ္ စီမံခန္႔ခြဲေရး ရံပုံေငြမွ ရဟတ္ယာဥ္ ငွားရမ္းျခင္း ဝယ္ယူအသုံးျပဳျခင္းႏွင့္ပတ္သက္သည့္အမႈတြင္ တရားလို တင္သြင္းေသာ သက္ေသခံစာ႐ြက္စာတမ္းမ်ားကို တရား႐ုံးက လက္ခံလိုက္ေၾကာင္း တရား႐ုံးႏွင့္နီးစပ္သူအခ်ိဳ႕ထံမွ သိရသည္။

ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁၈)ရက္က ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ဦးဝင္းျမင့္တို႔ႏွစ္ဦးကို ေနျပည္ေတာ္ေကာင္စီဝန္းအတြင္းရွိ ဇဗၺဴသီရိၿမိဳ႕နယ္အထူးသီးသန္႔တရား႐ုံးသို႔ ႐ုံးထုတ္လာၿပီးေနာက္ တရားလိုတင္သြင္းသည့္ သက္ေသစာ႐ြက္စာတမ္းမ်ားကို အမႈ စစ္ေဆးရန္အတြက္ လက္ခံလိုက္ျခင္းျဖစ္သည္။

အဆိုပါ အမႈအတြက္ ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီ ၄ ရက္က တရားလိုတင္သြင္းခဲ့သည့္ ယင္းသက္ေသခံစာ႐ြက္စာတမ္းကို စြပ္စြဲခံရသူေရွ႕ေနဘက္မွ ကန္႔ကြက္ထားေသာ္လည္း ေဖေဖာ္ဝါရီ ၁၈ ရက္႐ုံးခ်ိန္းတြင္တရား႐ုံးကပယ္ခ်ျခင္းမရွိဘဲ လက္ခံေၾကာင္း အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

အမႈအတြက္ ၾကားနာစစ္ေဆးရာတြင္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ ဦးစီးအရာရွိတစ္ဦးျဖစ္သူ ဦးေအာင္ခန္႔ကို စစ္ေဆးခဲ့ၾကၿပီးေနာက္ ႐ုံးခ်ိန္းကို ေဖေဖာ္ဝါရီ ၂၅ ရက္သို႔ျပန္လည္းခ်ိန္ဆိုလိုက္ေၾကာင္း သိရသည္။

လာမည့္ ေဖေဖာ္ဝါရီ ၂၅ ရက္႐ုံးခ်ိန္တြင္လည္း ယခင္စြဲဆိုထားေသာ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအမႈမွ အမႈအမွတ္ ၃၊ ၄ ႏွင့္၅ တို႔ကို စစ္ေဆးသြားမည္ျဖစ္ၿပီး၊ ယင္းအမႈအတြက္ တရားလိုျပသက္ေသ ေဒၚပြင့္မာလာေက်ာ္ကို စစ္ေဆးရန္ ဆုံးျဖတ္ခဲ့ေၾကာင္းသိရသည္။

စြပ္စြဲခံရသူ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးဝင္းျမင့္တို႔ႏွစ္ဦး က်န္းမာေရး အထူးေကာင္းမြန္သည္ဟုဆိုသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here