ဘားအံမြို့နယ် ကော့ကဒါကျေးရွာရှိ DENKO ဓာတ်ဆီဆိုင်တွင်ပေါက်ကွဲမှုဖြစ်ပွား

0
183

ဘားအံမြို့နယ် ကော့ကဒါကျေးရွာရှိ DENKO ဓာတ်ဆီဆိုင်တွင်ပေါက်ကွဲမှုဖြစ်ပွား

ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ကဒါကျေးရွာအုပ်စုတွင်ရှိသည့် DENKO ဓာတ်ဆီဆိုင်တွင် ဖေဖော်ဝါရီ ၁၉ ရက် ညနေ၃ နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံကသိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဆီပန့်(၁)လုံး၊ ဆီလှောင်ကန်အဖုံးနှင့် မီနီမတ်ရှေ့တွင် ကာရံထားသော မှန်များကွဲကြေ ပျက်စီးသွားသည်ဟုသိရသည်။

ဖြစ်စဉ်နှင့် ပတ်သတ်ပြီး သက်ဆိုင်ရာက ဘားအံမြို့နယ်၊ ကော့ကဒါကျေးရွာအုပ်စု၊ ကော့ကဒါကျေးရွာ DENKO ဓာတ်ဆီဆိုင် မီနီမတ်ဈေးဆိုင်အနီးတွင် ရပ်တန့်ထားသည့် HONDA FIT ခဲရောင်မော်တော်ယာဉ်ပေါ်မှ သေနတ်ကိုင် လူ (၅) ဦးဆင်းလာကာ ဝန်ထမ်းများအားစုစည်းစေခဲ့ပြီးနောက် ဆီပန့်နေရာအနီးနှင့် ဆီလှောင်ကန်နေရာအနီးတို့တွင် မိုင်း(၂)လုံးထောင်ကာ ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် မန်နေဂျာထံမှ ဆီဖိုးရောင်းရငွေကျပ် သိန်း (၁၆၀) ခန့် ကိုပါ ယူဆောင်သွားခဲ့သည့်အပြင် ဆီပန့်တွင် အလုပ်လုပ်ကိုင်သူဝန်ထမ်း၏ HONDA FIT အဖြူရောင် မော်တော်ယာဉ်ကိုပါ ယူဆောင်မောင်းနှင်သွားသည်ဟုလည်းသတင်းထုတ်ပြန်ထားသည်။

Zaw Gyi

ဘားအံၿမိဳ႕နယ္ ေကာ့ကဒါေက်း႐ြာရွိ DENKO ဓာတ္ဆီဆိုင္တြင္ေပါက္ကြဲမႈျဖစ္ပြား

ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္ ေကာ့ကဒါေက်း႐ြာအုပ္စုတြင္ရွိသည့္ DENKO ဓာတ္ဆီဆိုင္တြင္ ေဖေဖာ္ဝါရီ ၁၉ ရက္ ညေန၃ နာရီေက်ာ္ခန႔္က ေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားထံကသိရသည္။

အဆိုပါေပါက္ကြဲမႈေၾကာင့္ ဆီပန႔္(၁)လုံး၊ ဆီေလွာင္ကန္အဖုံးႏွင့္ မီနီမတ္ေရွ႕တြင္ ကာရံထားေသာ မွန္မ်ားကြဲေၾက ပ်က္စီးသြားသည္ဟုသိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သတ္ၿပီး သက္ဆိုင္ရာက ဘားအံၿမိဳ႕နယ္၊ ေကာ့ကဒါေက်း႐ြာအုပ္စု၊ ေကာ့ကဒါေက်း႐ြာ DENKO ဓာတ္ဆီဆိုင္ မီနီမတ္ေဈးဆိုင္အနီးတြင္ ရပ္တန႔္ထားသည့္ HONDA FIT ခဲေရာင္ေမာ္ေတာ္ယာဥ္ေပၚမွ ေသနတ္ကိုင္ လူ (၅) ဦးဆင္းလာကာ ဝန္ထမ္းမ်ားအားစုစည္းေစခဲ့ၿပီးေနာက္ ဆီပန႔္ေနရာအနီးႏွင့္ ဆီေလွာင္ကန္ေနရာအနီးတို႔တြင္ မိုင္း(၂)လုံးေထာင္ကာ ေဖာက္ခြဲမႈျပဳလုပ္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ယင္းအျပင္ မန္ေနဂ်ာထံမွ ဆီဖိုးေရာင္းရေငြက်ပ္ သိန္း (၁၆၀) ခန႔္ ကိုပါ ယူေဆာင္သြားခဲ့သည့္အျပင္ ဆီပန႔္တြင္ အလုပ္လုပ္ကိုင္သူဝန္ထမ္း၏ HONDA FIT အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ကိုပါ ယူေဆာင္ေမာင္းႏွင္သြားသည္ဟုလည္းသတင္းထုတ္ျပန္ထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here