မြန်မာနိုင်ငံတွင် ပဋိပက္ခများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ကလေးငယ် ၅သန်း လူသားချင်စာနာထောက်ထားမှု အကူအညီများလိုအပ်နေဟု UNICEF ဆို

0
355

မြန်မာနိုင်ငံတွင် ပဋိပက္ခများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ကလေးငယ် ၅သန်း လူသားချင်စာနာထောက်ထားမှု အကူအညီများလိုအပ်နေဟု UNICEF ဆို

မြန်မာနိုင်ငံတွင် ပဋိပက္ခများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ကလေးသူငယ် ၅ သန်းမှာ လူသားချင်းစာ နာထောက်ထားမှု အကူအညီများ လိုအပ်နေသည်ဟု UNICEF ဆိုသည်။

ထို့ကြောင့် ကလေးသူငယ်များသည် မြန်မာနိုင်ငံအတွင်း မကြုံတွေ့ဖူးသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြားသော ဘေးဒုက္ခများကိုလည်း ရင်ဆိုင်နေရသည့်အတွက် UNICEF အနေဖြင့် မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ကလေးသူငယ်များရှင်သန်မှုနှင့် သာယာဝပြောရေးအတွက် မရှိမဖြစ်လိုအပ်နေသော ပံ့ပိုးမှုများကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မြင့်တက်လာသော Covid19 ကူးစက်မြန်ရောဂါအပါအဝင် ဆင်းရဲမွဲတေမှုနှင့် ပြည်သူ့ဝန်ဆောင်မှုများပြတ်တောက် ခြင်းတို့ကြောင့် နိုင်ငံတွင်း လူဦးရေ၏ ၁၅ သန်းခန့်မှာလည်း ကူညီထောက်ပံံ့မှုများ လိုအပ်နေပြီး ယင်း ပမာဏတွင် ကလေးသူငယ် ၅သန်း ပါဝင်နေခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှ စတင်ကာ ယခု ၂၀၂၂ ခုနှစ်ဆန်းပိုင်းအထိ တိုက်ပွဲများနှင့် မလုံခြုံမှုများကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် လူပေါင်း ၇ သိန်းနီးပါးသည် အိုးအိမ်နေရပ်စွန့်ခွာထွက်ပြေးနေကြရကြောင်း သိရသည်။

ယင်းသို့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် သူများသည် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မေကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ အများဆုံးဖြစ်သည်။

Zaw Gyi

ျမန္မာႏိုင္ငံတြင္ ပဋိပကၡမ်ားႏွင့္ အၾကမ္းဖက္မႈျဖစ္စဥ္မ်ားေၾကာင့္ ကေလးငယ္ ၅သန္း လူသားခ်င္စာနာေထာက္ထားမႈ အကူအညီမ်ားလိုအပ္ေနဟု UNICEF ဆို

ျမန္မာႏိုင္ငံတြင္ ပဋိပကၡမ်ားႏွင့္ အၾကမ္းဖက္မႈျဖစ္စဥ္မ်ားေၾကာင့္ ကေလးသူငယ္ ၅ သန္းမွာ လူသားခ်င္းစာ နာေထာက္ထားမႈ အကူအညီမ်ား လိုအပ္ေနသည္ဟု UNICEF ဆိုသည္။

ထို႔ေၾကာင့္ ကေလးသူငယ္မ်ားသည္ ျမန္မာႏိုင္ငံအတြင္း မႀကဳံေတြ႕ဖူးေသာ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာ အျခားေသာ ေဘးဒုကၡမ်ားကိုလည္း ရင္ဆိုင္ေနရသည့္အတြက္ UNICEF အေနျဖင့္ ျမန္မာႏိုင္ငံတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအတြင္းရွိ ကေလးသူငယ္မ်ားရွင္သန္မႈႏွင့္ သာယာဝေျပာေရးအတြက္ မရွိမျဖစ္လိုအပ္ေနေသာ ပံ့ပိုးမႈမ်ားကို စဥ္ဆက္မျပတ္ ေထာက္ပံ့ေပးအပ္လွ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ျမင့္တက္လာေသာ Covid19 ကူးစက္ျမန္ေရာဂါအပါအဝင္ ဆင္းရဲမြဲေတမႈႏွင့္ ျပည္သူ႔ဝန္ေဆာင္မႈမ်ားျပတ္ေတာက္ ျခင္းတို႔ေၾကာင့္ ႏိုင္ငံတြင္း လူဦးေရ၏ ၁၅ သန္းခန႔္မွာလည္း ကူညီေထာက္ပံံ့မႈမ်ား လိုအပ္ေနၿပီး ယင္း ပမာဏတြင္ ကေလးသူငယ္ ၅သန္း ပါဝင္ေနျခင္းျဖစ္သည္။

ထို႔အျပင္ ျမန္မာႏိုင္ငံတြင္ ၂၀၂၁ ခုႏွစ္မွ စတင္ကာ ယခု ၂၀၂၂ ခုႏွစ္ဆန္းပိုင္းအထိ တိုက္ပြဲမ်ားႏွင့္ မလုံၿခဳံမႈမ်ားေၾကာင့္ အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ားအပါအဝင္ လူေပါင္း ၇ သိန္းနီးပါးသည္ အိုးအိမ္ေနရပ္စြန႔္ခြာထြက္ေျပးေနၾကရေၾကာင္း သိရသည္။

ယင္းသို႔ အိုးအိမ္စြန႔္ခြာထြက္ေျပးေနရသည့္ သူမ်ားသည္ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ ကယားျပည္နယ္၊ မြန္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ေမေကြးတိုင္း၊ စစ္ကိုင္းတိုင္းႏွင့္ တနသၤာရီ တိုင္းေဒသႀကီးတို႔မွ အမ်ားဆုံးျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here