ပြည်ကြီးတံခွန်မြို့နယ်တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး

0
197

ပြည်ကြီးတံခွန်မြို့နယ်တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊(ဂ)ရပ်ကွက်တွင် ယနေ့ ဖောဖော်ဝါရီလ၂၀ရက်၊နံနက်၁၀နာရီ၄၀မိနစ်ခန့်က အမည်မသိလူနှစ်ဦးမှ ရပ်ကွက်ရာအိမ်မှူးတစ်ဦးအား၎င်း၏နေအိမ်ရှေ့ရှေ့တွင်ပင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“သေနတ်နဲ့ ပစ်သတ်ခံရတဲ့သူက ရာအိမ်မှူးကိုထွန်း ဝေပါ။မနက် ၁၀နာရီလောက်ကပစ်သွားတာပါ။သေနတ်သံတော့ ကြားလိုက်ရတယ်။ခဏနေတော့ ကိုထွန်းဝေ ပစ်ခံရတဲ့နေရာမှာတင်သေသွားတယ်လို့သိရ ပါတယ်။အနေအေးတဲ့သူပါ ဘာကြောင့် ပစ်ခံလိုက်တာလဲတော့ မသိဘူးဗျ”ဟု (ဂ)ရပ်ကွက်နေပြည်သူတစ်ဦးမှ ပြောသည်။

သေနတ်ပစ်ခံရမှုဖြစ်စဉ်မှာ ရာအိမ်မှူး ဦး ထွန်းဝေသည် ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ၆၇ (ဒီ)လမ်း၊ ၁၁၉×၁၂၀ လမ်းကြားရှိ ၎င်းနေအိမ်ရှေ့ထိုင်ခုံ တွင် ထိုင်နေစဉ် ၆၇ (ဒီ)လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသည့် အနက်ရောင်ဆိုင်ကယ် ၁ စီးဖြင့် ကျား ၂ ဦး ​ရာက်ရှိလာပြီး သေနတ် ဖြင့် ၁ ချက်ပစ်ခတ်ခဲ့ရာ ဉီးထွန်းဝေတွင် ဝမ်းဗိုက်ဝဲဘက်ခြမ်း ကျည်ဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ကာ လူနာတင်ယာဉ်ဖြင့်ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။

မန္တလေးမြို့တွင် ယခုအကြိမ်အပါအဝင်၂၀၂၂ခုနှစ်အတွင်း သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု (၇)ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

Zaw Gyi

ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ရာအိမ္မႉးတစ္ဦး ေသနတ္ျဖင့္ပစ္ခတ္ခံရ၍ ေသဆုံး

မႏၲေလးၿမိဳ႕၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊(ဂ)ရပ္ကြက္တြင္ ယေန႔ ေဖာေဖာ္ဝါရီလ၂၀ရက္၊နံနက္၁၀နာရီ၄၀မိနစ္ခန႔္က အမည္မသိလူႏွစ္ဦးမွ ရပ္ကြက္ရာအိမ္မႉးတစ္ဦးအား၎၏ေနအိမ္ေရွ႕ေရွ႕တြင္ပင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

“ေသနတ္နဲ႔ ပစ္သတ္ခံရတဲ့သူက ရာအိမ္မႉးကိုထြန္း ေဝပါ။မနက္ ၁၀နာရီေလာက္ကပစ္သြားတာပါ။ေသနတ္သံေတာ့ ၾကားလိုက္ရတယ္။ခဏေနေတာ့ ကိုထြန္းေဝ ပစ္ခံရတဲ့ေနရာမွာတင္ေသသြားတယ္လို႔သိရ ပါတယ္။အေနေအးတဲ့သူပါ ဘာေၾကာင့္ ပစ္ခံလိုက္တာလဲေတာ့ မသိဘူးဗ်”ဟု (ဂ)ရပ္ကြက္ေနျပည္သူတစ္ဦးမွ ေျပာသည္။

ေသနတ္ပစ္ခံရမႈျဖစ္စဥ္မွာ ရာအိမ္မႉး ဦး ထြန္းေဝသည္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဂ)ရပ္ကြက္၊ ၆၇ (ဒီ)လမ္း၊ ၁၁၉×၁၂၀ လမ္းၾကားရွိ ၎ေနအိမ္ေရွ႕ထိုင္ခုံ တြင္ ထိုင္ေနစဥ္ ၆၇ (ဒီ)လမ္းအတိုင္း ေတာင္မွေျမာက္သို႔ ေမာင္းႏွင္လာသည့္ အနက္ေရာင္ဆိုင္ကယ္ ၁ စီးျဖင့္ က်ား ၂ ဦး ​ရာက္ရွိလာၿပီး ေသနတ္ ျဖင့္ ၁ ခ်က္ပစ္ခတ္ခဲ့ရာ ဉီးထြန္းေဝတြင္ ဝမ္းဗိုက္ဝဲဘက္ျခမ္း က်ည္ေဖာက္ဝင္ဒဏ္ရာ (စိုးရိမ္ရ)ရရွိခဲ့ကာ လူနာတင္ယာဥ္ျဖင့္ေဆး႐ုံသို႔ပို႔ေဆာင္စဥ္ ေသဆုံးသြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕အသိုင္းအဝိုင္းမွ သိရသည္။

မႏၲေလးၿမိဳ႕တြင္ ယခုအႀကိမ္အပါအဝင္၂၀၂၂ခုႏွစ္အတြင္း ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္မႈ (၇)ႀကိမ္ထက္မနည္းျဖစ္ပြားခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here