မိုင်းပျဥ်းမြို့နယ်တွင် ပေ ၅၀ ခန့်နက်သည့် ချောက်အတွင်း ကိုယ်ပိုင်ကားထိုးကျတိမ်းမှောက် ကားမောင်းသူသေဆုံး

0
256

မိုင်းပျဥ်းမြို့နယ်တွင် ပေ ၅၀ ခန့်နက်သည့် ချောက်အတွင်း ကိုယ်ပိုင်ကားထိုးကျတိမ်းမှောက် ကားမောင်းသူသေဆုံး

ရှမ်းပြည်နယ်၊ကျိုင်းတုံခရိုင်၊မိုင်းပျဥ်းမြို့နယ်၊တောင်ကြီး-မိုင်းပျဥ်းသွား ပြည်ထောင်စုလမ်းမကြီးတွင် ဖေဖော်ဝါရီ ၂၀ ရက်(ယနေ့)နေ့လည် ၁ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တောင်ကြီး-မိုင်းပျဥ်းသွား ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ်-၃၂၄/၄ တွင် VIGO(အနက်ရောင်)ကိုယ်ပိုင်ကားမှာ လမ်းဘေးရှိ ပေ ၅၀ ခန့်နက်သည့်ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့ဌာနချုပ်မှ သိရသည်။

ဖြစ်စဥ်အား မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီး ဖြစ်စဥ်၌သေဆုံးခဲ့သည့် ကားမောင်းသူအမျိုးသားအားသယ်ယူ၍ မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

Zaw Gyi

မိုင္းပ်ဥ္းၿမိဳ႕နယ္တြင္ ေပ ၅၀ ခန္႔နက္သည့္ ေခ်ာက္အတြင္း ကိုယ္ပိုင္ကားထိုးက်တိမ္းေမွာက္ ကားေမာင္းသူေသဆုံး

ရွမ္းျပည္နယ္၊က်ိဳင္းတုံခ႐ိုင္၊မိုင္းပ်ဥ္းၿမိဳ႕နယ္၊ေတာင္ႀကီး-မိုင္းပ်ဥ္းသြား ျပည္ေထာင္စုလမ္းမႀကီးတြင္ ေဖေဖာ္ဝါရီ ၂၀ ရက္(ယေန႔)ေန႔လည္ ၁ နာရီ ၁၀ မိနစ္ခန္႔ကျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ေတာင္ႀကီး-မိုင္းပ်ဥ္းသြား ျပည္ေထာင္စုလမ္းမႀကီး၏ မိုင္တိုင္အမွတ္-၃၂၄/၄ တြင္ VIGO(အနက္ေရာင္)ကိုယ္ပိုင္ကားမွာ လမ္းေဘးရွိ ေပ ၅၀ ခန္႔နက္သည့္ေခ်ာက္အတြင္းသို႔ ထိုးက်တိမ္းေမွာက္သြားခဲ့ျခင္းျဖစ္သည္ဟု ျမန္မာႏိုင္ငံမီးသတ္တပ္ ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

ျဖစ္စဥ္အား မိုင္းပ်ဥ္းၿမိဳ႕နယ္မီးသတ္စခန္းမွတပ္ဖြဲ႕ဝင္မ်ားက ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားျပဳလုပ္ခဲ့ၾကၿပီး ျဖစ္စဥ္၌ေသဆုံးခဲ့သည့္ ကားေမာင္းသူအမ်ိဳးသားအားသယ္ယူ၍ မိုင္းပ်ဥ္းၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here