အိန္ဒိယတပ်မတော်က မြန်မာ့တပ်မတော်ကို ကိုဗစ်ဆေး၁သန်းလှူ

0
55

အိန္ဒိယတပ်မတော်က မြန်မာ့တပ်မတော်ကို ကိုဗစ်ဆေး၁သန်းလှူ

အိန္ဒိယတပ်မတော်က မြန်မာ့တပ်မတော်သို့ လှူဒါန်းသော COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး doses (၁)သိန်း တင်ဆောင်လာသော မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ခရီးစဉ်အမှတ် HM-621 လေယာဉ်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီ ၂၀ရက် ညပိုင်းတွင် ရောက်ရှိလာသည်။

အဆိုပါ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) လေယာဉ်ဖြင့် ရောက်ရှိလာသော COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ နယ်မြေခံ ဆေးသိုလှောင်ရေးတပ်မှ တာဝန်ရှိသူများက လေဆိပ်တွင် လွှဲပြောင်းလက်ခံ ရယူသည်။

ထိုသို့ ရောက်ရှိလာသော COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည် (10 doses per Vial ထုတ်ပိုးမှုပုံစံ) ဆေးအလုံးရေ (၁၀၀၀၀) ဆေးပုံး အရေအတွက်ရေခဲဖော့ပုံး (Thermocol Boxes)(၂၀)ပုံး အလေးချိန် ၄၀၀ ကီလိုဂရမ် ရောက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါ COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးတစ်ပုလင်းလျှင် လူ(၁၀)ယောက် ထိုးနိုင်ပြီးလူဦးရေ doses (၁)သိန်းအတွက်ဖြစ်ကြောင်း သိရသည်။ ယနေ့ညပိုင်းတွင် ရန်ကုန်မြို့လေဆိပ်သို့ ရောက်လာသောဆေးများကို အအေးလမ်းကြောင်းမပျက် မော်တော်ယာဉ်များဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ နယ်မြေခံ ဆေးသိုလှောင်ရေးတပ်(စတိုခွဲ)သို့ ပို့ဆောင်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

Zaw Gyi

အိႏၵိယတပ္မေတာ္က ျမန္မာ့တပ္မေတာ္ကို ကိုဗစ္ေဆး၁သန္းလႉ

အိႏၵိယတပ္မေတာ္က ျမန္မာ့တပ္မေတာ္သို႔ လႉဒါန္းေသာ COVISHIELD ကိုဗစ္-၁၉ ကာကြယ္ေဆး doses (၁)သိန္း တင္ေဆာင္လာေသာ ျမန္မာအျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္း(MAI) ခရီးစဥ္အမွတ္ HM-621 ေလယာဥ္သည္ အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕မွ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေဖေဖာ္ဝါရီ ၂၀ရက္ ညပိုင္းတြင္ ေရာက္ရွိလာသည္။

အဆိုပါ ျမန္မာအျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္း (MAI) ေလယာဥ္ျဖင့္ ေရာက္ရွိလာေသာ COVISHIELD ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ားကို ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕နယ္ ၿမိဳ႕မေက်ာင္းလမ္းရွိ နယ္ေျမခံ ေဆးသိုေလွာင္ေရးတပ္မွ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ လႊဲေျပာင္းလက္ခံ ရယူသည္။

ထိုသို႔ ေရာက္ရွိလာေသာ COVISHIELD ကိုဗစ္-၁၉ ကာကြယ္ေဆးသည္ (10 doses per Vial ထုတ္ပိုးမႈပုံစံ) ေဆးအလုံးေရ (၁၀၀၀၀) ေဆးပုံး အေရအတြက္ေရခဲေဖာ့ပုံး (Thermocol Boxes)(၂၀)ပုံး အေလးခ်ိန္ ၄၀၀ ကီလိုဂရမ္ ေရာက္ရွိလာျခင္း ျဖစ္သည္။

အဆိုပါ COVISHIELD ကိုဗစ္-၁၉ ကာကြယ္ေဆးသည္ ေဆးတစ္ပုလင္းလွ်င္ လူ(၁၀)ေယာက္ ထိုးႏိုင္ၿပီးလူဦးေရ doses (၁)သိန္းအတြက္ျဖစ္ေၾကာင္း သိရသည္။ ယေန႔ညပိုင္းတြင္ ရန္ကုန္ၿမိဳ႕ေလဆိပ္သို႔ ေရာက္လာေသာေဆးမ်ားကို အေအးလမ္းေၾကာင္းမပ်က္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕နယ္ ၿမိဳ႕မေက်ာင္းလမ္းရွိ နယ္ေျမခံ ေဆးသိုေလွာင္ေရးတပ္(စတိုခြဲ)သို႔ ပို႔ေဆာင္ထားရွိမည္ျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here