နိုင်ငံအတွင်းကိုဗစ်ကူးစက်မှု ၃ရက်ဆက်တိုက် တစ်ရက် ၃၀၀၀ ကျော်အထိရှိလာ

0
117

(Unicode)

နိုင်ငံအတွင်းကိုဗစ်ကူးစက်မှု ၃ရက်ဆက်တိုက် တစ်ရက် ၃၀၀၀ ကျော်အထိရှိလာ

ဖေဖော်ဝါရီ ၁၈ ရက်က စပြီး နိုင်ငံအတွင်း နေ့စဉ်ကိုဗစ်ကူးစက်မှုဟာ တစ်ရက်ကို လူနာဦးရေ ၃၀၀၀ကျော်အထိ ရှိလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်များအရ သိရသည်။

ဖေဖော်ဝါရီ ၂၀ရက် ည (၈:၀၀) နာရီထုတ်ပြန်ချက်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၃၀၃) ဦး တွေ့ရှိရပြီး ယင်းနေ့ ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၈.၈၂) ရာခိုင်နှုန်း ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

ကိုဗစ်ကြောင့် ဖေဖော်ဝါရီ ၂၀ရက်ထုတ်ပြန်ချက်တွင် ထပ်မံသေဆုံးသူ(၄)ဦး အထိရှိလာသည်။

ဖေဖော်ဝါရီ ၁၉ ရက် ည (၈:၀၀) နာရီထုတ်ပြန်ချက်တွင်လည်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၀၅၀) ဦး တွေ့ရှိရကာ ယင်း နေ့အတွက် ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁၀.၀၃) ရာခိုင်နှုန်း ရှိခဲ့ပြီး COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၅) ဦး ရှိခဲ့သည်။

ဖေဖော်ဝါရီ ၁၈ရက် ည (၈:၀၀) နာရီက COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၀၅၈) ဦး ၊ ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၉.၃၀) ရာခိုင်နှုန်း၊ထိုနေ့ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၃) ဦးရှိခဲ့၍ နိုင်ငံအတွင်း ကိုဗစ်စတင်ကူးစက်ချိန်မှ ယနေ့အထိ သေဆုံးသူ ၂၀၀၀၀နားအထိ ကပ်လာပြီဖြစ်သည်။

ယခင်ရက်များက ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ လူနာအသစ်မှာ ၂၀၀၀ကျော်၊၁၀၀၀ကျော်နှင့် ၁၀၀၀အောက် ရှိရာမှ ထိုးတက်လာခြင်းဖြစ်သည်။

ကူးစက်မှုအများဆုံးမှာ ရန်ကုန်တိုင်းကဖြစ်ပြီး သေဆုံးမှုကလည်း ရန်ကုန်တိုင်းကပင် အများဆုံးဖြစ်နေသည်။

“အရင်ကဆို ကိုဗစ်လူနာတွေ ပို့ရတာက တစ်ယောက်စ နှစ်ယောက်စ၊အခု က နည်းနည်းများလာပြီ”ဟု ရန်ကုန်အခြေစိုက်ပရဟိတသမားတစ်ဦးကပြောသည်။

ရန်ကုန်တိုင်းအတွင်း ယခု ၃ရက်အတွင်း ကိုဗစ်လူနာသစ်တွေ့ရှိမှုက တစ်ရက်လျှင် ၁၀၀၀အထိ ကပ်လာသည်။

(Zawgyi)

ႏိုင္ငံအတြင္းကိုဗစ္ကူးစက္မႈ ၃ရက္ဆက္တိုက္ တစ္ရက္ ၃၀၀၀ ေက်ာ္အထိရွိလာ

ေဖေဖာ္ဝါရီ ၁၈ ရက္က စၿပီး ႏိုင္ငံအတြင္း ေန႔စဥ္ကိုဗစ္ကူးစက္မႈဟာ တစ္ရက္ကို လူနာဦးေရ ၃၀၀၀ေက်ာ္အထိ ရွိလာေနေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ေဖေဖာ္ဝါရီ ၂၀ရက္ ည (၈:၀၀) နာရီထုတ္ျပန္ခ်က္တြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၃,၃၀၃) ဦး ေတြ႕ရွိရၿပီး ယင္းေန႔ ေရာဂါ ပိုးေတြ႕ရွိမႈ ရာခိုင္ႏႈန္းမွာ (၈.၈၂) ရာခိုင္ႏႈန္း ရွိခဲ့သည္ဟု က်န္းမာေရးဝန္ႀကီးဌာနကဆိုသည္။

ကိုဗစ္ေၾကာင့္ ေဖေဖာ္ဝါရီ ၂၀ရက္ထုတ္ျပန္ခ်က္တြင္ ထပ္မံေသဆုံးသူ(၄)ဦး အထိရွိလာသည္။

ေဖေဖာ္ဝါရီ ၁၉ ရက္ ည (၈:၀၀) နာရီထုတ္ျပန္ခ်က္တြင္လည္း COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၃,၀၅၀) ဦး ေတြ႕ရွိရကာ ယင္း ေန႔အတြက္ ေရာဂါ ပိုးေတြ႕ရွိမႈ ရာခိုင္ႏႈန္းမွာ (၁၀.၀၃) ရာခိုင္ႏႈန္း ရွိခဲ့ၿပီး COVID-19 ေရာဂါျဖင့္ ထပ္မံေသဆုံးသူ (၅) ဦး ရွိခဲ့သည္။

ေဖေဖာ္ဝါရီ ၁၈ရက္ ည (၈:၀၀) နာရီက COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၃,၀၅၈) ဦး ၊ ေရာဂါ ပိုးေတြ႕ရွိမႈ ရာခိုင္ႏႈန္းမွာ (၉.၃၀) ရာခိုင္ႏႈန္း၊ထိုေန႔ COVID-19 ေရာဂါျဖင့္ ထပ္မံေသဆုံးသူ (၃) ဦးရွိခဲ့၍ ႏိုင္ငံအတြင္း ကိုဗစ္စတင္ကူးစက္ခ်ိန္မွ ယေန႔အထိ ေသဆုံးသူ ၂၀၀၀၀နားအထိ ကပ္လာၿပီျဖစ္သည္။

ယခင္ရက္မ်ားက ကိုဗစ္ေရာဂါပိုးကူးစက္ခံရသူ လူနာအသစ္မွာ ၂၀၀၀ေက်ာ္၊၁၀၀၀ေက်ာ္ႏွင့္ ၁၀၀၀ေအာက္ ရွိရာမွ ထိုးတက္လာျခင္းျဖစ္သည္။

ကူးစက္မႈအမ်ားဆုံးမွာ ရန္ကုန္တိုင္းကျဖစ္ၿပီး ေသဆုံးမႈကလည္း ရန္ကုန္တိုင္းကပင္ အမ်ားဆုံးျဖစ္ေနသည္။

“အရင္ကဆို ကိုဗစ္လူနာေတြ ပို႔ရတာက တစ္ေယာက္စ ႏွစ္ေယာက္စ၊အခု က နည္းနည္းမ်ားလာၿပီ”ဟု ရန္ကုန္အေျခစိုက္ပရဟိတသမားတစ္ဦးကေျပာသည္။

ရန္ကုန္တိုင္းအတြင္း ယခု ၃ရက္အတြင္း ကိုဗစ္လူနာသစ္ေတြ႕ရွိမႈက တစ္ရက္လွ်င္ ၁၀၀၀အထိ ကပ္လာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here